ဥရောပတခွင်မှ ဗုဒ္ဓဟူးနေ့ညပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ စုစည်းမှု

ဘာစီလိုနာ အသင်းဟာ အာဂျင်တိုင်းသား ခံစစ်မှုး ခရစ္စတီယန် ရိုမီရို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း အီတလီ သတင်းတွေက ဖော်ပြထားပါတယ်။ အသက် ၂၃ နှစ် အရွယ် ကစားသမားကို ဒီနွေမှာ ဘာစီလိုနာက အတ္တလန္တာအသင်းထံမှ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ၎င်းက စပါးအသင်းထံ ပြောင်းရွှေ့သွားခဲ့တာပါ။

မန်စီးတီးထံ ပြောင်းဖို့ နီးစပ်ခဲ့တဲ့ စပါး တိုက်စစ်မှုး ဟယ်ရီကိန်းဟာ စာချုပ်သစ်မှာ စာချုပ်ဖျက်သိမ်းကြေး အချက် ထည့်သွင်းမယ် ဆိုရင် လန်ဒန်ကလပ်နဲ့ သက်တမ်းတိုး စာချုပ် လက်ခံဖွယ် ရှိနေကြောင်း Eurosport သတင်းဌာနက ဖော်ပြထားပါတယ်။

မန်စီးတီးဟာ ခရစ္စတီယာနို ရော်နယ်ဒို ကို ခေါ်ယူဖို့ အခွင့်အရေးကောင်း ရှိခဲ့တာ ဖြစ်ကြောင်း စီးတီး ဝါရင့် ကွင်းလယ် ဖာနန်ဒင်ဟိုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုရဲ့ အေးဂျင့် မန်ဒက်စ်ဟာ အီဒါဆန်၊ ဒိုင်ယာဇ့်တို့ ကို သက်တမ်းတိုးစဉ်က အီတီးဟက်ထံ ရောက်လာခဲ့ပြီး ပြောဆို ဆွေးနွေးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ် ရှိပြီ ဖြစ်တဲ့ ဘိုင်ယန် တိုက်စစ်မှုး လီဝန်ဒေါစကီး ကတော့ ထိပ်တန်းအဆင့်မှာ အနည်းဆုံး နောက်ထပ် လေးနှစ်လောက် ကစားလိုနေသေးတယ်လို့ သိရပါတယ်။ ၎င်းကို ချယ်ဆီးနဲ့ ရီးရဲလ်တို့ က ဒီနွေမှာ ခေါ်ယူလိုခဲ့ပါသေးတယ်။

ချယ်ဆီးအသင်းဟာ အခုထိ ဆီဗီလာ ခံစစ်မှုး ဂျူးလက်စ် ကွန်ဒီကို စိတ်ဝင်စားနေဆဲ ဖြစ်တာကြောင့် ဂျာမန်သား ခံစစ်မှုး ရူဒီဂါရဲ့ အခြေအနေက မရော ဖြစ်နေသေးကာ ၎င်းကို ပီအက်စ်ဂျီနဲ့ ရီးရဲလ်တို့က စောင့်ကြည့်နေပါတယ်။ ချယ်ဆီးက တစ်နှစ် စာချုပ်သက်တမ်းသာ ကျန်တော့တဲ့ ရူဒီဂါကို သက်တမ်းတိုးဖို့ ဆွေးနွေးမှုတော့ စတင်ထားပါတယ်။

ပီအက်စ်ဂျီအသင်း အကြီးအကဲ လီယိုနာဒိုကတော့ အသင်း ကြယ်ပွင့် အမ်ဘတ်ပီဟာ ပဲရစ်ကနေ ထွက်ခွာသွားစရာ လမ်း မမြင်ပါဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်က အမ်ဘတ်ပီကို နွေကာလမှာ ယူရို သန်း ၂၂၀ ထိ ပေးကာ ကမ်းလှမ်းခဲ့ပေမယ့် ပြင်သစ်ကလပ်ကတော့ လျစ်လျူရှုခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အကြိမ်ကြိမ် ချိတ်ဆက်ပြီး မအောင်မြင်သေးတဲ့ လိုင်ယွန် ကွင်းလယ်သမား ဟက်ဆန် အော်ဝါ ကို ခေါ်ယူဖို့ လက်မလျှော့သေးကြောင်း သိရပါတယ်။ အသက် ၂၃ နှစ် အရွယ် ကစားသမားကို နောက်နှစ်နွေမှာ ဂန်းနားတို့ ထပ်မံ ကြိုးပမ်းဖို့ ရည်ရွယ်ထားပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းဟာ အာဂ်င္တိုင္းသား ခံစစ္မႈး ခရစၥတီယန္ ရိုမီရို ကို ေခၚယူဖို႔ စိတ္၀င္စားေနဆဲ ျဖစ္ေၾကာင္း အီတလီ သတင္းေတြက ေဖာ္ျပထားပါတယ္။ အသက္ ၂၃ နွစ္ အရြယ္ ကစားသမားကို ဒီေႏြမွာ ဘာစီလိုနာက အတၱလႏၱာအသင္းထံမွ ေခၚယူဖို႔ ၾကိဳးစားခဲ့ေပမယ့္ ၄င္းက စပါးအသင္းထံ ေျပာင္းေရႊ႕သြားခဲ့တာပါ။

မန္စီးတီးထံ ေျပာင္းဖို႔ နီးစပ္ခဲ့တဲ့ စပါး တိုက္စစ္မႈး ဟယ္ရီကိန္းဟာ စာခ်ဳပ္သစ္မွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး အခ်က္ ထည့္သြင္းမယ္ ဆိုရင္ လန္ဒန္ကလပ္နဲ႕ သက္တမ္းတိုး စာခ်ဳပ္ လက္ခံဖြယ္ ရွိေနေၾကာင္း Eurosport သတင္းဌာနက ေဖာ္ျပထားပါတယ္။

မန္စီးတီးဟာ ခရစၥတီယာနို ေရာ္နယ္ဒို ကို ေခၚယူဖို႔ အခြင့္အေရးေကာင္း ရွိခဲ့တာ ျဖစ္ေၾကာင္း စီးတီး ၀ါရင့္ ကြင္းလယ္ ဖာနန္ဒင္ဟိုက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္ မန္ဒက္စ္ဟာ အီဒါဆန္၊ ဒိုင္ယာဇ့္တို႔ ကို သက္တမ္းတိုးစဥ္က အီတီးဟက္ထံ ေရာက္လာခဲ့ျပီး ေျပာဆို ေဆြးေႏြးမႈ ရွိခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၃၃ နွစ္ ရွိျပီ ျဖစ္တဲ့ ဘိုင္ယန္ တိုက္စစ္မႈး လီ၀န္ေဒါစကီး ကေတာ့ ထိပ္တန္းအဆင့္မွာ အနည္းဆံုး ေနာက္ထပ္ ေလးနွစ္ေလာက္ ကစားလိုေနေသးတယ္လို႔ သိရပါတယ္။ ၄င္းကို ခ်ယ္ဆီးနဲ႕ ရီးရဲလ္တို႕ က ဒီေႏြမွာ ေခၚယူလိုခဲ့ပါေသးတယ္။

ခ်ယ္ဆီးအသင္းဟာ အခုထိ ဆီဗီလာ ခံစစ္မႈး ဂ်ဴးလက္စ္ ကြန္ဒီကို စိတ္၀င္စားေနဆဲ ျဖစ္တာေၾကာင့္ ဂ်ာမန္သား ခံစစ္မႈး ရူဒီဂါရဲ႕ အေျခအေနက မေရာ ျဖစ္ေနေသးကာ ၄င္းကို ပီအက္စ္ဂ်ီနဲ႕ ရီးရဲလ္တို႔က ေစာင့္ၾကည့္ေနပါတယ္။ ခ်ယ္ဆီးက တစ္နွစ္ စာခ်ဳပ္သက္တမ္းသာ က်န္ေတာ့တဲ့ ရူဒီဂါကို သက္တမး္တိုးဖို႔ ေဆြးေႏြးမႈေတာ့ စတင္ထားပါတယ္။

ပီအက္စ္ဂ်ီအသင္း အၾကီးအကဲ လီယိုနာဒိုကေတာ့ အသင္း ၾကယ္ပြင့္ အမ္ဘတ္ပီဟာ ပဲရစ္ကေန ထြက္ခြာသြားစရာ လမ္း မျမင္ပါဘူးလို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ရီးရဲလ္မက္ဒရစ္က အမ္ဘတ္ပီကို ေႏြကာလမွာ ယူရို သန္း ၂၂၀ ထိ ေပးကာ ကမ္းလွမ္းခဲ့ေပမယ့္ ျပင္သစ္ကလပ္ကေတာ့ လ်စ္လ်ဴရႈခဲ့တာပါ။

အာဆင္နယ္အသင္းဟာ အၾကိမ္ၾကိမ္ ခ်ိတ္ဆက္ျပီး မေအာင္ျမင္ေသးတဲ့ လိုင္ယြန္ ကြင္းလယ္သမား ဟက္ဆန္ ေအာ္၀ါ ကို ေခၚယူဖို႔ လက္မေလွ်ာ့ေသးေၾကာင္း သိရပါတယ္။ အသက္ ၂၃ နွစ္ အရြယ္ ကစားသမားကို ေနာက္နွစ္ေႏြမွာ ဂန္းနားတို႔ ထပ္မံ ၾကိဳးပမ္းဖို႔ ရည္ရြယ္ထားပါတယ္။