ကလောပ့်က ဘန်လေရဲ့ နည်းစနစ်ကို ဝေဖန်ခဲ့ပေမယ့် သဘောမတူကြတဲ့ ဂျိုးကိုးနဲ့ ပီတာခရော့

လီဗာပူးနဲ့ ဘန်လေပွဲမှာ ပြိုင်ဘက်ကစားသမားတွေရဲ့ ခပ်ကြမ်းကြမ်း ကစားမှုကို မနှစ်သက်ကြောင်းနဲ့ ဒိုင်လူကြီးတွေ အနေနဲ့လည်း ကွင်းထဲက ကစားသမားတွေကို ကာကွယ်ပေးဖို့ တွန့်ဆုတ်မနေသင့်ကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဘန်လေကစားသမားတွေဟာ ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုတွေအပြင် ဘောလုံးကို စလိုက်ဝင် ဖြတ်ထုတ်မှုတွေကို မကြာခဏ ပြုလုပ်ခဲ့တယ်။ အမြင့်ဘောတွေမှာ ခေါင်းယှဉ်တိုက်ရင်း ဘော်ဒီဝိတ်ဖြင့် ဖိတာမျိုးတွေက ကစားသမားတွေကို ထိခိုက်နာကျင်စေလိမ့်မယ်လို့ ယာဂင်က မြင်ပါတယ်။

သူကပဲ ” ကျနော်က ဘောလုံးလောကရဲ့ ပုပ်ရဟန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ကစားသမားတွေကို ကာကွယ်ပေးဖို့ လိုပါတယ်။ ပြင်းထန်တဲ့ ဘောလုံးရာသီတောင် မစတင်ရသေးတဲ့ ရာသီအစမှာတင် ဒီလိုတွေ ကစားနေလို့ မရပါဘူး ” လို့ ဝေဖန်ခဲ့တာဖြစ်တယ်။

ယာဂင်ကလော့ပ်ကပဲ ဘန်လေရဲ့ နည်းစနစ်ဟာ နပန်းသတ်နေသလို ပြင်းထန်လွန်းတယ်လို့ မှတ်ချက်ပေးခဲ့ကာ အဝါကဒ် တစ်ကဒ်တောင်မပြဘဲ ပွဲကိုပဲ ဆက်ကစားစေဖို့ တွန်းအားပေးခဲ့ကြတဲ့ ဒိုင်လူကြီးတွေကိုလည်း ဝေဖန်သွားခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်းတွေဖြစ်တဲ့ ဂျိုးကိုးနဲ့ ပီတာခရော့ကတော့ ယာဂင်ရဲ့ အမြင်ကို အပြည့်အဝ သဘောမတူပါဘူး။ အထူးသဖြင့် ဘန်လေအသင်းကလည်း ရလဒ်အတွက် အကောင်းဆုံးဖြစ်မယ့် နည်းစနစ်ကို ကြိုးစားခဲ့ကြတာတင် ဖြစ်တယ်လို့ ယူဆကြတယ်။

ဂျိုးကိုးက ” ကျနော်ကတော့ ဘာတစ်ခုမှ မှားခဲ့တယ်လို့ မထင်ပါဘူး။ အနိုင်ရဖို့အတွက် နည်းလမ်းတွေ ရှာရတာပေါ့။ ဘန်လေက ကောင်းမွန်တဲ့ စိတ်ဓါတ်ပိုင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တယ်။ သူတို့ရဲ့ ကွင်းတွင်း တိုက်ခိုက်မှုတွေက ဘောင်ကျော်သွားတာမျိုး မရှိပါဘူး။ ယာဂင်ရဲ့ ပြောမှုကို ကျနော်ကတော့ သဘောမတူပါဘူး ” လို့ တုန့်ပြန်ခဲ့တယ်။

ပီတာခရော့ကလည်း ” ကျနော်လည်း ယာဂင်ကို နှစ်သက်သူဆိုပေမယ့် ဒီအချက်ကို သဘောမတူပါဘူး။ ဘန်လေ အဲ့လိုမှ မကစားရင် ၄ ဂိုး၊ ၅ ဂိုးပြတ် အနိုင်ယူခြင်း ခံသွားရမှာပါ။ ဘန်းစ်နဲ့ ဝုဒ်တို့က ဗန်ဒိုက်နဲ့ မာတစ်ကို တွန်းအားပေးတာတွေ လုပ်ခဲ့ကြတယ်။ ခံစစ်သမားတွေ ကစားရခက်ခဲအောင် လုပ်နိုင်ဖို့ လိုပါတယ်၊ မဟုတ်ခဲ့ရင် အသင်းအတွက် အကျိုးဖြစ်မှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI – လီဗာပူးနဲ႔ ဘန္ေလပြဲမွာ ျပိဳင္ဘက္ကစားသမားေတြရဲ႕ ခပ္ၾကမ္းၾကမ္း ကစားမႈကို မႏွစ္သက္ေၾကာင္းနဲ႔ ဒိုင္လူၾကီးေတြ အေနနဲ႔လည္း ကြင္းထဲက ကစားသမားေတြကို ကာကြယ္ေပးဖို႔ တြန္႔ဆုတ္မေနသင့္ေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။

ဘန္ေလကစားသမားေတြဟာ ရုပ္ပိုင္းဆိုင္ရာ အားထုတ္မႈေတြအျပင္ ေဘာလံုးကို စလိုက္ဝင္ ျဖတ္ထုတ္မႈေတြကို မၾကာခဏ ျပဳလုပ္ခဲ့တယ္။ အျမင့္ေဘာေတြမွာ ေခါင္းယွဥ္တိုက္ရင္း ေဘာ္ဒီဝိတ္ျဖင့္ ဖိတာမ်ိဳးေတြက ကစားသမားေတြကို ထိခိုက္နာက်င္ေစလိမ့္မယ္လုိ႔ ယာဂင္က ျမင္ပါတယ္။

သူကပဲ ” က်ေနာ္က ေဘာလံုးေလာကရဲ႕ ပုပ္ရဟန္းေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ ကစားသမားေတြကို ကာကြယ္ေပးဖို႔ လိုပါတယ္။ ျပင္းထန္တဲ့ ေဘာလံုးရာသီေတာင္ မစတင္ရေသးတဲ့ ရာသီအစမွာတင္ ဒီလိုေတြ ကစားေနလို႔ မရပါဘူး ” လို႔ ေဝဖန္ခဲ့တာျဖစ္တယ္။

ယာဂင္ကေလာ့ပ္ကပဲ ဘန္ေလရဲ႕ နည္းစနစ္ဟာ နပန္းသတ္ေနသလို ျပင္းထန္လြန္းတယ္လို႔ မွတ္ခ်က္ေပးခဲ့ကာ အဝါကဒ္ တစ္ကဒ္ေတာင္မျပဘဲ ပြဲကိုပဲ ဆက္ကစားေစဖို႔ တြန္းအားေပးခဲ့ၾကတဲ့ ဒိုင္လူၾကီးေတြကိုလည္း ေဝဖန္သြားခဲ့ပါတယ္။

လီဗာပူး ကစားသမားေဟာင္းေတြျဖစ္တဲ့ ဂ်ိဳးကိုးနဲ႔ ပီတာခေရာ့ကေတာ့ ယာဂင္ရဲ႕ အျမင္ကို အျပည့္အဝ သေဘာမတူပါဘူး။ အထူးသျဖင့္ ဘန္ေလအသင္းကလည္း ရလဒ္အတြက္ အေကာင္းဆံုးျဖစ္မယ့္ နည္းစနစ္ကို ၾကိဳးစားခဲ့ၾကတာတင္ ျဖစ္တယ္လို႔ ယူဆၾကတယ္။

ဂ်ိဳးကိုးက ” က်ေနာ္ကေတာ့ ဘာတစ္ခုမွ မွားခဲ့တယ္လို႔ မထင္ပါဘူး။ အႏုိင္ရဖို႔အတြက္ နည္းလမ္းေတြ ရွာရတာေပါ့။ ဘန္ေလက ေကာင္းမြန္တဲ့ စိတ္ဓါတ္ပိုင္းနဲ႔ ယွဥ္ျပိဳင္ကစားခဲ့တယ္။ သူတို႔ရဲ႕ ကြင္းတြင္း တိုက္ခိုက္မႈေတြက ေဘာင္ေက်ာ္သြားတာမ်ိဳး မရွိပါဘူး။ ယာဂင္ရဲ႕ ေျပာမႈကို က်ေနာ္ကေတာ့ သေဘာမတူပါဘူး ” လို႔ တုန္႔ျပန္ခဲ့တယ္။

ပီတာခေရာ့ကလည္း ” က်ေနာ္လည္း ယာဂင္ကို ႏွစ္သက္သူဆိုေပမယ့္ ဒီအခ်က္ကို သေဘာမတူပါဘူး။ ဘန္ေလ အဲ့လိုမွ မကစားရင္ ၄ ဂိုး၊ ၅ ဂိုးျပတ္ အႏုိင္ယူျခင္း ခံသြားရမွာပါ။ ဘန္းစ္နဲ႔ ဝုဒ္တို႔က ဗန္ဒိုက္နဲ႔ မာတစ္ကို တြန္းအားေပးတာေတြ လုပ္ခဲ့ၾကတယ္။ ခံစစ္သမားေတြ ကစားရခက္ခဲေအာင္ လုပ္ႏုိင္ဖို႔ လိုပါတယ္၊ မဟုတ္ခဲ့ရင္ အသင္းအတြက္ အက်ိဳးျဖစ္မွာ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။