ဒီရာသီ လိုအပ်ချက်အရ မန်နေဂျာ ဂွာဒီယိုလာရဲ့ စင်တင်ပေးခံရဖွယ်ရှိတဲ့ မန်စီးတီး အသင်းသား

နွေအပြောင်းအရွှေ့ ပိတ်လို့မှ မန်စီးတီးကို တိုက်စစ်မှူး ကိန်း ဒါမှမဟုတ် တခြားတိုက်စစ်မှူးအသစ် ရောက်မလာဘူးဆိုရင် ဂွာဒီယိုလာက ကလပ်ရဲ့ကြယ်ပွင့် လီယမ် ဒီလပ်ကို နေရာပေးဖို့ စဉ်းစားလာနိုင်ပါတယ်။

အသက် ၁၈ နှစ်အရွယ် စီးတီး အကယ်ဒမီထွက် တိုက်စစ်သမားဟာ မန်ချက်စတာကလပ်က အများကြီး မျှော်လင့်ထားခြင်း ခရသူပါ။ လက်ရှိမှာ အသေးစား ဒဏ်ရာရနေပေမယ့်လဲ မကြာသေးခင်ကမှ ကလပ်နဲ့ ၃ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။ ဒီနှစ်မှာ သူ့ကို အငှားချမှာ မဟုတ်ဘူးလို့ ဂွာဒီယိုလာ အရိပ်အမြွက် ပြောကြားခဲ့ခြင်းကပဲ အင်္ဂလန်သားလေး အခွင့်အရေးတွေရဖို့ ပိုမို မျှော်လင့်လာနိုင်ပါပြီ။

ဂွာဒီယိုလာက ပြောရာမှာ “ စိတ်မကောင်းစရာက သူ အသင်းရဲ့ ရာသီကြိုကို ရောက်လာခဲ့တဲ့ ပထမနေ့မှာပဲ ဒဏ်ရာရခဲ့တယ်။ အခုထိ ဒဏ်ရာက မပျောက်သေးပါဘူး။ သူ အသင်းနဲ့အတူ လေ့ကျင့်ရေး မဆင်းနိုင်ခဲ့ဘူး။ ကျွန်တော်တို့ ကစားခဲ့တဲ့ ခြေစမ်းပွဲ ၃ ပွဲမှာလဲ ဒဏ်ရာကြောင့် မပါခဲ့ရပါဘူး။

သူရှိနေတာကို မြင်တွေ့ရတာက အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့ကို ကောင်းကောင်းသိပါတယ်။ သူက ထူးခြားတဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။ အသင်းတွေ အများကြီးက သူ့ကို အလိုရှိကြတယ်။ သူက ကျွန်တော်တို့ အသင်းသားတွေထဲမှာ ပြိုင်ဘက်ကလပ်တွေက ခေါ်ယူလိုကြောင်း တောင်းဆိုခံရမှု အများဆုံး ကစားသမား တစ်ယောက်တောင် ဖြစ်နိုင်ပါတယ်။

ကျနေ်ာတို့ သူ့ကို အသင်းလူစာရင်းထဲ ထည့်တွက်ထားပါတယ်။ သူက အသင်းနဲ့အတူ လေ့ကျင့်သွားမှာပါ။ ဒီရာသီ ဘာဆက်ဖြစ်မလဲဆိုတဲ့အပေါ် မူတည်တာပေါ့။ သူကစားချိန်ရမလား ဒါမှမဟုတ် ကျွန်တော်တို့ နောက်ထပ် ရွေးချယ်စရာကို စဉ်းစားရမလား ဆိုတာပေါ့။ ဒါပေမယ့် အခုချိန်မှာ လီယမ်က ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ ကြိုးစားရဦးမယ်။ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ပြီးမှပဲ ကစားလို့ရမှာပါ ” လို့ ဖြစ်ပါတယ်။

ZAWGYI – ေႏြအေျပာင္းအေရႊ႔ ပိတ္လို႔မွ မန္စီးတီးကို တိုက္စစ္မွဴး ကိန္း ဒါမွမဟုတ္ တျခားတိုက္စစ္မႉးအသစ္ ေရာက္မလာဘူးဆိုရင္ ဂြာဒီယိုလာက ကလပ္ရဲ႔ၾကယ္ပြင့္ လီယမ္ ဒီလပ္ကို ေနရာေပးဖို႔ စဥ္းစားလာႏုိင္ပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္ စီးတီး အကယ္ဒမီထြက္ တိုက္စစ္သမားဟာ မန္ခ်က္စတာကလပ္က အမ်ားၾကီး ေမွ်ာ္လင့္ထားျခင္း ခရသူပါ။ လက္ရွိမွာ အေသးစား ဒဏ္ရာရေနေပမယ့္လဲ မၾကာေသးခင္ကမွ ကလပ္နဲ႔ ၃ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာပါ။ ဒီႏွစ္မွာ သူ႔ကို အငွားခ်မွာ မဟုတ္ဘူးလို႔ ဂြာဒီယိုလာ အရိပ္အႁမြက္ ေျပာၾကားခဲ့ျခင္းကပဲ အဂၤလန္သားေလး အခြင့္အေရးေတြရဖို႔ ပိုမို ေမွ်ာ္လင့္လာႏုိင္ပါျပီ။

ဂြာဒီယိုလာက ေျပာရာမွာ “ စိတ္မေကာင္းစရာက သူ အသင္းရဲ႕ ရာသီႀကိဳကို ေရာက္လာခဲ့တဲ့ ပထမေန႔မွာပဲ ဒဏ္ရာရခဲ့တယ္။ အခုထိ ဒဏ္ရာက မေပ်ာက္ေသးပါဘူး။ သူ အသင္းနဲ႔အတူ ေလ့က်င့္ေရး မဆင္းႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္တို႔ ကစားခဲ့တဲ့ ေျခစမ္းပြဲ ၃ ပြဲမွာလဲ ဒဏ္ရာေၾကာင့္ မပါခဲ့ရပါဘူး။

သူရွိေနတာကို ျမင္ေတြ႕ရတာက အခြင့္အေရးေကာင္းတစ္ခု ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို ေကာင္းေကာင္းသိပါတယ္။ သူက ထူးျခားတဲ့ တိုက္စစ္မႉးတစ္ေယာက္ပါ။ အသင္းေတြ အမ်ားၾကီးက သူ႔ကို အလိုရွိၾကတယ္။ သူက ကြၽန္ေတာ္တို႔ အသင္းသားေတြထဲမွာ ျပိဳင္ဘက္ကလပ္ေတြက ေခၚယူလိုေၾကာင္း ေတာင္းဆိုခံရမႈ အမ်ားဆုံး ကစားသမား တစ္ေယာက္ေတာင္ ျဖစ္ႏိုင္ပါတယ္။

က်ေန္ာတို႔ သူ႔ကို အသင္းလူစာရင္းထဲ ထည့္တြက္ထားပါတယ္။ သူက အသင္းနဲ႔အတူ ေလ့က်င့္သြားမွာပါ။ ဒီရာသီ ဘာဆက္ျဖစ္မလဲဆိုတဲ့အေပၚ မူတည္တာေပါ့။ သူကစားခ်ိန္ရမလား ဒါမွမဟုတ္ ကြၽန္ေတာ္တို႔ ေနာက္ထပ္ ေ႐ြးခ်ယ္စရာကို စဥ္းစားရမလား ဆိုတာေပါ့။ ဒါေပမယ့္ အခုခ်ိန္မွာ လီယမ္က ဒဏ္ရာကေန ျပန္ေကာင္းလာဖို႔ ႀကိဳးစားရဦးမယ္။ ေလ့က်င့္ေရး ျပန္ဆင္းႏိုင္ၿပီးမွပဲ ကစားလို႔ရမွာပါ ” လို႔ ျဖစ္ပါတယ္။