ကြာသပတေးနေ့ ညပိုင်း နောက်ဆုံးရ ဥရောပတခွင်မှ အပြောင်းအရွှေ့ သတင်းတိုများ

မန်စီးတီးဟာ အတ္တလန္တာ အစွန်ခံစစ်မှုး ရော်ဘင် ဂိုဆန် ကို အလိုရှိနေပေမယ့် ဂျာမန်သားကို ဂျူဗင်တပ်၊ ဘာစီလိုနာ၊ အင်တာမီလန်နဲ့ လက်စတာ တို့ကလည်း စောင့်ကြည့်နေတာကြောင့် အပြိုင်အဆိုင် ကြိုးစားရဖွယ် ရှိပါတယ်။

လီဗာပူးအသင်းရဲ့ ညာစွန်ခံစစ်သမား ထရန့် အလက်ဇန်းဒါး အာနိုး ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စောင့်ကြည့်စာရင်းမှာ ထည့်သွင်းထားကြောင်း စပိန်သတင်းတွေက ဖော်ပြထားပါတယ်။ လာလီဂါ ထိပ်သီးအသင်းဟာ ၂၀၂၂ နွေမှာ ထရန့်အတွက် လှုပ်ရှားလာဖွယ် ရှိပါတယ်။

အသင်းလက်မဲ့ ဖြစ်နေတဲ့ စပါး ညာစွန် ခံစစ်သမားဟောင်း အော်ရီရာ ကို ခေါ်ယူဖို့ အဲဗာတန်က စောင့်ကြည့်နေပါတယ်။ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိထားတဲ့ အိုင်ဗရီကို့စ်သားဟာ စပါးကနေ ဒီနွေမှာ ထွက်ခွာလာခဲ့တာပါ။

အေဂျက် ဂိုးသမား အိုနာနာ ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ နောက်ဆုံး ပါဝင်လာတာက နာပိုလီ အသင်း ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ကင်မရွန်းလက်ရွေးစင်ကို အင်တာမီလန်နဲ့ အာဆင်နယ်တို့ကလည်း အလေးအနက် ချိတ်ဆက်ဖူးပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်ဆီး ခံစစ်မှုး ရူဒီဂါ ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ပါဝင်လာပြီး ဂျာမန် လက်ရွေးစင် ကစားသမားဟာ ချယ်ဆီးနဲ့ သက်တမ်းတိုး သဘောတူညီမှု မရသေးပါဘူး။ ဘိုင်ယန်ကတော့ ရူဒီဂါကို နောက်နှစ်နွေမှာ ခေါ်ဖို့ ခုတည်းက စောင့်ကြည့်နေတာပါ။

ခြေစွမ်းပျောက်ဆုံးနေတဲ့ ယူနိုက်တက် တိုက်စစ်မှုး မာရှယ်နဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေ မြင့်တက်နေသော်လည်း ဆိုးရှားကတော့ ပြင်သစ်သားသာ အလုပ်ကြိုးစား ဆက်လုပ်နေရင် ပွဲကစားခွင့်တွေ ပေးသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi

မန္စီးတီးဟာ အတၱလႏၱာ အစြန္ခံစစ္မႈး ေရာ္ဘင္ ဂိုဆန္ ကို အလိုရွိေနေပမယ့္ ဂ်ာမန္သားကို ဂ်ဴဗင္တပ္၊ ဘာစီလိုနာ၊ အင္တာမီလန္နဲ႕ လက္စတာ တို႔ကလည္း ေစာင့္ၾကည့္ေနတာေၾကာင့္ အျပိဳင္အဆိုင္ ၾကိဳးစားရဖြယ္ ရွိပါတယ္။

လီဗာပူးအသင္းရဲ႕ ညာစြန္ခံစစ္သမား ထရန္႔ အလက္ဇန္းဒါး အာနိုး ကို ရီးရဲလ္မက္ဒရစ္က ေခၚယူဖို႔ ေစာင့္ၾကည့္စာရင္းမွာ ထည့္သြင္းထားေၾကာင္း စပိန္သတင္းေတြက ေဖာ္ျပထားပါတယ္။ လာလီဂါ ထိပ္သီးအသင္းဟာ ၂၀၂၂ ေႏြမွာ ထရန္႔အတြက္ လႈပ္ရွားလာဖြယ္ ရွိပါတယ္။

အသင္းလက္မဲ့ ျဖစ္ေနတဲ့ စပါး ညာစြန္ ခံစစ္သမားေဟာင္း ေအာ္ရီရာ ကို ေခၚယူဖို႔ အဲဗာတန္က ေစာင့္ၾကည့္ေနပါတယ္။ ပရီးမီးယားလိဂ္ အေတြ႔အၾကံဳ ရွိထားတဲ့ အိုင္ဗရီကို႔စ္သားဟာ စပါးကေန ဒီေႏြမွာ ထြက္ခြာလာခဲ့တာပါ။

ေအဂ်က္ ဂိုးသမား အိုနာနာ ကို ေခၚယူဖို႔ စိတ္၀င္စားတဲ့ အသင္းေတြထဲမွာ ေနာက္ဆံုး ပါ၀င္လာတာက နာပိုလီ အသင္း ျဖစ္ပါတယ္။ အသက္ ၂၅ နွစ္ အရြယ္ ကင္မရြန္းလက္ေရြးစင္ကို အင္တာမီလန္နဲ႕ အာဆင္နယ္တို႔ကလည္း အေလးအနက္ ခ်ိတ္ဆက္ဖူးပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ခ်ယ္ဆီး ခံစစ္မႈး ရူဒီဂါ ကို ေခၚယူလိုတဲ့ အသင္းေတြထဲ ပါ၀င္လာျပီး ဂ်ာမန္ လက္ေရြးစင္ ကစားသမားဟာ ခ်ယ္ဆီးနဲ႕ သက္တမ္းတိုး သေဘာတူညီမႈ မရေသးပါဘူး။ ဘိုင္ယန္ကေတာ့ ရူဒီဂါကို ေနာက္နွစ္ေႏြမွာ ေခၚဖို႔ ခုတည္းက ေစာင့္ၾကည့္ေနတာပါ။

ေျခစြမ္းေပ်ာက္ဆံုးေနတဲ့ ယူနိုက္တက္ တိုက္စစ္မႈး မာရွယ္နဲ႕ပတ္သတ္ျပီး ေ၀ဖန္မႈေတြ ျမင့္တက္ေနေသာ္လည္း ဆိုးရွားကေတာ့ ျပင္သစ္သားသာ အလုပ္ၾကိဳးစား ဆက္လုပ္ေနရင္ ပြဲကစားခြင့္ေတြ ေပးသြားမွာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။