အဲဗာတန်နဲ့ ဘလက်ဘန်း တိုက်စစ်မှုးဟောင်း ယာကုဘူ က ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အာဖရိက ကစားသမား ဆိုရင် ချယ်ဆီးတိုက်စစ်မှုးဟောင်း ဒရော့ဘာပဲ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လီဗာပူး တိုက်စစ် သမား မိုဆာလာရဲ့ ဂိုးသွင်း ဘယ်လောက်ကြမ်းကြမ်း ဒရော့ဘာက အကောင်းဆုံးလို့ ၎င်းက ညွှန်းဆိုခဲ့ပါတယ်။
ရူဒီဂါနဲ့ သက်တမ်းတိုး စာချုပ် ဆွေးနွေးမှုဟာ လုပ်ခလစာ ညှိနှိုင်း မရတာကြောင့် အဆင်မပြေသေးတာ ဖြစ်ပေမယ့် ချယ်ဆီးအသင်းဟာ ဂျာမန်သားကို ထပ်တိုး ကမ်းလှမ်းမှု ပြုလုပ်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။

ချယ်ဆီး အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်သမား ဖက်ဒရီကို ဗယ်ဗာဒီ ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း သတင်းထွက်လာပါတယ်။ ဥရုဂွေးသားဟာ ၂၀၂၇ နွေထိ ရီးရဲလ်နဲ့ စာချုပ် ရှိနေပါတယ်။ တူချယ်က ဂျော်ဂျင်ဟို ကိုပဲ အားထားနေရတဲ့ ချယ်ဆီး ကွင်းလယ် အင်အားကို တိုးမြှင့်လိုနေပါတယ်။
ယူအီးအက်ဖ်အေရဲ့ နောက်ဆုံးထွက် အဆင့်သတ်မှတ်ချက်မှာ ချယ်ဆီးက အဆင့်တက်လာပြီး အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ ထိပ်ဆုံး ၁၀ သင်းထဲမှာ ပရီးမီးယားလိဂ်မှ မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ ပါဝင်နေပါတယ်။
ချယ်ဆီး ခံစစ်မှုး ခရစ္စတန်ဆန် က သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရကြောင်း အသိပေး ထားပြီးပေမယ့် လန်ဒန်ကလပ်မှာပဲ ဆက်လက် နေလိုကြောင်း သဘောထား ဖော်ပြထားပါတယ်။
ချယ်ဆီး ကွင်းလယ်တိုက်စစ်သမား ပူလီဆစ်ဟာ ဒဏ်ရာကနေ သက်သာပျောက်ကင်းနေပြီး ကော့ဘ်ဟမ်း ထရိန်နင်မှာ လေ့ကျင့်နေပြီ ဖြစ်ပါတယ်။

Zawgyi
အဲဗာတန္နဲ႕ ဘလက္ဘန္း တိုက္စစ္မႈးေဟာင္း ယာကုဘူ က ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး အာဖရိက ကစားသမား ဆိုရင္ ခ်ယ္ဆီးတိုက္စစ္မႈးေဟာင္း ဒေရာ့ဘာပဲ ျဖစ္တယ္လို႔ ေျပာဆိုုလိုက္ပါတယ္။ လီဗာပူး တိုက္စစ္ သမား မိုဆာလာရဲ႕ ဂိုးသြင္း ဘယ္ေလာက္ၾကမ္းၾကမ္း ဒေရာ့ဘာက အေကာင္းဆံုးလို႔ ၄င္းက ညႊန္းဆိုခဲ့ပါတယ္။
ရူဒီဂါနဲ႕ သက္တမ္းတိုး စာခ်ဳပ္ ေဆြးေႏြးမႈဟာ လုပ္ခလစာ ညွိနိႈင္း မရတာေၾကာင့္ အဆင္မေျပေသးတာ ျဖစ္ေပမယ့္ ခ်ယ္ဆီးအသင္းဟာ ဂ်ာမန္သားကို ထပ္တိုး ကမ္းလွမ္းမႈ ျပဳလုပ္ေတာ့မွာ မဟုတ္ေၾကာင္း သိရပါတယ္။
ခ်ယ္ဆီး အသင္းဟာ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္သမား ဖက္ဒရီကို ဗယ္ဗာဒီ ကို ေခၚယူဖို႔ မ်က္စိက်ေနေၾကာင္း သတင္းထြက္လာပါတယ္။ ဥရုေဂြးသားဟာ ၂၀၂၇ ေႏြထိ ရီးရဲလ္နဲ႕ စာခ်ဳပ္ ရွိေနပါတယ္။ တူခ်ယ္က ေဂ်ာ္ဂ်င္ဟို ကိုပဲ အားထားေနရတဲ့ ခ်ယ္ဆီး ကြင္းလယ္ အင္အားကို တိုးျမွင့္လိုေနပါတယ္။
ယူအီးအက္ဖ္ေအရဲ႕ ေနာက္ဆံုးထြက္ အဆင့္သတ္မွတ္ခ်က္္မွာ ခ်ယ္ဆီးက အဆင့္တက္လာျပီး အဆင့္ ၄ ေနရာမွာ ရွိေနပါတယ္။ ထိပ္ဆံုး ၁၀ သင္းထဲမွာ ပရီးမီးယားလိဂ္မွ မန္စီးတီး၊ လီဗာပူး၊ ခ်ယ္ဆီးနဲ႕ ယူနိုက္တက္တို႔ ပါ၀င္ေနပါတယ္။
ခ်ယ္ဆီး ခံစစ္မႈး ခရစၥတန္ဆန္ က သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ မရေၾကာင္း အသိေပး ထားျပီးေပမယ့္ လန္ဒန္ကလပ္မွာပဲ ဆက္လက္ ေနလိုေၾကာင္း သေဘာထား ေဖာ္ျပထားပါတယ္။
ခ်ယ္ဆီး ကြင္းလယ္တိုက္စစ္သမား ပူလီဆစ္ဟာ ဒဏ္ရာကေန သက္သာေပ်ာက္ကင္းေနျပီး ေကာ့ဘ္ဟမ္း ထရိန္နင္မွာ ေလ့က်င့္ေနျပီ ျဖစ္ပါတယ္။
