ဆယ်ကျော်သက် ထိပ်တန်း ကစားသမား ၁၅ ယောက်ထဲ ပါဝင်နေတဲ့ ဂန်းနား သုံးဦး

နာမညေ်ကျာ် Goal သတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ အသက် ၁၉ နှစ်နဲ့ အောက် ဆယ်ကျော်သက် ထိပ်တန်းလူငယ်ကစားသမား အယောက် ၅၀ စာရင်းကို ထုတ်ပြန်ခဲ့ရာ အာဆင်နယ် လူငယ်ကစားသမား သုံးဦးက ထိပ်ဆုံး ၁၅ ယောက်ထဲမှာ ပါဝင်နေပါတယ်။

ဇန်နဝါရီ ၁ရက် ၂၀၀၁ နောက်ပိုင်း မွေးတဲ့ ကစားသမားတွေကိုပဲ ထည့်တွက်ခဲ့တာ ဖြစ်ပြီး ဒီစာရင်းမှာ ထိပ်ဆုံးက နေရာယူခဲ့တာကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ရိုဒရီဂို ဖြစ်ပါတယ်။ ဒုတိယကတော့ ဘာစီလိုနာရဲ့ အန်ဆုဖာတီ ဖြစ်ပြီး တတိယက ယူနိုက်တက်ရဲ့ မေဆန် ဂရင်းဝုဒ် ဖြစ်ပါတယ်။

ဒီစာရင်းမှာ မြောက်လန်ဒန် အခြေစိုက် အာဆင်နယ်အသင်းက လူငယ်ကစားသမား သုံးဦးလည်း ပါဝင်နေပါတယ်။ အာဆင်နယ်မှာ ဒီရာသီ အထူး ခြေစွမ်းပြနေတဲ့ လူငယ် တိုက်စစ်မှူး မာတင်နယ်လီက အဆင့် ၆ နေရာမှာ ရှိနေပါတယ်။ မာတင်နယ်လီကို ခြေစွမ်းထက် တိုက်စစ်မှူး၊ ပြီးပြည့်စုံတဲ့ အဆုံးသတ်သမား၊ ခံစစ်သမားတွေကို နည်းနည်းမှ စိတ်မအေးစေသူ အစရှိသဖြင့် ညွှန်းဆိုထားခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ ပြီးခဲ့တဲ့ နွေက အာဆင်နယ် ဝယ်ယူခဲ့ပြီး စိန့်အီတီနီမှာပဲ ပြန် အငှားချထားခဲ့တဲ့ ခံစစ်မှူးလေး ဝီလီယံ ဆာလီဘာ ဖြစ်ပါတယ်။

အဆင့် ၁၅ နေရာမှာတော့ ဂန်းနားအစွန် ကစားသမားလေး ဘူကာယို ဆာကာ ဖြစ်ပါတယ်။ ၎င်းက အမ်းမရိတ်မှာ နှစ်ပေါင်းများစွာ အတွင်း ပေါ်ထွက်လာတဲ့ အလားအလာအကောင်းဆုံး အကယ်ဒမီ ကစားသမား အဖြစ် ချီးကျူးခံထားရပါတယ်။

Zawgyi – နာမညေ္က်ာ္ Goal သတင္းဌာနက ထုတ္ျပန္ခဲ့တဲ့ အသက္ ၁၉ နွစ္နဲ႕ ေအာက္ ဆယ္ေက်ာ္သက္ ထိပ္တန္းလူငယ္ကစားသမား အေယာက္ ၅၀ စာရင္းကို ထုတ္ျပန္ခဲ့ရာ အာဆင္နယ္ လူငယ္ကစားသမား သံုးဦးက ထိပ္ဆံုး ၁၅ ေယာက္ထဲမွာ ပါ၀င္ေနပါတယ္။

ဇန္န၀ါရီ ၁ရက္ ၂၀၀၁ ေနာက္ပိုင္း ေမြးတဲ့ ကစားသမားေတြကိုပဲ ထည့္တြက္ခဲ့တာ ျဖစ္ျပီး ဒီစာရင္းမွာ ထိပ္ဆံုးက ေနရာယူခဲ့တာကေတာ့ ရီးရဲလ္မက္ဒရစ္ တိုက္စစ္သမား ရိုဒရီဂို ျဖစ္ပါတယ္။ ဒုတိယကေတာ့ ဘာစီလိုနာရဲ႕ အန္ဆုဖာတီ ျဖစ္ျပီး တတိယက ယူနိုက္တက္ရဲ႕ ေမဆန္ ဂရင္း၀ုဒ္ ျဖစ္ပါတယ္။

ဒီစာရင္းမွာ ေျမာက္လန္ဒန္ အေျခစိုက္ အာဆင္နယ္အသင္းက လူငယ္ကစားသမား သံုးဦးလည္း ပါ၀င္ေနပါတယ္။ အာဆင္နယ္မွာ ဒီရာသီ အထူး ေျခစြမ္းျပေနတဲ့ လူငယ္ တိုက္စစ္မွဴး မာတင္နယ္လီက အဆင့္ ၆ ေနရာမွာ ရွိေနပါတယ္။ မာတင္နယ္လီကို ေျခစြမ္းထက္ တိုက္စစ္မွဴး၊ ျပီးျပည့္စံုတဲ့ အဆံုးသတ္သမား၊ ခံစစ္သမားေတြကို နည္းနည္းမွ စိတ္မေအးေစသူ အစရွိသျဖင့္ ညႊန္းဆိုထားခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကေတာ့ ျပီးခဲ့တဲ့ ေႏြက အာဆင္နယ္ ၀ယ္ယူခဲ့ျပီး စိန္႔အီတီနီမွာပဲ ျပန္ အငွားခ်ထားခဲ့တဲ့ ခံစစ္မွဴးေလး ၀ီလီယံ ဆာလီဘာ ျဖစ္ပါတယ္။

အဆင့္ ၁၅ ေနရာမွာေတာ့ ဂန္းနားအစြန္ ကစားသမားေလး ဘူကာယို ဆာကာ ျဖစ္ပါတယ္။ ၄င္းက အမ္းမရိတ္မွာ နွစ္ေပါင္းမ်ားစြာ အတြင္း ေပၚထြက္လာတဲ့ အလားအလာအေကာင္းဆံုး အကယ္ဒမီ ကစားသမား အျဖစ္ ခ်ီးက်ဴးခံထားရပါတယ္။