ချယ်ဆီး၊ မန်ယူနိုက်တက် ပစ်မှတ် ဒီကလန်ရိုက်က သူ့ပြောင်းရွှေ့ကြေး လျော့ကျစေဖို့ ကြိုးစားလာ

အင်္ဂလန်ကွင်းလယ်လူ ဒီကလန်ရိုက်က သူ့အတွက် ဝက်ဟမ်းအသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ထိ ဈေးခေါ်ထားသ၍ စာချုပ်သစ်မှာ လက်မှတ်ထိုးဖို့ အစီအစဉ် မရှိတဲ့ သူ့ရဲ့ ရပ်တည်ချက်ကို ပိုမို ဖော်ပြလာခဲ့ပြီလို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

ဒီနွေမှာ ဝက်ဟမ်းအသင်းဟာ ကစားသမား ခေါ်ယူမှု တစ်ခုတောင်မှ မလုပ်ထားတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်ကလပ်ဖြစ်တယ်။ ဝက်ဟမ်က သူ့ရဲ့ ရည်မှန်းချက်တွေကို ကူညီပေးနိုင်မယ့် ကလပ်မဟုတ်ဘူးလို့ ရိုက်ဘက်က ယုံကြည်လာခြင်းက သူ့ကို ခေါ်ယူလိုနေတဲ့ ယူနိုက်တက်၊ ချယ်ဆီးတို့အတွက် သတင်းကောင်းလည်း ဖြစ်လာဖို့ ရှိပါတယ်။

အင်္ဂလန်ကွင်းလယ်လူဟာ ယူရို ပြိုင်ပွဲမှာလည်း ခြေစွမ်းကောင်းတွေ ပြသနေပြီး ထိပ်သီးအသင်းတွေရဲ့ အထင်ကြီးခြင်းတွေကို ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ ဝက်ဟမ်းဘက်က ပေးပို့လာတဲ့ သက်တမ်းတိုးစာချုပ်ကို နှစ်ကြိမ်တိုင် ပယ်ချထားတဲ့ ရိုက်ဟာ ချန်ပီယံလိဂ်မှာ ကစားခွင့်နဲ့အတူ ဆုဖလား စိန်ခေါ်မှု အရသာတွေကို ခံစားလိုနေပါတယ်။

ယူနိုက်တက်ကော ချယ်ဆီးပါ ရိုက်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားပေမယ့်လည်း ဝက်ဟမ်းရဲ့ ပြောင်းရွှေ့ကြေး တင်ထားမှုက အခက်အခဲ ဖြစ်လာစေခဲ့တာပါ။ အင်္ဂလန် ထိပ်သီး နှစ်သင်းလုံးဟာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်လိုနေဆဲ ဖြစ်ပေမယ့် အလျင်စလို လုပ်ဖွယ်မရှိသလို ရိုက်အတွက် ပေါင် သန်း ၇၀ ထက်လည်း ပိုမပေးလိုတာဖြစ်တယ်။

ချယ်ဆီးကတော့ လာမယ့် ရက်ပိုင်းအတွင်း ရာသီသစ်အတွက် ကွင်းလယ်လူသစ် ခေါ်ယူဖို့ လိုအပ်မလားဆိုတဲ့ ကိစ္စကို ဆွေးနွေး အတည်ပြုမှာဖြစ်တယ်။ သူတို့ကတော့ အက်သလက်တီကိုမှ ဆောကိုလည်း ပစ်မှတ်စာရင်းထဲ ထည့်ထားပါတယ်။

ယူနိုက်တက်ကလည်း ကွင်းလယ်လူ လင်ဂတ်ကို ရောင်းထုတ်ပေးခြင်းဖြင့် ရိုက်ကို ပြန်လည် ခေါ်ယူဖို့လို ကိစ္စကို စိတ်ဝင်စားထားတာဖြစ်တယ်။ ဒါပေမယ့်လို့ ဝက်ဟမ်းအသင်းက ပေါင် သန်း ၁၀၀ ဈေးဖြတ်မှုဟာ ယူနိုက်တက်ရဲ့ ကြိုးစားလိုမှုကို အဟန့်အတားဖြစ်နေပါတယ်။

အသက် ၁၄ နှစ်အရွယ်မှာ ချယ်ဆီးအကယ်ဒမီကနေ ထွက်ခွာခဲ့တဲ့ သူ့ကို မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကလည်း နှစ်သက်မှု ရှိပါတယ်။ ရိုက်ကိုယ်တိုင်ကတော့ ချယ်ဆီးကွင်းလယ်လူ မောင့်နဲ့ အတော်လေး ရင်းနှီးမှုရှိတာကြောင့် မှန်ကန်တဲ့ ကမ်းလှမ်းမှုဆိုရင် ချယ်ဆီးထံ ပြောင်းရွှေ့မယ်လို့ ယူဆခံထားရတာ ဖြစ်ပါတယ်။

ZAWGYI – အဂၤလန္ကြင္းလယ္လူ ဒီကလန္ရိုက္က သူ႔အတြက္ ဝက္ဟမ္းအသင္းက ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၁၀၀ ထိ ေစ်းေခၚထားသ၍ စာခ်ဳပ္သစ္မွာ လက္မွတ္ထိုးဖို႔ အစီအစဥ္ မရွိတဲ့ သူ႔ရဲ႕ ရပ္တည္ခ်က္ကို ပိုမို ေဖာ္ျပလာခဲ့ျပီလုိ႔ တယ္လီဂရပ္က ေဖာ္ျပပါတယ္။

ဒီေႏြမွာ ဝက္ဟမ္းအသင္းဟာ ကစားသမား ေခၚယူမႈ တစ္ခုေတာင္မွ မလုပ္ထားတဲ့ တစ္သင္းတည္းေသာ ပရီးမီးယားလိဂ္ကလပ္ျဖစ္တယ္။ ဝက္ဟမ္က သူ႔ရဲ႕ ရည္မွန္းခ်က္ေတြကို ကူညီေပးႏုိင္မယ့္ ကလပ္မဟုတ္ဘူးလို႔ ရိုက္ဘက္က ယံုၾကည္လာျခင္းက သူ႔ကို ေခၚယူလိုေနတဲ့ ယူႏုိက္တက္၊ ခ်ယ္ဆီးတို႔အတြက္ သတင္းေကာင္းလည္း ျဖစ္လာဖို႔ ရွိပါတယ္။

အဂၤလန္ကြင္းလယ္လူဟာ ယူရို ျပိဳင္ပြဲမွာလည္း ေျခစြမ္းေကာင္းေတြ ျပသေနျပီး ထိပ္သီးအသင္းေတြရဲ႕ အထင္ၾကီးျခင္းေတြကို ပိုင္ဆိုင္ေနတာ ျဖစ္ပါတယ္။ ဝက္ဟမ္းဘက္က ေပးပို႔လာတဲ့ သက္တမ္းတိုးစာခ်ဳပ္ကို ႏွစ္ၾကိမ္တိုင္ ပယ္ခ်ထားတဲ့ ရိုက္ဟာ ခ်န္ပီယံလိဂ္မွာ ကစားခြင့္နဲ႔အတူ ဆုဖလား စိန္ေခၚမႈ အရသာေတြကို ခံစားလိုေနပါတယ္။

ယူႏုိက္တက္ေကာ ခ်ယ္ဆီးပါ ရိုက္ကို ေခၚယူဖို႔ အေတာ္ေလး စိတ္ဝင္စားေပမယ့္လည္း ဝက္ဟမ္းရဲ႕ ေျပာင္းေရႊ႔ေၾကး တင္ထားမႈက အခက္အခဲ ျဖစ္လာေစခဲ့တာပါ။ အဂၤလန္ ထိပ္သီး ႏွစ္သင္းလံုးဟာ ကြင္းလယ္ပိုင္းကို အင္အားျဖည့္လိုေနဆဲ ျဖစ္ေပမယ့္ အလ်င္စလို လုပ္ဖြယ္မရွိသလို ရိုက္အတြက္ ေပါင္ သန္း ၇၀ ထက္လည္း ပိုမေပးလိုတာျဖစ္တယ္။

ခ်ယ္ဆီးကေတာ့ လာမယ့္ ရက္ပိုင္းအတြင္း ရာသီသစ္အတြက္ ကြင္းလယ္လူသစ္ ေခၚယူဖို႔ လိုအပ္မလားဆိုတဲ့ ကိစၥကို ေဆြးေႏြး အတည္ျပဳမွာျဖစ္တယ္။ သူတို႔ကေတာ့ အက္သလက္တီကိုမွ ေဆာကိုလည္း ပစ္မွတ္စာရင္းထဲ ထည့္ထားပါတယ္။

ယူႏုိက္တက္ကလည္း ကြင္းလယ္လူ လင္ဂတ္ကို ေရာင္းထုတ္ေပးျခင္းျဖင့္ ရိုက္ကို ျပန္လည္ ေခၚယူဖို႔လို ကိစၥကို စိတ္ဝင္စားထားတာျဖစ္တယ္။ ဒါေပမယ့္လို႔ ဝက္ဟမ္းအသင္းက ေပါင္ သန္း ၁၀၀ ေစ်းျဖတ္မႈဟာ ယူႏုိက္တက္ရဲ႕ ၾကိဳးစားလိုမႈကို အဟန္႔အတားျဖစ္ေနပါတယ္။

အသက္ ၁၄ ႏွစ္အရြယ္မွာ ခ်ယ္ဆီးအကယ္ဒမီကေန ထြက္ခြာခဲ့တဲ့ သူ႔ကို မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာကလည္း ႏွစ္သက္မႈ ရွိပါတယ္။ ရိုက္ကိုယ္တိုင္ကေတာ့ ခ်ယ္ဆီးကြင္းလယ္လူ ေမာင့္နဲ႔ အေတာ္ေလး ရင္းႏွီးမႈရွိတာေၾကာင့္ မွန္ကန္တဲ့ ကမ္းလွမ္းမႈဆိုရင္ ခ်ယ္ဆီးထံ ေျပာင္းေရႊ႔မယ္လို႔ ယူဆခံထားရတာ ျဖစ္ပါတယ္။