ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဂျိုးကိုးက နိုင်ငံတကာ သီတင်းပတ်အပြီး ယှဉ်ပြိုင်ရမယ့် နော့ဝစ်နဲ့ပွဲကို အနိုင်မရခဲ့ရင် အာတီတာရဲ့ ဂန်းနားမန်နေဂျာဘဝက အပြီးသတ်သွားလိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။
ပရီးမီးယားလိဂ်မှာ တာထွက်မကောင်းဖြစ်နေတဲ့ အာဆင်နယ်ဟာ ပွဲအစ ၃ ပွဲမှာ သွင်းဂိုး လုံးဝ မရထားပါဘူး။ ချယ်ဆီးနဲ့ မန်စီးတီးလို တောင့်တင်းတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ရတာက အာဆင်နယ်ကို ခက်ခဲစေခဲ့ပေမယ့် တိုးတက်မှုမရှိဖြစ်နေတဲ့ အသင်းကို ပရိသတ်တွေကလည်း သိပ်ပြီး စိတ်ရှည်မှုတွေ မထားနိုင်ဘဲ ဖြစ်လာနေခဲ့တယ်။
လန်ဒန်ကလပ်ဟာ အာတီတာနေရာမှာ ချယ်ဆီးမန်နေဂျာဟောင်း ကွန်တီကို အစားထိုးဖို့ ရည်ရွယ်နေပေမယ့် အာတီတာကို အလျင်စလို ရာထူးက ထုတ်ပယ်မှာ မဟုတ်ဘူးလို့တော့ ထုတ်ဖော်မှုတွေ ရှိနေဆဲဖြစ်တယ်။ ဂျိုးကိုးကတော့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရင်ဆိုင်ရမယ့် နော့ဝစ်နဲ့ပွဲကပဲ အာတီတာရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် နေ့စွဲအဖြစ် သုံးသပ်ခဲ့ပါတယ်။
ဂျိုးကိုးက ‘ အာဆင်နယ်ရဲ့ အနာဂတ်က ထင်ရှားလွန်းပါတယ်။ သူတို့က ချယ်ဆီး၊ မန်စီးတီးလို အကောင်းဆုံး နှစ်သင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့်လို့ အရေးနိမ့်ခဲ့တဲ့ ကိစ္စကပဲ အရေးအကြီးဆုံးပါ။
ဘရန့်ဖိုဒ့်ပွဲအတွက် ပြင်ဆင်ဖို့ ရာသီကြို တစ်ခုလုံး အချိန်ရခဲ့တယ်။ စိတ်ဓါတ်ပိုင်း အဆင်သင့် မဖြစ်မှုတွေကြောင့် ပထမနေ့မှာတည်းက မှားယွင်းခဲ့ပါတယ်။ အာဆင်နယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေက သိပ်ကို များလွန်းပါတယ်။ အာတီတာရဲ့ အမှားပဲတော့ မဟုတ်ပါဘူး။
အသင်းကောင်းတွေကို ရင်ဆိုင်ပြီး နှစ်ပွဲလုံး အရေးနိမ့်ခဲ့တယ်။ အာတီတာက အခြေအနေကို ဘယ်လို ကိုင်တွယ်မလဲအပေါ် ကျနော် စိတ်ဝင်စားပါတယ်။ သူက မာကျောတဲ့ မန်နေဂျာတစ်ယောက်ဆိုတာ မြင်နိုင်ပါတယ်။ ဒီတော့ သူလုပ်နိုင်မယ်လို့ ထင်ပါတယ်။ သူက ကောင်းကောင်းသင်ယူလာတဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး ပက်နဲ့လည်း တွဲလုပ်လာခဲ့သူဖြစ်တယ်။
အာတီတာက သိပ်တွေးတဲ့သူဖြစ်ပါတယ်။ ဒီအခြေအနေမှာတော့ မုန်တိုင်းတွေကြား ရောက်နေတာပါ။ နော့ဝစ်ကို ရင်ဆိုင်ရတဲ့ပွဲမှာ သူ ရလဒ်တစ်ခု ရှာနိုင်ဖို့ လိုပါတယ်။ နော့ဝစ်ကို အနိုင်မရဘူးဆိုရင် သူ့ရဲ့ အာဆင်နယ် မန်နေဂျာဘဝက ပြီးဆုံးသွားနိုင်ပါတယ် ‘ လို့ ဆိုသွားခဲ့တာဖြစ်တယ်။
အာဆင်နယ်ဟာ ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေကြောင်း ရုန်းကန်ခဲ့ရပေမယ့် နိုင်ငံတကာ သီတင်းပတ်အတွင်း ယှဉ်ပြိုင်ထားတဲ့ ဘရန့်ဖိုဒ့်နဲ့ ခြေစမ်းပွဲကိုတော့ ၄-၀ ဖြင့် အနိုင်ရထားခဲ့တာဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ကြင္းလယ္လူေဟာင္း ဂ်ိဳးကိုးက ႏုိင္ငံတကာ သီတင္းပတ္အျပီး ယွဥ္ျပိဳင္ရမယ့္ ေနာ့ဝစ္နဲ႔ပြဲကို အႏုိင္မရခဲ့ရင္ အာတီတာရဲ႕ ဂန္းနားမန္ေနဂ်ာဘဝက အျပီးသတ္သြားလိမ့္မယ္လို႔ ထုတ္ေျပာလာပါတယ္။
ပရီးမီးယားလိဂ္မွာ တာထြက္မေကာင္းျဖစ္ေနတဲ့ အာဆင္နယ္ဟာ ပြဲအစ ၃ ပြဲမွာ သြင္းဂိုး လံုးဝ မရထားပါဘူး။ ခ်ယ္ဆီးနဲ႔ မန္စီးတီးလို ေတာင့္တင္းတဲ့ ျပိဳင္ဘက္ေတြကို ရင္ဆိုင္ရတာက အာဆင္နယ္ကို ခက္ခဲေစခဲ့ေပမယ့္ တိုးတက္မႈမရွိျဖစ္ေနတဲ့ အသင္းကို ပရိသတ္ေတြကလည္း သိပ္ျပီး စိတ္ရွည္မႈေတြ မထားႏုိင္ဘဲ ျဖစ္လာေနခဲ့တယ္။
လန္ဒန္ကလပ္ဟာ အာတီတာေနရာမွာ ခ်ယ္ဆီးမန္ေနဂ်ာေဟာင္း ကြန္တီကို အစားထိုးဖို႔ ရည္ရြယ္ေနေပမယ့္ အာတီတာကို အလ်င္စလို ရာထူးက ထုတ္ပယ္မွာ မဟုတ္ဘူးလို႔ေတာ့ ထုတ္ေဖာ္မႈေတြ ရွိေနဆဲျဖစ္တယ္။ ဂ်ိဳးကိုးကေတာ့ စက္တင္ဘာလ ၁၁ ရက္ေန႔မွာ ရင္ဆိုင္ရမယ့္ ေနာ့ဝစ္နဲ႔ပြဲကပဲ အာတီတာရဲ႕ အနာဂတ္ကို အဆံုးအျဖတ္ေပးမယ့္ ေန႔စြဲအျဖစ္ သံုးသပ္ခဲ့ပါတယ္။
ဂ်ိဳးကိုးက ‘ အာဆင္နယ္ရဲ႕ အနာဂတ္က ထင္ရွားလြန္းပါတယ္။ သူတို႔က ခ်ယ္ဆီး၊ မန္စီးတီးလို အေကာင္းဆံုး ႏွစ္သင္းနဲ႔ ယွဥ္ျပိဳင္ခဲ့ရတယ္ဆိုတာ က်ေနာ္ သိပါတယ္။ ဒါေပမယ့္လို႔ အေရးနိမ့္ခဲ့တဲ့ ကိစၥကပဲ အေရးအၾကီးဆံုးပါ။
ဘရန္႔ဖိုဒ့္ပြဲအတြက္ ျပင္ဆင္ဖို႔ ရာသီၾကိဳ တစ္ခုလံုး အခ်ိန္ရခဲ့တယ္။ စိတ္ဓါတ္ပိုင္း အဆင္သင့္ မျဖစ္မႈေတြေၾကာင့္ ပထမေန႔မွာတည္းက မွားယြင္းခဲ့ပါတယ္။ အာဆင္နယ္မွာ ျဖစ္ေနတဲ့ ကိစၥေတြက သိပ္ကို မ်ားလြန္းပါတယ္။ အာတီတာရဲ႕ အမွားပဲေတာ့ မဟုတ္ပါဘူး။
အသင္းေကာင္းေတြကို ရင္ဆိုင္ျပီး ႏွစ္ပြဲလံုး အေရးနိမ့္ခဲ့တယ္။ အာတီတာက အေျခအေနကို ဘယ္လို ကိုင္တြယ္မလဲအေပၚ က်ေနာ္ စိတ္ဝင္စားပါတယ္။ သူက မာေက်ာတဲ့ မန္ေနဂ်ာတစ္ေယာက္ဆိုတာ ျမင္ႏိုင္ပါတယ္။ ဒီေတာ့ သူလုပ္ႏုိင္မယ္လို႔ ထင္ပါတယ္။ သူက ေကာင္းေကာင္းသင္ယူလာတဲ့ နည္းျပတစ္ေယာက္ျဖစ္ျပီး ပက္နဲ႔လည္း တြဲလုပ္လာခဲ့သူျဖစ္တယ္။
အာတီတာက သိပ္ေတြးတဲ့သူျဖစ္ပါတယ္။ ဒီအေျခအေနမွာေတာ့ မုန္တိုင္းေတြၾကား ေရာက္ေနတာပါ။ ေနာ့ဝစ္ကို ရင္ဆိုင္ရတဲ့ပြဲမွာ သူ ရလဒ္တစ္ခု ရွာႏုိင္ဖို႔ လိုပါတယ္။ ေနာ့ဝစ္ကို အႏုိင္မရဘူးဆိုရင္ သူ႔ရဲ႕ အာဆင္နယ္ မန္ေနဂ်ာဘဝက ျပီးဆံုးသြားႏုိင္ပါတယ္ ‘ လို႔ ဆိုသြားခဲ့တာျဖစ္တယ္။
အာဆင္နယ္ဟာ ကိုဗစ္နဲ႔ ဒဏ္ရာျပႆနာေတြေၾကာင္း ရုန္းကန္ခဲ့ရေပမယ့္ ႏုိင္ငံတကာ သီတင္းပတ္အတြင္း ယွဥ္ျပိဳင္ထားတဲ့ ဘရန္႔ဖိုဒ့္နဲ႔ ေျခစမ္းပြဲကိုေတာ့ ၄-၀ ျဖင့္ အႏုိင္ရထားခဲ့တာျဖစ္ပါတယ္။
