ဆောက်သမ်တန်ပွဲမှာ မေးခွန်းထုတ်ခံရတဲ့ တိုက်စစ် ပွဲထုတ်မှုနဲ့ ပတ်သက်လို့ ဆိုးရှား ရှင်းလင်း

ယူနိုက်တက်မန်နေဂျာဆိုးရှားက ဆောက်သမ်တန်ပွဲမှာ ဝေဖန်ခံထားရတဲ့ သူ့ရဲ့ လူထုတ်ပုံနဲ့ ပတ်သက်လို့ ဖြေရှင်းမှု လုပ်လာခဲ့ပါတယ်။

နော်ဝေသား မန်နေဂျာကြီးက ပွဲထွက်လူစာရင်းမှာ မာရှယ်ကို ထည့်သွင်းခဲ့တာက ဆောက်သမ်တန်ပွဲမှာ တိုက်စစ်သမား တစ်ဦးထက်ပိုပြီး ထည့်ကစားလိုခြင်းကြောင့်လို့ ဆိုပါတယ်။ အဆိုပါပွဲမှာ တိုက်စစ်သမားတွေအဖြစ် ဂရင်းဝုဒ်နဲ့ မာရှယ်ပဲ ပါခဲ့ခြင်းဖြစ်ကာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ကို တိုက်စစ်ပိုလိုက်ခွင့်ရသူတွေအဖြစ် အသုံးပြုခဲ့တယ်။

ဆိုးရှားက ပြောရာမှာ ” ပွဲထွက်လူစာရင်းမှာ မာရှယ်ကို ပြန်ခေါ်ခဲ့တာက နောက်ထပ် တိုက်စစ်မှူးတစ်ယောက် ရှိစေချင်လို့ပါ။ အန်သိုနီက ဘယ်ခြမ်းကို သွားပြီး မေဆန်ကို ညာခြမ်းကနေ ဖောက်ဝင်စေချင်ခဲ့တာပါ။

မေဆန်က သိပ်ကောင်းတဲ့ ဂိုးတစ်ဂိုးကို သွင်းယူပေးတယ်။ သူ့ရဲ့ အကောင်းဆုံး နေ့တွေထဲက တစ်နေ့ မဟုတ်ခဲ့ပေမယ့် သူက အသင်းကို ကူညီပေးနိုင်ဆဲပါ” လို့ ဖြစ်ပါတယ်။

အဆိုပါပွဲမှာ ယူနိုက်တက်ဟာ ပထမပိုင်းက ပေးရတဲ့ သွင်းဂိုးကြောင့် အရေးနိမ့်နေမှုကို သရေပြန်ကျအောင် လုပ်နိုင်ခဲ့တဲ့အတွက် ဆိုးရှားက ပျော်ရွှင်ခဲ့ပေမယ့် နောက်ထပ် လိုအပ်တဲ့ အနိုင်ဂိုးတစ်ဂိုးကို မသွင်းယူနိုင်ခဲ့တဲ့အပေါ်မှာတော့ မကျေမနပ် ဖြစ်နေခဲ့ပါတယ်။

ဆိုးရှားက “ကျွန်တော်တို့ ဂိုးရဖို့ ကောင်းကောင်းလုပ်ခဲ့ပါတယ်၊ ဖိအားပေးခဲ့တယ်၊ နောက်ထပ် ၅မိနစ်၊ ၆ မိနစ်လောက် ထိန်းထားခဲ့ပေမယ့် နောက်ပိုင်းမှာ ကျနော်တို့ရဲ့ ကစားပုံ အနည်းငယ် လျော့ကျသွားခဲ့တယ်။ ပင်ပန်းမှုကြောင့် ဖြစ်နိုင်ပါတယ်။

အဲ့လို ပေါ့လျော့ခဲ့မှုတွေနဲ့ သူတို့ အိမ်ကွင်းပရိသတ်တွေကို ပျော်ရွှင်စေခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့က တန်ပြန်တိုက်စစ် အနည်းငယ်နဲ့ အန္တရာယ်ပေးနိုင်တဲ့ အခိုက်အတန့် အချို့ကို လုပ်ပြနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဆန်ချို ဝင်လာပြီးတော့ ပထမ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် တကယ်ကို သွက်သွက်လက်လက် ကစားခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အဲ့နောက်ပိုင်းမှာ တသင်းလုံး အရှိန်ကျသွားခဲ့ပြီး နောက်ဆုံး ၁၅ မိနစ်မှာ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး။ ” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ယူနိုက်တက် မန်နေဂျာဆိုးရှားက ဆောက်သမ်တန်ပွဲမှာ ဝေဖန်ခံထားရတဲ့ သူ့ရဲ့ လူထုတ်ပုံနဲ့ ပတ်သက်လို့ ဖြေရှင်းမှု လုပ်လာခဲ့ပါတယ်။






