ဘုတ်အဖွဲ့ကို ခြိမ်းခြောက်ခဲ့တဲ့ ဖာနန်ဒက်စ်နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ အဓိက ဘောလုံးပေးပို့မှု ၁၃ ကြိမ် ထိ ပြုလုပ်ထားပြီး အများဆုံး အရေအတွက် ပြုလုပ်ထားတဲ့သူ ဖြစ်ကြောင်း Whoscored က ဖော်ပြထားပါတယ်။

ယူနိုက်တက် အတွက် ၂ပွဲ ပြန်ကစား ၂ဂိုး သွင်းထားတဲ့ တိုက်စစ်မှုး ရက်ဖို့ဒ်ဟာ အတ္တလန္တာနဲ့ ပွဲမှာ ခြေထောက် ဒဏ်ရာ ရသွားခဲ့တာကြောင့် ဒီတစ်ပတ် လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဘူး ဖြစ်နေပါတယ်။

မန်ချက်စတာ ကလပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ခု အဆိုအရ ယူနိုက်တက်ကစားသမားတွေဟာ နည်းပြ ဆိုးရှားက ပျော့လွန်းတယ် ယူဆနေကြပြီး အသင်းကို ခပ်မာမာ ကိုင်တွယ်၊ ပြောဆို လမ်းညွှန်မယ့် မန်နေဂျာမျိုး ကြောက်နေရမယ့် သူမျိုး လိုတယ်လို့ ပြောဆိုနေကြကြောင်း The Athletic က ဖော်ထုတ်ထားပါတယ်။

အတ္တလန္တာကို နိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ အုပ်စု F ပထမ နေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဆိုးရှားကတော့ သူ့ ကစားသမားတွေဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ကစားနေကြသူတွေ ဖြစ်တာကြောင့် လေးစားမှု ပေးဖို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

ညက အတ္တလန္တာနဲ့ပွဲမှာ ပြန်မလာနိုင်ခင် ပထမပိုင်းအတွင်း ပရိသတ်တချို့က ယူနိုက်တက်အသင်းကို လှောင်ပြောင်ခဲ့တဲ့နောက် အိုလီဂန်နာဆိုးရှား က ထိုသို့ ပြောဆိုခဲ့တာ ဖြစ်ပြီး ယူနိုက်တက် ပရိသတ်တွေကို တိုက်ရိုက် ဝေဖန်ပြောဆိုတာက မိုက်မဲတာပဲလို့ ဂျေမီကာရေဂါက သတိပေးခဲ့ပါတယ်။

ရော်နယ်ဒို က ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ် ဖလား သုံးကြိမ် ဆက် ယူခဲ့တဲ့ ဆရာဟောင်း ဇီဒန်း ကို ယူနိုက်တက်မှာ နည်းပြ အဖြစ် ခန့်ဖို့ ထောက်ခံချက် ပေးထားကြောင်း သိရပါတယ်။

ဥရောပစူပါလိဂ်ကို အဆိုပြုခဲ့တဲ့ ကလပ် ၁၂ သင်းထဲ ယူနိုက်တက် ပါဝင်ခဲ့တယ်ဆိုတာ ကြားခဲ့ရတဲ့နောက် ဖာနန်ဒက်စ်ဟာ အသင်းကနေ ထွက်သွားမယ်ဆိုတဲ့ တောင်းဆိုမှုနဲ့ ဘုတ်အဖွဲ့ဝင်တွေကို ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi

ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ အဓိက ေဘာလံုးေပးပို႔မႈ ၁၃ ၾကိမ္ ထိ ျပဳလုပ္ထားျပီး အမ်ားဆံုး အေရအတြက္ ျပဳလုပ္ထားတဲ့သူ ျဖစ္ေၾကာင္း Whoscored က ေဖာ္ျပထားပါတယ္။

ယူနိုုက္တက္ အတြက္ ၂ပြဲ ျပန္ကစား ၂ဂိုး သြင္းထားတဲ့ တိုက္စစ္မႈး ရက္ဖို႔ဒ္ဟာ အတၱလႏၱာနဲ႕ ပြဲမွာ ေျခေထာက္ ဒဏ္ရာ ရသြားခဲ့တာေၾကာင့္ ဒီတစ္ပတ္ လီဗာပူးနဲ႕ ပရီးမီးယားလိဂ္ပြဲမွာ ပါ၀င္နုိင္ဖို႔ မေသခ်ာဘူး ျဖစ္ေနပါတယ္။

မန္ခ်က္စတာ ကလပ္နဲ႕ နီးစပ္တဲ့ သတင္းရင္းျမစ္ တစ္ခု အဆိုအရ ယူနိုက္တက္ကစားသမားေတြဟာ နည္းျပ ဆိုးရွားက ေပ်ာ့လြန္းတယ္ ယူဆေနၾကျပီး အသင္းကို ခပ္မာမာ ကိုင္တြယ္၊ ေျပာဆို လမ္းညႊန္မယ့္ မန္ေနဂ်ာမ်ိဳး ေၾကာက္ေနရမယ့္ သူမ်ိဳး လိုတယ္လို႔ ေျပာဆိုေနၾကေၾကာင္း The Athletic က ေဖာ္ထုတ္ထားပါတယ္။

အတၱလႏၱာကို နုိင္ခဲ့ျပီးေနာက္ ယူနိုက္တက္ဟာ အုပ္စု F ပထမ ေနရာသို႔ ေရာက္ရွိလာခဲ့ျပီ ျဖစ္ပါတယ္။ ဆိုးရွားကေတာ့ သူ႔ ကစားသမားေတြဟာ မန္ခ်က္စတာ ယူနိုက္တက္ အတြက္ ကစားေနၾကသူေတြ ျဖစ္တာေၾကာင့္ ေလးစားမႈ ေပးဖို႔ ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။

ညက အတၱလႏၲာနဲ႔ပြဲမွာ ျပန္မလာႏိုင္ခင္ ပထမပိုင္းအတြင္း ပရိသတ္တခ်ိဳ႕က ယူႏိုက္တက္အသင္းကို ေလွာင္ေျပာင္ခဲ့တဲ့ေနာက္ အိုလီဂန္နာဆိုးရွား က ထိုသို႔ ေျပာဆိုခဲ့တာ ျဖစ္ျပီး ယူႏိုက္တက္ ပရိသတ္ေတြကို တိုက္႐ိုက္ ေဝဖန္ေျပာဆိုတာက မိုက္မဲတာပဲလို႔ ေဂ်မီကာေရဂါက သတိေပးခဲ့ပါတယ္။

ေရာ္နယ္ဒို က ရီးရဲလ္မက္ဒရစ္နဲ႕ အတူ ခ်န္ပီယံလိဂ္ ဖလား သံုးၾကိမ္ ဆက္ ယူခဲ့တဲ့ ဆရာေဟာင္း ဇီဒန္း ကို ယူနိုက္တက္မွာ နည္းျပ အျဖစ္ ခန္႔ဖို႔ ေထာက္ခံခ်က္ ေပးထားေၾကာင္း သိရပါတယ္။

ဥေရာပစူပါလိဂ္ကို အဆိုျပဳခဲ့တဲ့ ကလပ္ ၁၂ သင္းထဲ ယူနိုက္တက္ ပါဝင္ခဲ့တယ္ဆိုတာ ၾကားခဲ့ရတဲ့ေနာက္ ဖာနန္ဒက္စ္ဟာ အသင္းကေန ထြက္သြားမယ္ဆိုတဲ့ ေတာင္းဆိုမႈနဲ႔ ဘုတ္အဖြဲ႕ဝင္ေတြကို ၿခိမ္းေျခာက္ခဲ့တယ္လို႔ သိရပါတယ္။