မနေချင် ထွက်နိုင်တယ် ပြောခံလိုက်ရတဲ့ ဟာဇက်နဲ့ ယနေ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတိုများ
ဒွန်နီ ဗန်ဒီဘိခ်ရဲ့ အသင်းဖော်တွေက မန်ချက်စတာ ယူနိုက်တက်ကနေ လွတ်မြောက်ဖို့ လက်ရှိ အေးဂျင့်ကို ပြောင်းကာ အသစ်ခန့် လှုပှ်ရားဖို့ တိုက်တွန်းနေကြောင်း သိရပါတယ်။ ဒီတလော သီတင်းပတ်များမှာ ၄င်းကို အဲဗာတန်နဲ့ ဝုဗ်တို့က ချိတ်ဆက် မေးမြန်းထားပါတယ်။
Unicode
လီဗာပူးအသင်းဟာ ရီးရဲလ် တိုက်စစ်သမား လူကာဂျိုဗစ်ကို ခေါ်ဖို့ ထပ်မံ အာရုံစိုက်လာကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ယာဂင်ကလော့ပ်ဟာ ဆားဘီးယားသားကို အရင်ကလည်း စိတ်ဝင်စားဖူးပါတယ်။
ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီက ဟာဇက် အနေနဲ့ အသင်းကနေ ထွက်ခွာသွားရင် ပျော်မိမှာ ဖြစ်ကြောင်းနဲ့ ကစားသမား တစ်ယောက် ဆန္ဒကို ဆန့်ကျင်ပြီး ဘယ်သူ့ကိုမှ ဆွဲမထားဖူးကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အန်တိုနီယို ကွန်တီ ဟာ မန်ချက်စတာ ယူနိုက်တက်ကို ရာသီဝက်မှာ နည်းပြ အဖြစ် တာဝန်ယူမှာ မဟုတ်သလို အပြောင်းအရွှေ့ ကိစ္စတွေမှာ သူ တစ်ဦးတည်း အဓိက ဆုံးဖြတ်နိုင်တဲ့ ပါဝါ ရမှသာ မန်ချက်စတာသို့ လာချင်တယ် လို့ သိရပါတယ်။
အေစီမီလန်အသင်းဟာ ဇန်နဝါရီမှာ မာဆေး ကွင်းလယ်ကစားသမား ကာမာရာ ကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ အသက် ၂၁ နှစ် အရွယ် ကစားသမားဟာ ရာသီကုန်မှာ မာဆေးနဲ့ စာချုပ် ကုန်ဆုံးမှာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်မှ အသက် ၁၈ နှစ်အရွယ် ခံစစ်မှုးလေး မာဗယ် ကို စောင့်ကြည့်နေပါတယ်။ ၎င်းရဲ့ ခြေစွမ်းတွေကြောင့် တခြားကလပ်အသင်းတွေကလည်း သတိပြု လေ့လာနေကြပါတယ်။
နယူးကာဆယ် အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီ ခရူးစ်ကို ခေါ်ဖို့ စိတ်ဝင်စားလာပါတယ်။ အသက် ၃၁ နှစ် အရွယ် ဂျာမနီလက်ရွေးစင် အတွက် နယူးကာဆယ်က ယူရို သန်း ၃၀ ကမ်းလှမ်းဖို့ ရှိနေပါတယ်။
ဒွန်နီ ဗန်ဒီဘိခ်ရဲ့ အသင်းဖော်တွေက မန်ချက်စတာ ယူနိုက်တက်ကနေ လွတ်မြောက်ဖို့ လက်ရှိ အေးဂျင့်ကို ပြောင်းကာ အသစ်ခန့် လှုပ်ှရားဖို့ တိုက်တွန်းနေကြောင်း သိရပါတယ်။ ဒီတလော သီတင်းပတ်များမှာ ၎င်းကို အဲဗာတန်နဲ့ ဝုဗ်တို့က ချိတ်ဆက် မေးမြန်းထားပါတယ်။