အရှုံးနွံထဲ နစ်နေတဲ့ အာဆင်နယ်နဲ့ အာတီတာတို့ ဘာတွေမှားယွင်းနေသလဲ သုံးသပ်ပြခြင်း

ဒီအပတ်ရဲ့ စကိုင်းစပေါ့ သုံးသပ်မှု အစီအစဉ်မှာတော့ ဂယ်ရီနဗီးက ပြိုင်ဘက်ဟောင်း အာဆင်နယ်ရဲ့ မှားယွင်းနေမှုတွေနဲ့ ပတ်သက်လို့ သုံးသပ်မှု ပြုလုပ်သွားပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတာဖြစ်ပြီး အမှတ်ပေးဇယား အောက်ဆုံးကို ရောက်ရှိနေတာပါ။ ဒါပေမယ့်လို့ ကိုဗစ်နဲ့ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်း ပကတိ အခြေအနေကို သိရဖို့ဆိုရင် သီတင်းပတ် အနည်းငယ် စောင့်ကြည့်ရပါမယ်လို့ ဂယ်ရီနဗီးက ဆွေးနွေးသွားခဲ့ပါတယ်။

ဂယ်ရီနဗီးက ” အာတီတာအနေနဲ့ အဝတ်လဲခန်းက သူ့ကစားသမားတွေရဲ့ စည်းလုံးမှုနဲ့ ကြံ့ခိုင်ရည် ပြည့်ဝမှုတွေကို ရရှိဖို့ လိုအပ်နေပါတယ်။ သူ့မှာ ကိုဗစ်ကူးစက်ခံထားရတဲ့ ကစားသမားတွေ ရှိနေခဲ့တယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကို တည်ဆောက်ဖို့ ဖိအားတွေက တိုးလာနေတာက ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ ခြေစွမ်းက ဆိုးဝါးခဲ့ပြီး အားအင်မရှိ၊ ပေါ့လျော့နေတာပဲ။

ပွဲတွေကို ရှုံးနိမ့်နိုင်တဲ့ နည်းလမ်းများစွာ ရှိတဲ့အထဲ အာဆင်နယ်က အဆိုးရွားဆုံး နည်းလမ်းနဲ့ ရှုံးနိမ့်ခဲ့ပြီး ဖိအားတွေကြောင့် ပြိုင်ဘက်က လုပ်ချင်တိုင်းလုပ်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ နိုင်ငံတကာ သီတင်းပတ်အပြီး အရှိန်အဟုန်တချို့ကို ပြန်တည်ဆာက်နိုင်ဖို့ လိုပါတယ်။

သူတို့ရဲ့ ခေါ်ယူမှုတွေကို ကြည့်ပြီး လက်မှတ်ထိုးမှု တစ်ခုကမှ စိတ်လှုပ်ရှားစရာ ကောင်းတယ်လို့ ခံစားမိစေလောက်တဲ့ လက္ခဏာတွေ မရှိပါဘူး။ ဒါပေမယ့် သူတို့က အလျင်အမြန် စည်းလုံးပြီး အသင်းတစ်သင်းကို တည်ဆောက်နိုင်ဖို့ လိုအပ်နေတယ်။

အဓိက ပြဿနာက အာဆင်နယ် ခေါ်ယူထားတဲ့ ကစားသမားသစ်တွေမှာ မဟုတ်ပါဘူး။
စီနီယာ ကစားသမားတွေကိုကြည့်ပြီး ‘သူတို့ဆီက ဘာတွေများရမလဲ’လို့ တွေးကြည့်ပါ။
အူဘာမီယန်၊ လာကာဇက်၊ ရှာကာတို့ဟာ စည်းစည်းလုံးလုံးနဲ့ အဝတ်လဲခန်းထဲက ခံစားချက်ကောင်းတွေကို ဖန်တီးဖို့ နဲ့ နည်းပြနောက်မှာ ရပ်တည်ပေးဖို့ သူတို့ကိုယ်တိုင် မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရှိနေရမယ်။

သူတို့ဟာ နိုင်ပွဲတွေအကြောင်း မစဉ်းစားခင် အရင်ဆုံး ကွင်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက်အတွက် ဖေးမကူညီပြီးတော့ အနိုင်ယူဖို့ ခက်ခဲအောင် ကြိုးစားပြင်ဆင်ရမှာပါ။ ဒီရာသီမှာ သူတို့က အနိုင်ယူရ တအားလွယ်နေတာက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။

အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ဗျူဟာကို ကျွန်တော် မသိဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ ဝေခွဲမရ ဖြစ်နေတယ်။ သူတို့ကစားမယ့် ကစားပုံကိုလဲ ကျွန်တော် သေချာမသိဘူး။ ဒါပေမယ့် နောက်ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတော့ သေချာသိရမှာပါ။

မန်ယူနိုက်တက်ဟာ ဆာအဲလက်စ်ဖာဂူဆန်လက်အောက်ကနေ ထွက်ခဲ့ပြီးနောက်ပိုင်း အရမ်း ခက်ခဲခဲ့တယ်။ အခု အာဆင်နယ်လဲ အာဆင်ဝင်းဂါးခေတ်အလွန်မှာ အလားတူ ပြဿနာတက်နေတာပါ။ ယူနိုက်တက်က အခု ၁၀ နှစ်နီးပါးလောက် ကြာသွားချိန်မှာ ဖာဂူဆန် နောက်ပိုင်း ကြုံခဲ့ရတဲ့ ဒုက္ခတွေကနေ လွတ်မြောက်ခါနီးနေပါပြီ။ ဒါပေမယ့် အာဆင်နယ်ကတော့ ဒုက္ခတောထဲ နစ်နေတုန်းပဲ။

ဒါက အသင်းသားတွေရဲ့ ပြဿနာက အဓိက မဟုတ်ပါဘူး။ အရာအားလုံးကို နောက်ပြန်ဆွဲနေတဲ့ ဘောလုံးနဲ့ မဆိုင်တဲ့ ကိစ္စတွေပေါ့။ ကလပ်မှာ မပျော်မရွှင် ဖြစ်နေတဲ့ ခံစားချက်မျိုးပဲ။ အာဆင်နယ်မှာ တစုံတခုက မမှန်ကန်နေဘူး။ အာမခံနိုင်တဲ့အရာ တခုမှ မရှိနေဘူးလို့ ထင်တယ်။ အာဆင်ဝင်းဂါးနဲ့ ရှိခဲ့တဲ့ အချိန်တွေအပြီး သူတို့တွေ အရင်ဆုံး တည်ငြိမ်မှုရအောင် လုပ်သင့်ပါတယ်။ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI – ဒီအပတ္ရဲ႕ စကိုင္းစေပါ့ သံုးသပ္မႈ အစီအစဥ္မွာေတာ့ ဂယ္ရီနဗီးက ျပိဳင္ဘက္ေဟာင္း အာဆင္နယ္ရဲ႕ မွားယြြင္းေနမႈေတြနဲ႔ ပတ္သက္လို႔ သံုးသပ္မႈ ျပဳလုပ္သြားပါတယ္။

အာဆင္နယ္ဟာ ဒီရာသီမွာ ရလဒ္ေတြ ဆိုးရြားေနတာျဖစ္ျပီး အမွတ္ေပးဇယား ေအာက္ဆံုးကို ေရာက္ရွိေနတာပါ။ ဒါေပမယ့္လို႔ ကိုဗစ္နဲ႔ ဒဏ္ရာ ျပႆနာေတြ ရင္ဆိုင္ေနရတဲ့ အာဆင္နယ္အသင္း ပကတိ အေျခအေနကို သိရဖို႔ဆိုရင္ သီတင္းပတ္ အနည္းငယ္ ေစာင့္ၾကည့္ရပါမယ္လို႔ ဂယ္ရီနဗီးက ေဆြးေႏြးသြားခဲ့ပါတယ္။

ဂယ္ရီနဗီးက ” အာတီတာအေနနဲ႔ အဝတ္လဲခန္းက သူ႔ကစားသမားေတြရဲ႕ စည္းလုံးမႈနဲ႔ ႀကံ့ခိုင္ရည္ ျပည့္ဝမႈေတြကို ရရွိဖို႔ လိုအပ္ေနပါတယ္။ သူ႔မွာ ကိုဗစ္ကူးစက္ခံထားရတဲ့ ကစားသမားေတြ ရွိေနခဲ့တယ္။ ဒါေပမယ့္ အာဆင္နယ္အသင္းကို တည္ေဆာက္ဖို႔ ဖိအားေတြက တိုးလာေနတာက ဘာေၾကာင့္လဲဆိုရင္ သူတို႔ရဲ႕ ေျခစြမ္းက ဆိုးဝါးခဲ့ၿပီး အားအင္မရွိ၊ ေပါ့ေလ်ာ့ေနတာပဲ။

ပြဲေတြကို ရႈံးနိမ့္ႏိုင္တဲ့ နည္းလမ္းမ်ားစြာ ရွိတဲ့အထဲ အာဆင္နယ္က အဆိုး႐ြားဆုံး နည္းလမ္းနဲ႔ ရႈံးနိမ့္ခဲ့ၿပီး ဖိအားေတြေၾကာင့္ ၿပိဳင္ဘက္က လုပ္ခ်င္တိုင္းလုပ္တာကို ခံခဲ့ရတာ ျဖစ္ပါတယ္။ သူတို႔အေနနဲ႔ ႏိုင္ငံတကာ သီတင္းပတ္အၿပီး အရွိန္အဟုန္တခ်ိဳ႕ကို ျပန္တည္ဆာက္ႏိုင္ဖို႔ လိုပါတယ္။

သူတို႔ရဲ႕ ေခၚယူမႈေတြကို ၾကည့္ၿပီး လက္မွတ္ထိုးမႈ တစ္ခုကမွ စိတ္လႈပ္ရွားစရာ ေကာင္းတယ္လို႔ ခံစားမိေစေလာက္တဲ့ လကၡဏာေတြ မရွိပါဘူး။ ဒါေပမယ့္ သူတို႔က အလ်င္အျမန္ စည္းလုံးၿပီး အသင္းတစ္သင္းကို တည္ေဆာက္ႏိုင္ဖို႔ လိုအပ္ေနတယ္။

အဓိက ျပႆနာက အာဆင္နယ္ ေခၚယူထားတဲ့ ကစားသမားသစ္ေတြမွာ မဟုတ္ပါဘူး။
စီနီယာ ကစားသမားေတြကိုၾကည့္ၿပီး ‘သူတို႔ဆီက ဘာေတြမ်ားရမလဲ’လို႔ ေတြးၾကည့္ပါ။
အူဘာမီယန္၊ လာကာဇက္၊ ရွာကာတို႔ဟာ စည္းစည္းလုံးလုံးနဲ႔ အဝတ္လဲခန္းထဲက ခံစားခ်က္ေကာင္းေတြကို ဖန္တီးဖို႔ နဲ႔ နည္းျပေနာက္မွာ ရပ္တည္ေပးဖို႔ သူတို႔ကိုယ္တိုင္ မွန္ကန္တဲ့ လမ္းေၾကာင္းေပၚ ရွိေနရမယ္။

သူတို႔ဟာ ႏိုင္ပြဲေတြအေၾကာင္း မစဥ္းစားခင္ အရင္ဆုံး ကြင္းထဲမွာ တစ္ေယာက္နဲ႔ တစ္ေယာက္အတြက္ ေဖးမကူညီၿပီးေတာ့ အႏိုင္ယူဖို႔ ခက္ခဲေအာင္ ႀကိဳးစားျပင္ဆင္ရမွာပါ။ ဒီရာသီမွာ သူတို႔က အႏိုင္ယူရ တအားလြယ္ေနတာက ေကာင္းတဲ့လကၡဏာ မဟုတ္ဘူး။

အာဆင္နယ္ရဲ႕ အေျပာင္းအေ႐ႊ႕ဗ်ဴဟာကို ကြၽန္ေတာ္ မသိဘူး။ ဟိုလိုလို ဒီလိုလိုနဲ႔ ေဝခြဲမရ ျဖစ္ေနတယ္။ သူတို႔ကစားမယ့္ ကစားပုံကိုလဲ ကြၽန္ေတာ္ ေသခ်ာမသိဘူး။ ဒါေပမယ့္ ေနာက္ရက္သတၱပတ္ အနည္းငယ္အတြင္းမွာေတာ့ ေသခ်ာသိရမွာပါ။

မန္ယူႏိုက္တက္ဟာ ဆာအဲလက္စ္ဖာဂူဆန္လက္ေအာက္ကေန ထြက္ခဲ့ၿပီးေနာက္ပိုင္း အရမ္း ခက္ခဲခဲ့တယ္။ အခု အာဆင္နယ္လဲ အာဆင္ဝင္းဂါးေခတ္အလြန္မွာ အလားတူ ျပႆနာတက္ေနတာပါ။ ယူႏိုက္တက္က အခု ၁၀ ႏွစ္နီးပါးေလာက္ ၾကာသြားခ်ိန္မွာ ဖာဂူဆန္ ေနာက္ပိုင္း ႀကဳံခဲ့ရတဲ့ ဒုကၡေတြကေန လြတ္ေျမာက္ခါနီးေနပါၿပီ။ ဒါေပမယ့္ အာဆင္နယ္ကေတာ့ ဒုကၡေတာထဲ နစ္ေနတုန္းပဲ။

ဒါက အသင္းသားေတြရဲ႕ ျပႆနာက အဓိက မဟုတ္ပါဘူး။ အရာအားလုံးကို ေနာက္ျပန္ဆြဲေနတဲ့ ေဘာလုံးနဲ႔ မဆိုင္တဲ့ ကိစၥေတြေပါ့။ ကလပ္မွာ မေပ်ာ္မ႐ႊင္ ျဖစ္ေနတဲ့ ခံစားခ်က္မ်ိဳးပဲ။ အာဆင္နယ္မွာ တစုံတခုက မမွန္ကန္ေနဘူး။ အာမခံႏိုင္တဲ့အရာ တခုမွ မရွိေနဘူးလို႔ ထင္တယ္။ အာဆင္ဝင္းဂါးနဲ႔ ရွိခဲ့တဲ့ အခ်ိန္ေတြအၿပီး သူတို႔ေတြ အရင္ဆုံး တည္ၿငိမ္မႈရေအာင္ လုပ္သင့္ပါတယ္။ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။