ကာဗာနီကို သတိပေးခြင်း
ချယ်ဆီးနဲ့ ဥရုဂွေး ကွင်းလယ်ဟောင်း ဂက်စ် ပိုယက်ကတော့ တိုက်စစ်မှုး ကာဗာနီ အနေနဲ့ ဒီရာသီ အိုးထရက်ဖို့ဒ်မှာ အခြေမကျ ဖြစ်နေတဲ့ အပေါ် သတိပေးလိုက်ပြီး ယူနိက်တက်ကနေ ထွက်ခွာဖို့ တိုက်တွန်းခဲ့ပါတယ်။
” ကာဗာနီ အခြေမကျ ဖြစ်နေတာက တွေ့နေတာပဲ။ သူက အရင် အဓိက တိုက်စစ်မှုး ဖြစ်ခဲ့တာပါ။ သူ ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့သင့်ပြီ ထင်ပါတယ်။ ကျနော် သူ့ကို လူချင်း မသိပါဘူး။ ဒါပေမယ့် အကြံကောင်း ပြောတာပါ။ ” လို့ ပိုယက်က ဆိုပါတယ်။
အမ်ဘတ်ပီ လွှမ်းမိုးနိုင်တဲ့ ပေါ့ဘာရဲ့ အဆုံးအဖြတ်

စပိန်သတင်းဌာန AS အဆိုအရ နောက်နှစ် နွေမှာ အမ်ဘတ်ပီသာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့မယ် ဆိုရင် ၎င်းရဲ့ နိုင်ငံ အသင်းဖော် ပေါ့ဘာကလည်း ပြောင်းလာချင်တဲ့ အနေအထား ရှိတယ်လို့ သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ပေါ့ဘာကို စာချုပ်သစ် သက်တမ်းတိုးဖို့ မျှော်လင့်နေဆဲ ဖြစ်ပြီး ပြင်သစ်သားကို ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်တို့က ခေါ်ယူလိုနေဆဲပါ။ ဒါပေမယ့် အမ်ဘတ်ပီသာ စပိန်ကို ပြောင်းရွှေ့သွားရင် ပေါ့ဘာကလည်း အတူ ပြောင်းရွှေ့လိုနေတာကြောင့် ရီးရဲလ်အတွက် အခွင့်အရေးကောင်း ရှိနေပါတယ်။
အိုးထရက်ဖို့ဒ်မှာ ရှိလာမယ့် ဂျင်မီ မာဖီ ရုပ်တု
နောက်နှစ် အိုးထရက်ဖို့ဒ်ရဲ့ စထရက်ဖို့ဒ် ပွဲကြည့်စဉ်နောက်မှာ ဂျင်မီ မာဖီရဲ့ ရုပ်တု ထားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ မာဖီဟာ ကလပ်အသင်းနဲ့ အတူ ၁၉၄၈ ကနေ ၁၉၈၉ ကြား ကာလ အတွင်း အသင်း နည်းပြ အဖွဲ့ဝင်ထဲမှာ ပါဝင်ခဲ့သူ ဖြစ်ကာ ဂန္တဝင် တစ်ဦး အဖြစ် လေးစားခံရသူ ဖြစ်ပါတယ်။
ချူဝါမန်နီ ကို ဆက်လက် စိတ်ဝင်စားနေခြင်း
ယူနိုက်တက်ဟာ မိုနာကို အသင်းရဲ့ ပင်ကိုထူးချွန်တဲ့ ကွင်းလယ်ကစားသမား အော်ရီလီယန် ချူဝါမန်နီ ကို နွေအတွက် စောင့်ကြည့်နေကြောင်း ပြင်သစ် သတင်းတွေက ဆိုပါတယ်။
ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ကလည်း အသက် ၂၁ နှစ် အရွယ် ကွင်းလယ်သမားကို စိတ်ဝင်စားပေမယ့် ကစားသမားနဲ့ မိုနာကို စာချုပ်က ၂၀၂၄ ထိ ရှိနေဆဲပါ။ ချူဝါမန်နီရဲ့ ဈေးကွက်ပေါက်ဈေးက တန်ကြေး ယူရို ၃၅ သန်း ရှိပါတယ်။

ကာဗာနီကို သတိေပးျခင္း
ခ်ယ္ဆီးနဲ႕ ဥရုေဂြး ကြင္းလယ္ေဟာင္း ဂက္စ္ ပိုယက္ကေတာ့ တိုက္စစ္မႈး ကာဗာနီ အေနနဲ႕ ဒီရာသီ အိုးထရက္ဖို႔ဒ္မွာ အေျခမက် ျဖစ္ေနတဲ့ အေပၚ သတိေပးလိုက္ျပီး ယူနိက္တက္ကေန ထြက္ခြာဖို႔ တိုက္တြန္းခဲ့ပါတယ္။
” ကာဗာနီ အေျခမက် ျဖစ္ေနတာက ေတြ႔ေနတာပဲ။ သူက အရင္ အဓိက တိုက္စစ္မႈး ျဖစ္ခဲ့တာပါ။ သူ ဇန္န၀ါရီမွာ အသင္းေျပာင္းေရႊ႕သင့္ျပီ ထင္ပါတယ္။ က်ေနာ္ သူ႔ကို လူခ်င္း မသိပါဘူး။ ဒါေပမယ့္ အၾကံေကာင္း ေျပာတာပါ။ ” လို႔ ပိုယက္က ဆိုပါတယ္။
အမ္ဘတ္ပီ လႊမ္းမိုးနုိင္တဲ့ ေပါ့ဘာရဲ႕ အဆံုးအျဖတ္
စပိန္သတင္းဌာန AS အဆိုအရ ေနာက္နွစ္ ေႏြမွာ အမ္ဘတ္ပီသာ ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းေရႊ႕မယ္ ဆိုရင္ ၄င္းရဲ႕ နုိင္ငံ အသင္းေဖာ္ ေပါ့ဘာကလည္း ေျပာင္းလာခ်င္တဲ့ အေနအထား ရွိတယ္လို႔ သိရပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ေပါ့ဘာကို စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔ ေမွ်ာ္လင့္ေနဆဲ ျဖစ္ျပီး ျပင္သစ္သားကို ပီအက္စ္ဂ်ီနဲ႕ ဂ်ဴဗင္တပ္တို႔က ေခၚယူလိုေနဆဲပါ။ ဒါေပမယ့္ အမ္ဘတ္ပီသာ စပိန္ကို ေျပာင္းေရႊ႕သြားရင္ ေပါ့ဘာကလည္း အတူ ေျပာင္းေရႊ႕လိုေနတာေၾကာင့္ ရီးရဲလ္အတြက္ အခြင့္အေရးေကာင္း ရွိေနပါတယ္။
အိုးထရက္ဖို႔ဒ္မွာ ရွိလာမယ့္ ဂ်င္မီ မာဖီ ရုပ္တု
ေနာက္နွစ္ အိုးထရက္ဖို႔ဒ္ရဲ႕ စထရက္ဖို႔ဒ္ ပြဲၾကည့္စဥ္ေနာက္မွာ ဂ်င္မီ မာဖီရဲ႕ ရုပ္တု ထားဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။ မာဖီဟာ ကလပ္အသင္းနဲ႕ အတူ ၁၉၄၈ ကေန ၁၉၈၉ ၾကား ကာလ အတြင္း အသင္း နည္းျပ အဖြဲ႕၀င္ထဲမွာ ပါ၀င္ခဲ့သူ ျဖစ္ကာ ဂႏၱ၀င္ တစ္ဦး အျဖစ္ ေလးစားခံရသူ ျဖစ္ပါတယ္။
ခ်ဴ၀ါမန္နီ ကို ဆက္လက္ စိတ္၀င္စားေနျခင္း
ယူနိုက္တက္ဟာ မိုနာကို အသင္းရဲ႕ ပင္ကိုထူးခၽြန္တဲ့ ကြင္းလယ္ကစားသမား ေအာ္ရီလီယန္ ခ်ဴ၀ါမန္နီ ကို ေႏြအတြက္ ေစာင့္ၾကည့္ေနေၾကာင္း ျပင္သစ္ သတင္းေတြက ဆိုပါတယ္။
ခ်ယ္ဆီးနဲ႕ လီဗာပူးအသင္းတို႔ကလည္း အသက္ ၂၁ နွစ္ အရြယ္ ကြင္းလယ္သမားကို စိတ္၀င္စားေပမယ့္ ကစားသမားနဲ႕ မိုနာကို စာခ်ဳပ္က ၂၀၂၄ ထိ ရွိေနဆဲပါ။ ခ်ဴ၀ါမန္နီရဲ႕ ေစ်းကြက္ေပါက္ေစ်းက တန္ေၾကး ယူရို ၃၅ သန္း ရွိပါတယ္။
