ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း အာဆင်နယ်ကို အဆင့် ၈ နေရာအတွက်ပဲ ဦးဆောင်ပေးထားနိုင်တဲ့ မန်နေဂျာ အာတီတာကို ကလပ်မှာ အချိန်ပိုပေးကြည့်ဖို့ ရွိုင်ကိန်းက တိုက်တွန်းခဲ့ပါတယ်။
အာတီတာကို ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ရှိနေပေမယ့်လည်း ရွိုင်ကိန်းကတော့ ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့ ဆုဖလား စိန်ခေါ်ဖို့ အချိန်ယူခဲ့ရသလို ဆိုးရှားကလည်း လက်ရှိ အသင်းကို ရလာဖို့ အချိန်ယူခဲ့ရခြင်းတွေအား ထောက်ပြကာ ဂန်းနားမန်နေဂျာကို အချိန်တစ်ခုပေးဖို့ တောင်းဆိုခဲ့တယ်။
အာဆင်နယ်ဟာ မြင့်မားတဲ့ လုပ်ခတွေ ပေးထားရတဲ့ စီနီယာအချို့ကို ရှင်းမထုတ်နိုင်ဘဲ အာတီတာ စိတ်တိုင်းကျ လူစာရင်း မတည်ဆောက်နိုင်ခြင်းက အဓိက ပြဿနာလို့ ကိန်းက မြင်ပါတယ်။
ရွိုင်ကိန်းက “ ကျွန်တော်သာဆို သူ့ကို အချိန်ပိုပေးမှာပါ။ နည်းပြကို လိုအပ်တဲ့ အချိန်အတိုင်းအတာ ပေးဖို့လိုတယ်။ ဒါကို ဆိုးရှားတုန်းကလဲ ကျွန်တော်တို့ မြင်ခဲ့ပြီးပါပြီ။ ဆိုးရှားဟာ ယူနိုက်တက်ကို တိုးတက်အောင် မလုပ်နိုင်ခင် အချိန် ၂ နှစ်၊ ၃နှစ်လောက် လိုအပ်ခဲ့တယ်။
ယာဂင်ကလော့ပ်က အောင်မြင်ပြီးသား နည်းပြဆိုပေမယ့် သူလဲ လီဗာပူးမှာ ဖလားရဖို့ အချိန်ယူရပါတဘ်။ အာဆင်နယ်မှာ သိပ်တော်ပြီး အလားအလာတွေ ရှိတဲ့ လူငယ်ကစားသမားတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဒါက အနာဂတ်အတွက်ပါပဲ။ ဒါကြောင့် စီနီယာကစားသမားတွေက လူငယ်တွေကို ကူညီပေးဖို့လိုတယ်။
အာဆင်နယ်မှာ လူငယ်တွေကို ကူညီပေးမယ့် အလေ့အကျင့်ကောင်းတွေရှိတဲ့ တကယ့်ထိပ်တန်း စီနီယာကြယ်ပွင့်တွေ မရှိဘူး။ လစာအများအပြားနဲ့ ကစားသမားတွေ အာဆင်နယ်မှာရှိတယ်။ သူတို့ကို အသင်းပြောင်းခွင့်ပေးလို့ မရဘူးဖြစ်နေတယ်။ သူတို့က လန်ဒန်မှာ အခြေကျပြီးတော့ အဆင်ပြေနေတာကြောင့် အာဆင်နယ်ကို စွန့်ခွာချင်မှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ ကစားခဲ့တဲ့ အချိန်တုန်းက ကလပ်တွေအကြောင်း ပြောကြရင် ကစားသမားတွေက စိတ်အားထက်သန်ကြပြီး အပတ်တိုင်း ပွဲတွေကို အနိုင်လိုချင်စိတ်တွေ ရှိခဲ့ကြတယ်။ အခုခေတ်မှာတော့ အသင်းတွေမှာ နည်းပြက မလိုချင်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမယ့် သူတို့ကို ရူးကြောင်ကြောင် စာချုပ်တွေ ချုပ်ထားတာကြောင့် ကလပ်က သူတို့ကို ရောင်းမရ၊ ပြုမရ ဖြစ်နေတာပါပဲ ” လို့ မှတ်ချတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ျပီးခဲ့တဲ့ ႏွစ္ရာသီအတြင္း အာဆင္နယ္ကို အဆင့္ ၈ ေနရာအတြက္ပဲ ဦးေဆာင္ေပးထားႏိုင္တဲ့ မန္ေနဂ်ာ အာတီတာကို ကလပ္မွာ အခ်ိန္ပိုေပးၾကည့္ဖို႔ ႐ြိဳင္ကိန္းက တိုက္တြန္းခဲ့ပါတယ္။
အာတီတာကို ထုတ္ပယ္ဖို႔ ေတာင္းဆိုမႈေတြ ရွိေနေပမယ့္လည္း ႐ြိဳင္ကိန္းကေတာ့ ယာဂင္ကေလာ့ပ္ဟာ လီဗာပူးအသင္းနဲ႔ ဆုဖလား စိန္ေခၚဖို႔ အခ်ိန္ယူခဲ့ရသလို ဆိုးရွားကလည္း လက္ရွိ အသင္းကို ရလာဖို႔ အခ်ိန္ယူခဲ့ရျခင္းေတြအား ေထာက္ျပကာ ဂန္းနားမန္ေနဂ်ာကို အခ်ိန္တစ္ခုေပးဖို႔ ေတာင္းဆိုခဲ့တယ္။
အာဆင္နယ္ဟာ ျမင့္မားတဲ့ လုပ္ခေတြ ေပးထားရတဲ့ စီနီယာအခ်ိဳ႔ကို ရွင္းမထုတ္ႏုိင္ဘဲ အာတီတာ စိတ္တိုင္းက် လူစာရင္း မတည္ေဆာက္ႏုိင္ျခင္းက အဓိက ျပႆနာလို႔ ကိန္းက ျမင္ပါတယ္။
႐ြိဳင္ကိန္းက “ ကြၽန္ေတာ္သာဆို သူ႔ကို အခ်ိန္ပိုေပးမွာပါ။ နည္းျပကို လိုအပ္တဲ့ အခ်ိန္အတိုင္းအတာ ေပးဖို႔လိုတယ္။ ဒါကို ဆိုးရွားတုန္းကလဲ ကြၽန္ေတာ္တို႔ ျမင္ခဲ့ၿပီးပါၿပီ။ ဆိုးရွားဟာ ယူႏိုက္တက္ကို တိုးတက္ေအာင္ မလုပ္ႏိုင္ခင္ အခ်ိန္ ၂ ႏွစ္၊ ၃ႏွစ္ေလာက္ လိုအပ္ခဲ့တယ္။
ယာဂင္ကေလာ့ပ္က ေအာင္ျမင္ၿပီးသား နည္းျပဆိုေပမယ့္ သူလဲ လီဗာပူးမွာ ဖလားရဖို႔ အခ်ိန္ယူရပါတဘ္။ အာဆင္နယ္မွာ သိပ္ေတာ္ၿပီး အလားအလာေတြ ရွိတဲ့ လူငယ္ကစားသမားေတြ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္ ဒါက အနာဂတ္အတြက္ပါပဲ။ ဒါေၾကာင့္ စီနီယာကစားသမားေတြက လူငယ္ေတြကို ကူညီေပးဖို႔လိုတယ္။
အာဆင္နယ္မွာ လူငယ္ေတြကို ကူညီေပးမယ့္ အေလ့အက်င့္ေကာင္းေတြရွိတဲ့ တကယ့္ထိပ္တန္း စီနီယာၾကယ္ပြင့္ေတြ မရွိဘူး။ လစာအမ်ားအျပားနဲ႔ ကစားသမားေတြ အာဆင္နယ္မွာရွိတယ္။ သူတို႔ကို အသင္းေျပာင္းခြင့္ေပးလို႔ မရဘူးျဖစ္ေနတယ္။ သူတို႔က လန္ဒန္မွာ အေျခက်ၿပီးေတာ့ အဆင္ေျပေနတာေၾကာင့္ အာဆင္နယ္ကို စြန႔္ခြာခ်င္မွာ မဟုတ္ပါဘူး။
ကြၽန္ေတာ္တို႔ ကစားခဲ့တဲ့ အခ်ိန္တုန္းက ကလပ္ေတြအေၾကာင္း ေျပာၾကရင္ ကစားသမားေတြက စိတ္အားထက္သန္ၾကၿပီး အပတ္တိုင္း ပြဲေတြကို အႏိုင္လိုခ်င္စိတ္ေတြ ရွိခဲ့ၾကတယ္။ အခုေခတ္မွာေတာ့ အသင္းေတြမွာ နည္းျပက မလိုခ်င္တဲ့ ကစားသမားေတြ ရွိေနပါတယ္။ ဒါေပမယ့္ သူတို႔ကို ႐ူးေၾကာင္ေၾကာင္ စာခ်ဳပ္ေတြ ခ်ဳပ္ထားတာေၾကာင့္ ကလပ္က သူတို႔ကို ေရာင္းမရ၊ ျပဳမရ ျဖစ္ေနတာပါပဲ ” လို႔ မွတ္ခ်တ္ေပးခဲ့တာ ျဖစ္ပါတယ္။
