ဘောလုံးကြယ်ပွင့် ကစားသမားတွေကို စုစည်းနေတဲ့ ပီအက်စ်ဂျီ အသင်းရဲ့ ၂၀၂၂ ပစ်မှတ် ကစားသမား စာရင်းထဲမှာ ဘိုင်ယန်မြူးနစ်ရဲ့ လီဝန်ဒေါစကီးနဲ့ ဒေါ့မွန်ရဲ့ ဟာလန်း တို့ ပါဝင်နေကြောင်း ပြင်သစ် သတင်းဌာနက ဖော်ထုတ်ထားပါတယ်။
လီဗာပူး တိုက်စစ်မှုး မိုဆာလက်ရဲ့ အေးဂျင့် ဖြစ်သူဟာ သက်တမ်းတိုး စာချုပ်ကိစ္စများ ဆွေးနွေးဖို့ လီဗာပူးသို့ ထွက်ခွာသွားပြီလို့ သိရပါတယ်။ ဆာလက်ဟာ ထိပ်တန်းအဆင့် ကစားသမား ဖြစ်တာကြောင့် တစ်ပတ် လုပ်ခ ပေါင် ၅ သိန်းထိ တောင်းဆိုရင်တောင် လီဗာပူးက လိုက်လျောရဖွယ် ရှိနေတယ်လို့လည်း အင်္ဂလန်သတင်းတွေက ဖော်ပြနေပါတယ်။

ဘာစီလိုနာအသင်းဟာ နောက်နှစ်နွေမှာ ချယ်ဆီးနဲ့ စာချုပ်ကုန်ဆုံးပြီး အလွတ်နဲ့ ရနိုင်မယ့် ခံစစ်မှုးတွေ ဖြစ်တဲ့ ခရစ္စတန်ဆန်နဲ့ ကွီတာကို ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။
အဲဗာတန် နည်းပြ ရာဖေး ဘင်နီတက်ဇ်ကတော့ ၎င်းကို ယခင် အသင်းဟောင်း နယူးကာဆယ် အသင်းက ပြန်ခေါ်ရင်တောင် ငြင်းဆန် ပယ်ချသွားမယ်လို့ ပြောဆိုထားပါတယ်။
ချယ်ဆီးခံစစ်မှုး ရူဒီဂါ က စာချုပ်သစ် သက်တမ်းတိုးဖို့မှာ တစ်ပတ် လုပ်ခ ပေါင် ၄ သိန်းထိ တောင်းဆိုနေပါတယ်။ လက်ရှိ ချယ်ဆီးရဲ့ လစာ အများဆုံး ကစားသမားက လူကာကူ ဖြစ်ပြီး တစ်ပတ် ပေါင် ၃သိန်းခွဲ ရရှိနေတာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ FFP စည်းမျဉ်းအရ ပေါင် သန်း ၁၄၀ ထပ်သုံးနိုင်ပေမယ့် လာမယ့် ဇန်နဝါရီမှာ ပေါင် သန်း ၅၀ ပဲ သုံးစွဲဖို့ ဘတ်ဂျက် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ပိုင်ရှင်သစ် ပြောင်းပြီးနောက် နယူးကာဆယ်က ဈေးကွက်ထဲ ငွေအလုံးအရင်း သုံးစွဲမယ်လို့ အများက မျှော်လင့်ထားခဲ့တာပါ။
အာဆင်နယ် အသင်းဟာ တိုက်စစ်မှုး လာကာဇက်နေရာ အစားထိုးဖို့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှုး လူကာ ဂျိုဗစ်ကို အလိုရှိနေပါတယ်။ လာကာဇက်ဟာ အာဆင်နယ်နဲ့ စာချုပ် နောက်ဆုံးနှစ်ထဲ ရောက်လာပေမယ့် သက်တမ်းတိုးဖို့ အသင်းဘက်က မလှုပ်ရှားတော့ပါဘူး။
မန်စီးတီး တိုက်စစ်မှုး ရာဟင်း စတားလင်းကို ဘာစီလိုနာက အသင်းမှာ အထိုင်မကျနိုင်တဲ့ တောင်ပံတိုက်စစ်သမား ဒမ်ဘီလီနေရာ အစားထိုးဖို့ ခေါ်ယူလိုနေပါတယ်။
မန်ချက်စတာ ဘုတ်အဖွဲ့ဟာ ရလဒ်တွေ ဆိုးဝါးနေသည့်တိုင် နည်းပြ ဆိုးရှားဘက်က ထောက်ခံနေဆဲ ဖြစ်ပြီး ဇန်နဝါရီမှာလည်း ဆိုးရှားကို အသုံးစရိတ် ပေါင် သန်း ၇၀ ထပ် သုံးခွင့်ပေးဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

Zawgyi
ေဘာလံုးၾကယ္ပြင့္ ကစားသမားေတြကို စုစည္းေနတဲ့ ပီအက္စ္ဂ်ီ အသင္းရဲ႕ ၂၀၂၂ ပစ္မွတ္ ကစားသမား စာရင္းထဲမွာ ဘိုင္ယန္ျမဴးနစ္ရဲ႕ လီ၀န္ေဒါစကီးနဲ႕ ေဒါ့မြန္ရဲ႕ ဟာလန္း တို႔ ပါ၀င္ေနေၾကာင္း ျပင္သစ္ သတင္းဌာနက ေဖာ္ထုတ္ထားပါတယ္။
လီဗာပူး တိုက္စစ္မႈး မိုဆာလက္ရဲ႕ ေအးဂ်င့္ ျဖစ္သူဟာ သက္တမ္းတိုး စာခ်ဳပ္ကိစၥမ်ား ေဆြးေႏြးဖို႔ လီဗာပူးသို႔ ထြက္ခြာသြားျပီလို႔ သိရပါတယ္။ ဆာလက္ဟာ ထိပ္တန္းအဆင့္ ကစားသမား ျဖစ္တာေၾကာင့္ တစ္ပတ္ လုပ္ခ ေပါင္ ၅ သိန္းထိ ေတာင္းဆိုရင္ေတာင္ လီဗာပူးက လိုက္ေလ်ာရဖြယ္ ရွိေနတယ္လို႔လည္း အဂၤလန္သတင္းေတြက ေဖာ္ျပေနပါတယ္။
ဘာစီလိုနာအသင္းဟာ ေနာက္နွစ္ေႏြမွာ ခ်ယ္ဆီးနဲ႕ စာခ်ဳပ္ကုန္ဆံုးျပီး အလြတ္နဲ႕ ရနုိင္မယ့္ ခံစစ္မႈးေတြ ျဖစ္တဲ့ ခရစၥတန္ဆန္နဲ႕ ကြီတာကို ေခၚယူဖို႔ ၾကံရြယ္ေနပါတယ္။
အဲဗာတန္ နည္းျပ ရာေဖး ဘင္နီတက္ဇ္ကေတာ့ ၄ငး္ကို ယခင္ အသင္းေဟာင္း နယူးကာဆယ္ အသင္းက ျပန္ေခၚရင္ေတာင္ ျငင္းဆန္ ပယ္ခ်သြားမယ္လို႔ ေျပာဆိုထားပါတယ္။
ခ်ယ္ဆီးခံစစ္မႈး ရူဒီဂါ က စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔မွာ တစ္ပတ္ လုပ္ခ ေပါင္ ၄ သိန္းထိ ေတာင္းဆိုေနပါတယ္။ လက္ရွိ ခ်ယ္ဆီးရဲ႕ လစာ အမ်ားဆံုး ကစားသမားက လူကာကူ ျဖစ္ျပီး တစ္ပတ္ ေပါင္ ၃သိန္းခြဲ ရရွိေနတာ ျဖစ္ပါတယ္။
နယူးကာဆယ္အသင္းဟာ FFP စည္းမ်ဥ္းအရ ေပါင္ သန္း ၁၄၀ ထပ္သံုးနိုင္ေပမယ့္ လာမယ့္ ဇန္န၀ါရီမွာ ေပါင္ သန္း ၅၀ ပဲ သံုးစြဲဖို႔ ဘတ္ဂ်က္ သတ္မွတ္လိုက္ေၾကာင္း သိရပါတယ္။ ပိုင္ရွင္သစ္ ေျပာင္းျပီးေနာက္ နယူးကာဆယ္က ေစ်းကြက္ထဲ ေငြအလံုးအရင္း သံုးစြဲမယ္လို႔ အမ်ားက ေမွ်ာ္လင့္္ထားခဲ့တာပါ။
အာဆင္နယ္ အသင္းဟာ တိုက္စစ္မႈး လာကာဇက္ေနရာ အစားထိုးဖို႔ ရီးရဲလ္မက္ဒရစ္ တိုက္စစ္မႈး လူကာ ဂ်ိဳဗစ္ကို အလိုရွိေနပါတယ္။ လာကာဇက္ဟာ အာဆင္နယ္နဲ႕ စာခ်ဳပ္ ေနာက္ဆံုးနွစ္ထဲ ေရာက္လာေပမယ့္ သက္တမ္းတိုးဖို႔ အသင္းဘက္က မလႈပ္ရွားေတာ့ပါဘူး။
မန္စီးတီး တိုက္စစ္မႈး ရာဟင္း စတားလင္းကို ဘာစီလိုနာက အသင္းမွာ အထိုင္မက်နုိင္တဲ့ ေတာင္ပံတိုက္စစ္သမား ဒမ္ဘီလီေနရာ အစားထုိးဖို႔ ေခၚယူလိုေနပါတယ္။
မန္ခ်က္စတာ ဘုတ္အဖြဲ႕ဟာ ရလဒ္ေတြ ဆိုး၀ါးေနသည့္တိုင္ နည္းျပ ဆိုးရွားဘက္က ေထာက္ခံေနဆဲ ျဖစ္ျပီး ဇန္န၀ါရီမွာလည္း ဆိုးရွားကို အသံုးစရိတ္ ေပါင္ သန္း ၇၀ ထပ္ သံုးခြင့္ေပးဖို႔ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။
