အမ်ဘတ်ပီ၊ ရူဒီဂါ၊ ရှာကွီရီနဲ့ ဥရောပတခွင်မှ ယနေ့ညပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ဂါရတ်ဘေးလ်၊ မာဆယ်လို၊ လူကာဂျိုဗစ်နဲ့ မာရီယာနို ဒိုင်ယာ့ဇ် တို့ဟာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာနိုင်ကြောင်း အန်ဆယ်လော့တီရဲ့ အသိပေး ခွင့်ပြုခြင်း ခံထားရပြီလို့ စပိန်သတင်းတွေက ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ခရစ္စတီယာနို ရော်နယ်ဒို အိုးထရက်ဖို့ဒ်ထံ ပြန်ရောက်ပြီးတည်းက အသင်း တန်ကြေးဟာ ပေါင် သန်း ၅၅၀ တက်သွားခဲ့ကြောင်း စစ်တမ်းတွေက ဆိုပါတယ်။

လီဗာပူးအသင်းဟာ ဖိလစ် ကော်တင်ညိုကို ၂၀၁၈ ရောင်းချစဉ်က ဘာစီလိုနာထံမှ ရစရာတွေ ကျန်သေးပြီး ကြွေးကျန် ပေါင် သန်း ဆယ်ဂဏန်း ရှိနေသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နွေမှာ အင်တာမီလန်က လူကာကူနဲ့ ဟာကိမိ ကို ရောင်းချခဲ့သော်လည်း ဘဏ္ဍာရေး အကြပ်အတည်းများ ရှိနေသေးတာကြောင့် လော်တယ်ရို မာတီနက်ဇ်နဲ့ စကင်နီယာတို့ကိုပါ ထပ်မံ ရောင်းရဖွယ် ရှိနေသေးတယ်လို့ သိရပါတယ်။

ချယ်ဆီး ခံစစ်မှုး ရူဒီဂါကို စောင့်ကြည့်နေတဲ့ အသင်းတွေမှာ လန်ဒန်ပြိုင်ဘက် စပါးအသင်းလည်း ပါဝင်လာပြီး ဂျာမန်သားကို ရဖို့ ဘိုင်ယန်မြူးနစ်ကတော့ ရေပန်းစားနေဆဲပါ။

လီဗာပူးအသင်းရဲ့ တောင်ပံတိုက်စစ်သမား ရှာကွီရီ က ၎င်းဟာ မနှစ်က အသင်းပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူး ဘက်က သူ့ကို လက်မလွှတ်လိုခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဂျာမနီအသင်းနဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ခွင့် ရချင်တာကြောင့် အာဆင်နယ် ဂိုးသမား လီနိုဟာ ပွဲကစားခွင့် ပိုရနိုင်မယ့် အသင်းတစ်သင်းသင်းထံ ဇန်နဝါရီမှာ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

အာလင်း ဟာလန်းဟာ လက်ရှိ လစာရဲ့ နှစ်ဆနဲ့ သက်တမ်းတိုး စာချုပ် တစ်ရပ် ဒေါ့မွန်ထံမှ ကမ်းလှမ်းမှု လက်ခံ ရရှိထားတယ်လို့ သိရပါတယ်။

အမ်ဘတ်ပီဟာ ပီအက်စ်ဂျီ အသင်းနဲ့ပဲ သက်တမ်းတိုးဖို့ ဆွေးနွေးမှုများ စတင်ထားပြီ ဖြစ်ကြောင်း ၎င်း မိခင်က ဖော်ထုတ်လိုက်ပါတယ်။

Zawgyi

ဂါရတ္ေဘးလ္၊ မာဆယ္လို၊ လူကာဂ်ိဳဗစ္နဲ႕ မာရီယာနို ဒိုင္ယာ့ဇ္ တို႔ဟာ ရီးရဲလ္မက္ဒရစ္ ကေန ထြက္ခြာနိုင္ေၾကာင္း အန္ဆယ္ေလာ့တီရဲ႕ အသိေပး ခြင့္ျပဳျခင္း ခံထားရျပီလို႔ စပိန္သတင္းေတြက ေဖာ္ျပထားပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ခရစၥတီယာနို ေရာ္နယ္ဒို အိုးထရက္ဖုိ႔ဒ္ထံ ျပန္ေရာက္ျပီးတည္းက အသင္း တန္ေၾကးဟာ ေပါင္ သန္း ၅၅၀ တက္သြားခဲ့ေၾကာင္း စစ္တမ္းေတြက ဆိုပါတယ္။

လီဗာပူးအသင္းဟာ ဖိလစ္ ေကာ္တင္ညိဳကို ၂၀၁၈ ေရာင္းခ်စဥ္က ဘာစီလိုနာထံမွ ရစရာေတြ က်န္ေသးျပီး ေၾကြးက်န္ ေပါင္ သန္း ဆယ္ဂဏန္း ရွိေနေသးတယ္လို႔ သိရပါတယ္။

ျပီးခဲ့တဲ့ေႏြမွာ အင္တာမီလန္က လူကာကူနဲ႕ ဟာကိမိ ကို ေရာင္းခ်ခဲ့ေသာ္လည္း ဘ႑ာေရး အၾကပ္အတည္းမ်ား ရွိေနေသးတာေၾကာင့္ ေလာ္တယ္ရို မာတီနက္ဇ္နဲ႕ စကင္နီယာတို႔ကိုပါ ထပ္မံ ေရာင္းရဖြယ္ ရွိေနေသးတယ္လို႔ သိရပါတယ္။

ခ်ယ္ဆီး ခံစစ္မႈး ရူဒီဂါကို ေစာင့္ၾကည့္ေနတဲ့ အသင္းေတြမွာ လန္ဒန္ျပိဳင္ဘက္ စပါးအသင္းလည္း ပါ၀င္လာျပီး ဂ်ာမန္သားကို ရဖို႔ ဘိုင္ယန္ျမဴးနစ္ကေတာ့ ေရပန္းစားေနဆဲပါ။

လီဗာပူးအသင္းရဲ႕ ေတာင္ပံတိုက္စစ္သမား ရွာကြီရီ က ၄င္းဟာ မနွစ္က အသင္းေျပာင္းဖို႔ ၾကိဳးစားခဲ့ေပမယ့္ လီဗာပူး ဘက္က သူ႔ကို လက္မလႊတ္လိုခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ဂ်ာမနီအသင္းနဲ႕ အတူ ကမၻာ့ဖလား ျပိဳင္ပြဲမွာ ပါ၀င္ခြင့္ ရခ်င္တာေၾကာင့္ အာဆင္နယ္ ဂိုးသမား လီနိုဟာ ပြဲကစားခြင့္ ပိုရနိုင္မယ့္ အသင္းတစ္သင္းသင္းထံ ဇန္န၀ါရီမွာ ေျပာင္းေရႊ႕ဖြယ္ ရွိေနပါတယ္။

အာလင္း ဟာလန္းဟာ လက္ရွိ လစာရဲ႕ နွစ္ဆနဲ႕ သက္တမ္းတိုး စာခ်ဳပ္ တစ္ရပ္ ေဒါ့မြန္ထံမွ ကမ္းလွမ္းမႈ လက္ခံ ရရွိထားတယ္လို႔ သိရပါတယ္။

အမ္ဘတ္ပီဟာ ပီအက္စ္ဂ်ီ အသင္းနဲ႕ပဲ သက္တမ္းတိုးဖို႔ ေဆြးေႏြးမႈမ်ား စတင္ထားျပီ ျဖစ္ေၾကာင္း ၄င္း မိခင္က ေဖာ္ထုတ္လိုက္ပါတယ္။