Transfer Deadline နေ့ နံနက်ခင်း နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတိုများ

အက်သလက်တီကို မက်ဒရစ်ကတော့ အပြောင်းအရွှေ့ ပိတ်ရက်နီးမှ နောက်ဆုံး ကြိုးပမ်းလာတဲ့ တိုက်စစ်သမား ဂျာအို ဖိလစ် အတွက် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ဆုံးရက်ထိ ညှိနှိုင်းဖို့ကိုပါ တီကိုက ငြင်းဆန်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီ တိုက်စစ်ကြယ်ပွင့် အမ်ဘတ်ပီ အတွက် ယူရို သန်း ၂၀၀ နဲ့ ထပ်မံ ကမ်းလှမ်းခဲ့သော်လည်း ပြင်သစ်ကလပ်ကတော့ ပယ်ချခဲ့ပြန်ပါတယ်။ ဒါကြောင့် အမ်ဘတ်ပီက ဒီရာသီ ပီအက်စ်ဂျီမှာပဲ ဆက်ရှိနေတာ့မှာ ဖြစ်ပြီး မက်ဆီ၊ နေမာ၊ အမ်ဘတ်ပီ တိုက်စစ် ကို မြင်ရတော့မှာပါ။

အမ်ဘတ်ပီကို ခေါ်ယူ မရတော့တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ရေးနက်စ် တောင်ပံတိုက်စစ်သမား ကာမာဗင်ဂါကို ယူရို သန်း ၃၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

ချန်ပီယံရှစ်ကလပ် ရက်ဒင်းအသင်းဟာ ချယ်ဆီး ကွင်းလယ်သမား ဒန်နီ ဒရင့် ဝါးတားကို အငှားနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

ချယ်ဆီး တိုက်စစ်သမားဟောင်း ဝီလီယံဟာ အာဆင်နယ်နဲ့ စာချုပ်ကို နှစ်ဘက်သဘောတူ ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ဘရာဇီးသားဟာ ဇာတိမြေကလပ် Corinthians မှာ ကစားဖို့ ပြန်သွားမှာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ဘာစီလိုနာ အစွန်ခံစစ်မှူး အီမာဆို ရိုရယ်ကို အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ပေါင် ၂၆ သန်းနဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမား အတွက် ပေါင် ၂၁ သန်း အရင် ပေးရမှာ ဖြစ်ပြီး ထပ်ဆောင်းကြေးတွေက ပေါင် ၄ သန်းကနေ ၆ သန်းလောက် ထပ်ရှိမှာပါ။

ချယ်ဆီးအသင်းကတော့ အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ကွန်ဒီနဲ့ ဆော နီဂွက်ဇ်တို့ နှစ်ယောက်လုံးကို ခေါ်ယူဖို့ ကြိုးစားမှု ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။

Zawgyi

အက္သလက္တီကို မက္ဒရစ္ကေတာ့ အေျပာင္းအေရႊ႕ ပိတ္ရက္နီးမွ ေနာက္ဆံုး ၾကိဳးပမ္းလာတဲ့ တိုက္စစ္သမား ဂ်ာအို ဖိလစ္ အတြက္ ဘာစီလိုနာရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေနာက္ဆံုးရက္ထိ ညွိနိႈင္းဖို႔ကိုပါ တီကိုက ျငင္းဆန္ခဲ့တာပါ။

ရီးရဲလ္မက္ဒရစ္ဟာ ပီအက္စ္ဂ်ီ တိုက္စစ္ၾကယ္ပြင့္ အမ္ဘတ္ပီ အတြက္ ယူရို သန္း ၂၀၀ နဲ႕ ထပ္မံ ကမ္းလွမ္းခဲ့ေသာ္လည္း ျပင္သစ္ကလပ္ကေတာ့ ပယ္ခ်ခဲ့ျပန္ပါတယ္။ ဒါေၾကာင့္ အမ္ဘတ္ပီက ဒီရာသီ ပီအက္စ္ဂ်ီမွာပဲ ဆက္ရွိေနတာ့မွာ ျဖစ္ျပီး မက္ဆီ၊ ေနမာ၊ အမ္ဘတ္ပီ တိုက္စစ္ ကို ျမင္ရေတာ့မွာပါ။

အမ္ဘတ္ပီကို ေခၚယူ မရေတာ့တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ဟာ ေရးနက္စ္ ေတာင္ပံတိုက္စစ္သမား ကာမာဗင္ဂါကို ယူရို သန္း ၃၀ နဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ပါတယ္။

ခ်န္ပီယံရွစ္ကလပ္ ရက္ဒင္းအသင္းဟာ ခ်ယ္ဆီး ကြင္းလယ္သမား ဒန္နီ ဒရင့္ ၀ါးတားကို အငွားနဲ႕ ေခၚယူလိုက္ျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီး တိုက္စစ္သမားေဟာင္း ၀ီလီယံဟာ အာဆင္နယ္နဲ႕ စာခ်ဳပ္ကို နွစ္ဘက္သေဘာတူ ဖ်က္သိမ္းလိုက္ျပီ ျဖစ္ပါတယ္။ ဘရာဇီးသားဟာ ဇာတိေျမကလပ္ Corinthians မွာ ကစားဖို႔ ျပန္သြားမွာ ျဖစ္ပါတယ္။

စပါးအသင္းဟာ ဘာစီလိုနာ အစြန္ခံစစ္မွဴး အီမာဆို ရိုရယ္ကို အေျပာင္းအေရႊ႕ ေနာက္ဆံုးေန႔မွာ ေပါင္ ၂၆ သန္းနဲ႕ ေခၚယူနုိင္ေတာ့မွာ ျဖစ္ပါတယ္။ အသက္ ၂၂ နွစ္ အရြယ္ ကစားသမား အတြက္ ေပါင္ ၂၁ သန္း အရင္ ေပးရမွာ ျဖစ္ျပီး ထပ္ေဆာင္းေၾကးေတြက ေပါင္ ၄ သန္းကေန ၆ သန္းေလာက္ ထပ္ရွိမွာပါ။

ခ်ယ္ဆီးအသင္းကေတာ့ အေျပာင္းအေရႊ႕ ပိတ္ခါနီးမွာ ကြန္ဒီနဲ႕ ေဆာ နီဂြက္ဇ္တို႔ နွစ္ေယာက္လံုးကို ေခၚယူဖို႔ ၾကိဳးစားမႈ ရပ္တန္႔လိုက္ျပီ ျဖစ္ပါတယ္။