ဒီနွေမှာ ဘောလုံးလောကရဲ့ အဓိပတိ နှစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ မက်ဆီကော ရော်နယ်ဒိုပါ အသင်းပြောင်းမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါကြောင့် သူတို့ နှစ်ဦးထဲက ဘယ်သူရဲ့ ပြောင်းရွှေ့မှုက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုရစေသလဲဆိုတဲ့အပေါ် အငြင်းအခုံတွေ ဖြစ်လာစေခဲ့တယ်။
ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူခဲ့စဉ်က ကမ္ဘာတစ်လွှားမှ ဘောလုံးပရိသတ်တွေကြား အံ့သြသင့်စရာဖြစ်ခဲ့ရတယ်။ ပြင်သစ်ကလပ်ဟာ ဘလွန်းဒီအော့ ၆ ကြိမ် အနိုင်ရ ကစားသမားကို ခေါ်ယူနိုင်ပြီလို့ ကြေညာတဲ့ ဗီဒီယို အတိုလေးဟာတင် ပရိသတ်ကြည့်နှုန်း ၂၂.၆ သန်း ကျော်သွားခဲ့ပါတယ်။
နောက်ပိုင်းမှာ ပီအက်စ်ဂျီအသင်း အင်စတာဂရမ်အကောင့်ဟာ မက်ဆီကြောင့် follower အသစ်တွေ သန်း ၂၀ ကျော် ပိုင်ဆိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေတောင် ကျယ်ပြန့်ခဲ့သေးတာဖြစ်တယ်။ ဒါပေမယ့်လို့ အဆိုပါ သတင်းတွေက သတင်းမှားပဲဖြစ်တယ်လို့ နောက်ဆက်တွဲ ဖော်ပြချက်တွေအရ သိရပါတယ်။
မက်ဆီ မရောက်ခင် သြဂုတ်လ ၉ ရက်နေ့အထိ ပီအက်စ်ဂျီအသင်း အမှန်တကယ် ပိုင်ဆိုင်ခဲ့တဲ့ followers က ၃၉ သန်းကျော်ဖြစ်ကာ လက်ရှိမှာ ၄၉ သန်း ကျော်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် မက်ဆီ ရောက်လာပြီးတဲ့နောက်မှာ ပီအက်စ်ဂျီအသင်းဟာ followers အသစ် ၁၀ သန်းလောက် တိုးမြှင့်သွားခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ထံ စီရော်နယ်ဒို ပြန်ရောက်လာချိန်မှာတော့ ၂ နာရီအတွင်း မန်ချက်စတာကလပ်ရဲ့ အင်စတာဂရမ်ဟာ followers ၁ သန်းကျော်ခဲ့ကာ လက်ရှိမှာ ဆက်လက် မြှင့်တက်နေဆဲဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီတို့ကို ခေါ်ယူနိုင်ကြောင်း သက်ဆိုင်ရာ ကလပ် အသီးသီးရဲ့ ကြေညာမှုမှာတော့ ရော်နယ်ဒိုရဲ့ တစ်ကျော့ပြန်ခရီးကို စိတ်ဝင်စားသူတွေ ပိုများခဲ့ပါတယ်။ တွစ်တာမှတ်တမ်းအရ RTs ပိုင်းမှာ ၃ ဆ၊ likes ပိုင်း ၂ ဆနဲ့ ဝင်ရောက် မှတ်ချက်ပေးမှုတွေမှာ ၄ ဆ ထိ ပိုများခဲ့တာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကမ္ဘာအကောင်းဆုံး ကစားသမားနှစ်ဦးရဲ့ အပြောင်းအရွှေ့သတင်းဟာ ဥရောပဘောလုံးလောကကို လှုပ်ခါသွားနိုင်ခဲ့တယ်လို့ပဲ ဆိုရတော့မှာဖြစ်ပါတယ်။

ZAWGYI – ဒီေႏြမွာ ေဘာလံုးေလာကရဲ႕ အဓိပတိ ႏွစ္ဦးလို႔ သတ္မွတ္ခံထားရတဲ့ မက္ဆီေကာ ေရာ္နယ္ဒိုပါ အသင္းေျပာင္းမႈေတြ လုပ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ သူတို႔ ႏွစ္ဦးထဲက ဘယ္သူရဲ႕ ေျပာင္းေရႊ႔မႈက ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈကို ပိုရေစသလဲဆိုတဲ့အေပၚ အျငင္းအခံုေတြ ျဖစ္လာေစခဲ့တယ္။
ပီအက္စ္ဂ်ီအသင္းဟာ မက္ဆီကို ေခၚယူခဲ့စဥ္က ကမၻာတစ္လႊားမွ ေဘာလံုးပရိသတ္ေတြၾကား အံ့ၾသသင့္စရာျဖစ္ခဲ့ရတယ္။ ျပင္သစ္ကလပ္ဟာ ဘလြန္းဒီေအာ့ ၆ ၾကိမ္ အႏုိင္ရ ကစားသမားကို ေခၚယူႏုိင္ျပီလို႔ ေၾကညာတဲ့ ဗီဒီယို အတိုေလးဟာတင္ ပရိသတ္ၾကည့္ႏႈန္း ၂၂.၆ သန္း ေက်ာ္သြားခဲ့ပါတယ္။
ေနာက္ပိုင္းမွာ ပီအက္စ္ဂ်ီအသင္း အင္စတာဂရမ္အေကာင့္ဟာ မက္ဆီေၾကာင့္ follower အသစ္ေတြ သန္း ၂၀ ေက်ာ္ ပိုင္ဆိုင္ခဲ့တယ္ဆိုတဲ့ သတင္းေတြေတာင္ က်ယ္ျပန္႔ခဲ့ေသးတာျဖစ္တယ္။ ဒါေပမယ့္လို႔ အဆိုပါ သတင္းေတြက သတင္းမွားပဲျဖစ္တယ္လို႔ ေနာက္ဆက္တြဲ ေဖာ္ျပခ်က္ေတြအရ သိရပါတယ္။
မက္ဆီ မေရာက္ခင္ ၾသဂုတ္လ ၉ ရက္ေန႔အထိ ပီအက္စ္ဂ်ီအသင္း အမွန္တကယ္ ပိုင္ဆိုင္ခဲ့တဲ့ followers က ၃၉ သန္းေက်ာ္ျဖစ္ကာ လက္ရွိမွာ ၄၉ သန္း ေက်ာ္သြားခဲ့ျပီျဖစ္ပါတယ္။ ဒါေၾကာင့္ မက္ဆီ ေရာက္လာျပီးတဲ့ေနာက္မွာ ပီအက္စ္ဂ်ီအသင္းဟာ followers အသစ္ ၁၀ သန္းေလာက္ တိုးျမွင့္သြားခဲ့တာျဖစ္ပါတယ္။
ယူႏုိက္တက္ထံ စီေရာ္နယ္ဒို ျပန္ေရာက္လာခ်ိန္မွာေတာ့ ၂ နာရီအတြင္း မန္ခ်က္စတာကလပ္ရဲ႕ အင္စတာဂရမ္ဟာ followers ၁ သန္းေက်ာ္ခဲ့ကာ လက္ရွိမွာ ဆက္လက္ ျမွင့္တက္ေနဆဲျဖစ္ပါတယ္။
ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ကို ေခၚယူႏုိင္ေၾကာင္း သက္ဆိုင္ရာ ကလပ္ အသီးသီးရဲ႕ ေၾကညာမႈမွာေတာ့ ေရာ္နယ္ဒိုရဲ႕ တစ္ေက်ာ့ျပန္ခရီးကို စိတ္ဝင္စားသူေတြ ပိုမ်ားခဲ့ပါတယ္။ တြစ္တာမွတ္တမ္းအရ RTs ပိုင္းမွာ ၃ ဆ၊ likes ပိုင္း ၂ ဆနဲ႔ ဝင္ေရာက္ မွတ္ခ်က္ေပးမႈေတြမွာ ၄ ဆ ထိ ပိုမ်ားခဲ့တာျဖစ္ပါတယ္။
ဘာပဲျဖစ္ျဖစ္ ကမၻာအေကာင္းဆံုး ကစားသမားႏွစ္ဦးရဲ႕ အေျပာင္းအေရႊ႔သတင္းဟာ ဥေရာပေဘာလံုးေလာကကို လႈပ္ခါသြားႏုိင္ခ့ဲတယ္လို႔ပဲ ဆိုရေတာ့မွာျဖစ္ပါတယ္။
