နေမာနဲ့ ဘာစီလိုနာ၊ ဂျိမ်းစ် ရိုဒရီဂွက်ဇ်၊ ဘယ်လင်ဟန်တို့နဲ့ ယနေ့နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

ပီအက်စ်ဂျီအသင်းဟာ ၎င်းတို့ ကြယ်ပွင့်တိုက်စစ်သမား နေမာအတွက် ဘာစီလိုနာရဲ့ ယူရို သန်း ၈၀ နဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက ဒီနွေမှာ နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဖွင့်ဟခဲ့ပေမယ့် ညှိနှိုင်းမှုတွေက အရာမရောက်သေးဘဲ ရှိပါတယ်။

အာဆင်နယ်အသင်းဟာ မီဂူးလ် အဇစ် ကို ပို့စ်မောက်အသင်းထံ အငှားလွှတ်လိုက်စဉ်က အသင်းလိုအပ်ရင် ပြန်ခေါ်ခွင့် ထည့်သွင်းထားတယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ် အရွယ် ကွင်းလယ်လူငယ်လေးဟာ ဇန်နဝါရီ အာဖရိကဖလား ပြိုင်ပွဲ ရှိနေချိန်ကျ အာဆင်နယ်ရဲ့ ပြန်ခေါ်ခြင်း ခံရဖွယ် ရှိနေပါတယ်။

ဒေါ့မွန်အသင်းဟာ ဆယ်ကျော်သက် ကြယ်ပွင့်လေး ဘယ်လင်ဟမ်ကို နောက်နှစ် နွေမှာလည်း ရောင်းချဖို့ အစီအစဉ် မရှိကြောင်း သိရပါတယ်။ အသက် ၁၈ နှစ်အရွယ် လူငယ်လေးကို အင်္ဂလန်မှ ချယ်ဆီး၊ မန်ယူနိုက်တက်၊ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့က စိတ်ဝင်စားခဲ့ကြတာပါ။

စတုဂတ်အသင်းဟာ အာဆင်နယ်ခံစစ်မှုး ကိုစတက် မာဗရိုပါနိုစ်ကို အပြီး ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ အငှားလာကစားချိန် အထင်ကြီးဖွယ် စွမ်းဆောင်ခဲ့တာကြောင့် စတုဂတ်က စာချုပ်မှာ ပါဝင်တဲ့ ပေါင် ၂.၆ သန်းနဲ့ ဝယ်ယူခွင့်ကို ကြိုးစားလာတာပါ။

အေစီမီလန်ရဲ့ နောက်ဆုံး ကမ်းလှမ်းလိုက်တဲ့ သက်တမ်းတိုး စာချုပ်ကို ဖရက် ကပ်ဆီကတော့ ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ် အရွယ် ကွင်းလယ်သမားရဲ့ လက်ရှိစာချုပ်က ရာသီကုန်ရင် ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဒီကြားထဲ သက်တမ်းတိုး သဘောတူညီမှု မရပါက ဇန်နဝါရီမှာ ရောင်းချဖွယ် ရှိနေပါတယ်။

အဲဗာတန် ပလေးမိတ်ကာ ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ တူရကီကလပ် အစ္စတန်ဘူလ် ဘက်ရှီးယား အသင်းထံ ပြောင်းရွှေ့ဖို့ အခွင့်ရခဲ့ပေမယ့် ငြင်းပယ်ခဲ့ပါတယ်။ ကလပ်အသင်း နှစ်သင်းကြား အငှားသဘောတူညီမှု ရခဲ့ပေမယ့် ကစားသမားရဲ့အေးဂျင့် ကုမ္ပဏီက လက်မခံခဲ့တာ ဖြစ်ပါတယ်။

Zawgyi

ပီအက္စ္ဂ်ီအသင္းဟာ ၄င္းတို႔ ၾကယ္ပြင့္တိုက္စစ္သမား ေနမာအတြက္ ဘာစီလိုနာရဲ႕ ယူရို သန္း ၈၀ နဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်လိုက္ပါတယ္။ ဘာစီလိုနာ ဥကၠဌ လာေပၚတာက ဒီေႏြမွာ ေနမာကို ေခၚယူဖို႔ စိတ္၀င္စားေနေၾကာင္း ဖြင့္ဟခဲ့ေပမယ့္ ညွိနိႈင္းမႈေတြက အရာမေရာက္ေသးဘဲ ရွိပါတယ္။

အာဆင္နယ္အသင္းဟာ မီဂူးလ္ အဇစ္ ကို ပို႔စ္ေမာက္အသင္းထံ အငွားလႊတ္လိုက္စဥ္က အသင္းလိုအပ္ရင္ ျပန္ေခၚခြင့္ ထည့္သြင္းထားတယ္လို႔ သိရပါတယ္။ အသက္ ၁၈ နွစ္ အရြယ္ ကြင္းလယ္လူငယ္ေလးဟာ ဇန္န၀ါရီ အာဖရိကဖလား ျပိဳင္ပြဲ ရွိေနခ်ိန္က် အာဆင္နယ္ရဲ႕ ျပန္ေခၚျခင္း ခံရဖြယ္ ရွိေနပါတယ္။

ေဒါ့မြန္အသင္းဟာ ဆယ္ေက်ာ္သက္ ၾကယ္ပြင့္ေလး ဘယ္လင္ဟမ္ကို ေနာက္နွစ္ ေႏြမွာလည္း ေရာင္းခ်ဖို႔ အစီအစဥ္ မရွိေၾကာင္း သိရပါတယ္။ အသက္ ၁၈ နွစ္အရြယ္ လူငယ္ေလးကို အဂၤလန္မွ ခ်ယ္ဆီး၊ မန္ယူနိုက္တက္၊ မန္စီးတီးနဲ႕ လီဗာပူးအသင္းတို႔က စိတ္၀င္စားခဲ့ၾကတာပါ။

စတုဂတ္အသင္းဟာ အာဆင္နယ္ခံစစ္မႈး ကိုစတက္ မာဗရိုပါနိုစ္ကို အျပီး ေခၚယူဖို႔ ၾကိဳးစားေနပါတယ္။ အသက္ ၂၃ နွစ္ အရြယ္ ကစားသမားဟာ ျပီးခဲ့တဲ့ရာသီ အငွားလာကစားခ်ိန္ အထင္ၾကီးဖြယ္ စြမ္းေဆာင္ခဲ့တာေၾကာင့္ စတုဂတ္က စာခ်ဳပ္မွာ ပါ၀င္တဲ့ ေပါင္ ၂.၆ သန္းနဲ႕ ၀ယ္ယူခြင့္ကို ၾကိဳးစားလာတာပါ။

ေအစီမီလန္ရဲ႕ ေနာက္ဆံုး ကမ္းလွမ္းလိုက္တဲ့ သက္တမ္းတိုး စာခ်ဳပ္ကို ဖရက္ ကပ္ဆီကေတာ့ ျငင္းပယ္လိုက္တယ္လို႔ သိရပါတယ္။ အသက္ ၂၄ နွစ္ အရြယ္ ကြင္းလယ္သမားရဲ႕ လက္ရွိစာခ်ဳပ္က ရာသီကုန္ရင္ ကုန္ဆံုးေတာ့မွာ ျဖစ္ျပီး ဒီၾကားထဲ သက္တမ္းတိုး သေဘာတူညီမႈ မရပါက ဇန္န၀ါရီမွာ ေရာင္းခ်ဖြယ္ ရွိေနပါတယ္။

အဲဗာတန္ ပေလးမိတ္ကာ ကစားသမား ဂ်ိမ္းစ္ ရိုဒရီဂြက္ဇ္ဟာ တူရကီကလပ္ အစၥတန္ဘူလ္ ဘက္ရွီးယား အသင္းထံ ေျပာင္းေရႊ႕ဖို႔ အခြင့္ရခဲ့ေပမယ့္ ျငင္းပယ္ခဲ့ပါတယ္။ ကလပ္အသင္း နွစ္သင္းၾကား အငွားသေဘာတူညီမႈ ရခဲ့ေပမယ့္ ကစားသမားရဲ႕ေအးဂ်င့္ ကုမၸဏီက လက္မခံခဲ့တာ ျဖစ္ပါတယ္။