စီးတီးဟာ ကြားရက်မှာ ပီအက်စ်ဂျီရဲ့ အိမ်ကွင်း၊ သတင်းပတ်အကုန်မှာ လီဗာပူးရဲ့ အိမ်ကွင်းတွေထံ သွားရောက် ရင်ဆိုင်ရဦးမှာဖြစ်တာကြောင့် သူတို့အတွက် စိန်ခေါ်မှုတွေနဲ့ ခက်ခဲတဲ့ ရက်သတ္တပတ်ပဲ ဖြစ်ပါတယ်။

လာပေါ်တေးနဲ့ ဂျွန်စတုန်းတို့ လေ့ကျင့်ရေး ပြန်ဆင်းခဲ့ပြီဖြစ်ပေမယ့် ဂွာဒီယိုလာမှာ ပွဲချိန်ပြည့်ကစားနိုင်ဖို့ ကြံ့ခိုင်မှု အပြည့်မရှိသေးတဲ့ ကစားသမားတွေလည်း ရှိနေတာပါ။ ဒါပေမယ့်လို့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်ဖြတ်ဖို့ကို တုန်လှုပ်မှုတွေ ရှိမနေဘဲ စီတီးမှာ လုံလောက်တဲ့ တောင့်တင်းမှုတွေ ရှိပါတယ်လို့ စပိန်သားကြီးက ဆိုလာခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျွန်တော်တို့က ချန်ပီယံတွေပါ။ ကျွန်တော်တို့က ရူးကြောင်ကြောင် အရာများစွာကို သိပ်ပြီး စောဒက တက်လေ့မရှိဘူး။ ရာသီအတွင်း၊ အထူးသဖြင့် ဒီလို ဆက်တိုက် ပွဲကျပ်ကစားရမယ့် ကာလမှာ ကျွန်တော်တို့ဟာ ဖြေရှင်းဖို့ ခက်ခဲတဲ့ စိန်ခေါ်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် အတားအဆီးတွေကို ရင်ဆိုင်ဖြတ်ကျော်ဖို့အတွက် ကျွန်တော်တို့အသင်းမှာ လုံလောက်မှု ရှိပါတယ် ” လို့ တုန့်ပြန်ခဲ့တာဖြစ်တယ်။
ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အိုဝင်ကတော့ မန်စီးတီးဟာ သူတို့ ဆုဖလားကို စိန်ခေါ်နိုင်ပါတယ်ဆိုတာ သက်သေပြခဲ့ပြီလို့ ယုံကြည်နေတယ်။ ဘောလုံးရာသီ တစ်ခုလုံး အကျိတ်အနယ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်စီးတီးနဲ့ လီဗာပူးပွဲအပြီး အခြားသော ထင်မြင်ချက်တွေ ထွက်ပေါ်လာဦးမယ်လို့ သူက ယူဆထားပါတယ်။
အိုဝင်က ပြောရာမှာ “ မန်စီးတီးရဲ့ နိုင်ပွဲက သူတို့အတွက် ဝမ်းသာစရာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်၊ နှစ်ပတ်အတွင်း လူတိုင်းက ချယ်ဆီးပဲ လိဂ်ဖလားရလိမ့်မယ်လို့ ပြောဆိုနေခဲ့ကြတာ။ ဒါပေမယ့် အခု ပြောင်းလဲသွားပြီ။ မန်စီးတီးနဲ့ လီဗာပူးတို့ ကစားအပြီးမှာ နောက်ထပ် ပြောင်းလဲမှုတွေ ရှိလာဦးမှာပါ။
ဒီရာသီက မယုံနိုင်စရာ အမှတ်ပေးဖလားပြိုင်ပွဲ ဖြစ်လာမှာပါ။ လက်ရှိချန်ပီယံ မန်စီးတီးက ချန်ပီယံဖြစ်လောင်းအဖြစ် သတ်မှတ်ခံထားရတဲ့ ချယ်ဆီးကို ရင်ဆိုင်ခဲ့ပြီး အနိုင်ရခဲ့ရုံက အသာစီးရယူ ကစားသွားတယ်။ ဒါကြောင့် အခုချိန်မှာ လူတွေက ချန်ပီယံအသင်းနဲ့ ပတ်သက်လို့ အမြင်အသစ်တွေ ရှိနေနလိမ့်မယ်ထင်တယ်။ ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ZAWGYI – စီးတီးဟာ ၾကားရက္မွာ ပီအက္စ္ဂ်ီရဲ႕ အိမ္ကြင္း၊ သတင္းပတ္အကုန္မွာ လီဗာပူးရဲ႕ အိမ္ကြင္းေတြထံ သြားေရာက္ ရင္ဆိုင္ရဦးမွာျဖစ္တာေၾကာင့္ သူတို႔အတြက္ စိန္ေခၚမႈေတြနဲ႔ ခက္ခဲတဲ့ ရက္သတၱပတ္ပဲ ျဖစ္ပါတယ္။
လာေပၚေတးနဲ႔ ဂြၽန္စတုန္းတို႔ ေလ့က်င့္ေရး ျပန္ဆင္းခဲ့ၿပီျဖစ္ေပမယ့္ ဂြာဒီယိုလာမွာ ပြဲခ်ိန္ျပည့္ကစားႏိုင္ဖို႔ ႀကံ့ခိုင္မႈ အျပည့္မရွိေသးတဲ့ ကစားသမားေတြလည္း ရွိေနတာပါ။ ဒါေပမယ့္လို႔ ဒီစိန္ေခၚမႈေတြကို ရင္ဆိုင္ ေက်ာ္ျဖတ္ဖို႔ကို တုန္လႈပ္မႈေတြ ရွိမေနဘဲ စီတီးမွာ လံုေလာက္တဲ့ ေတာင့္တင္းမႈေတြ ရွိပါတယ္လို႔ စပိန္သားၾကီးက ဆိုလာခဲ့ပါတယ္။
ဂြာဒီယိုလာက “ကြၽန္ေတာ္တို႔က ခ်န္ပီယံေတြပါ။ ကြၽန္ေတာ္တို႔က ႐ူးေၾကာင္ေၾကာင္ အရာမ်ားစြာကို သိပ္ၿပီး ေစာဒက တက္ေလ့မရွိဘူး။ ရာသီအတြင္း၊ အထူးသျဖင့္ ဒီလို ဆက္တိုက္ ပြဲက်ပ္ကစားရမယ့္ ကာလမွာ ကြၽန္ေတာ္တို႔ဟာ ေျဖရွင္းဖို႔ ခက္ခဲတဲ့ စိန္ေခၚေတြနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ေပမယ့္ အတားအဆီးေတြကို ရင္ဆိုင္ျဖတ္ေက်ာ္ဖို႔အတြက္ ကြၽန္ေတာ္တို႔အသင္းမွာ လုံေလာက္မႈ ရွိပါတယ္ ” လို႔ တုန္႔ျပန္ခဲ့တာျဖစ္တယ္။
ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း အိုဝင္ကေတာ့ မန္စီးတီးဟာ သူတို႔ ဆုဖလားကို စိန္ေခၚႏုိင္ပါတယ္ဆိုတာ သက္ေသျပခဲ့ျပီလို႔ ယံုၾကည္ေနတယ္။ ေဘာလံုးရာသီ တစ္ခုလံုး အက်ိတ္အနယ္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး မန္စီးတီးနဲ႔ လီဗာပူးပြဲအျပီး အျခားေသာ ထင္ျမင္ခ်က္ေတြ ထြက္ေပၚလာဦးမယ္လုိ႔ သူက ယူဆထားပါတယ္။
အိုဝင္က ေျပာရာမွာ “ မန္စီးတီးရဲ႕ ႏိုင္ပြဲက သူတို႔အတြက္ ဝမ္းသာစရာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ တစ္ပတ္၊ ႏွစ္ပတ္အတြင္း လူတိုင္းက ခ်ယ္ဆီးပဲ လိဂ္ဖလားရလိမ့္မယ္လို႔ ေျပာဆိုေနခဲ့ၾကတာ။ ဒါေပမယ့္ အခု ေျပာင္းလဲသြားၿပီ။ မန္စီးတီးနဲ႔ လီဗာပူးတို႔ ကစားအျပီးမွာ ေနာက္ထပ္ ေျပာင္းလဲမႈေတြ ရွိလာဦးမွာပါ။
ဒီရာသီက မယုံႏိုင္စရာ အမွတ္ေပးဖလားၿပိဳင္ပြဲ ျဖစ္လာမွာပါ။ လက္ရွိခ်န္ပီယံ မန္စီးတီးက ခ်န္ပီယံျဖစ္ေလာင္းအျဖစ္ သတ္မွတ္ခံထားရတဲ့ ခ်ယ္ဆီးကို ရင္ဆိုင္ခဲ့ၿပီး အႏိုင္ရခဲ့႐ုံက အသာစီးရယူ ကစားသြားတယ္။ ဒါေၾကာင့္ အခုခ်ိန္မွာ လူေတြက ခ်န္ပီယံအသင္းနဲ႔ ပတ္သက္လို႔ အျမင္အသစ္ေတြ ရွိေနနလိမ့္မယ္ထင္တယ္။ ” ဆိုျပီး ေျပာဆိုခဲ့ပါတယ္။
