ယူနိုက်တက်နည်းပြဘဝ အရဲရင့်ဆုံး ဆုံးဖြတ်ချက် ချနိုင်ဖို့ ဆိုးရှားအား ဖာဒီနန်နဲ့ စခိုး တိုက်တွန်း

အောက်တိုဘာလက လီဗာပူးကို ၅ ဂိုးပြတ် ရှုံးခဲ့တဲ့ပွဲမှာ အနီကဒ်ရခဲ့တဲ့နောက် ပေါ့ဘာက ယူနိုက်တက်အတွက် ထပ်ပြီး မကစားပေးသင့်တော့ဘူးလို့ စခိုးက မှတ်ချက်ပေးခဲ့ပါတယ်။

ယူနိုက်တက်မှာ နည်းပြအဆက်ဆက် ပြဿနာတွေ ရှာနေတဲ့ ပေါ့ဘာကိစ္စဟာ ဆိုးရှားလက်ထက်မှာ ရပ်တန့်သင့်ပြီး ကလပ်ဂန္တဝင်တွေဖြစ်တဲ့ စခိုးနဲ့ ဖာဒီနန်တို့က ထုတ်ပြောလာတာပါ။ ဖာဒီနန်ဆိုရင် ပေါ့ဘာနေရာမှာ ဘန်ဒီဘိခ်ကို ထုတ်သုံးတာက နည်းစနစ်ပိုင်းအရ အကျိုးဖြစ်မယ်လို့ပါ မြင်နေတာဖြစ်တယ်။

“ အိုလီက ဆက်ပြီး နည်းပြဖြစ်နေသေးတယ်ဆိုရင် ပေါ့ဘာကို ယူနိုက်တက်ဂျာစီနဲ့ ထပ်ပြီး မြင်တွေ့ရဦးမလားဆိုတာ စဉ်းစားကြည့်ပါ။ သူကလွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဝရုန်းသုန်းကား ပြဿနာတွေ ဖြစ်စေခဲ့တယ်။

သူ့ရဲ့ အရည်အသွေးကို လူတိုင်းသိတယ်။ လူတိုင်းက သူ့ကိုယုံတယ်။ နည်းပြတိုင်းက သူ့ကိုယုံကြည်ပြီး အကောင်းဆုံးခြေစွမ်းရအောင် လွတ်လွတ်လပ်လပ် ပေးကစားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဆူညံပွက်လောရိုက်နေတာတွေနဲ့ သူ စာချုပ်ထပ်မချုပ်ဘူး။ ကလပ်ကို ပိုက်ဆံပိုပေးဖို့ အကျပ်ကိုင်တယ်။ ပြီးရင် ဒုံရင်းက ဒုံရင်း ပြန်ဖြစ်နေဦးမှာပဲ။

သူ အသင်းအတွက် ထပ်ပြီး ကစားခွင့်ရဦးမှာလား။ ဒါပေမယ့် သူ မကစားရင်လဲ အသင်းက ဘာမှ မနစ်နာသွားဘူးလို့ ကျွန်တော်ထင်တယ် ” လို့ ပေါ့ဘာနဲ့ ပတ်သက်ပြီး စခိုးက ဝေဖန်သုံးသပ်ခဲ့တာဖြစ်ပါတယ်။

ရီယို ဖာဒီနန်ကလည်း “ပေါ့ဘာက တချိန်လုံး သူ့ကို နောက်က လိုက်ပြောပေးမယ့်သူ တစ်ယောက်ယောက်ကို လိုတယ်။ အခု သူ့အသက် ၂၈ နှစ် မပြောနဲ့ အသက် ၃၅ နှစ်လောက် ရောက်ရင်တောင် ဒီလို ပေါက်တတ်ကရတွေ ဆက်လုပ်နေဦးမယ့် လူမျိုးပဲ ”လို့ ဝေဖန်ခဲ့ပါတယ်။

ဗန်ဒီဘိခ်ရဲ့ တစ်ချက်ထိ ဘောလုံးကစားမှုနဲ့ အသင်းဖော်တွေအတွက် တိုက်ခိုက်ပေးလိုမှုက ပြီးခဲ့တ့ အတ္တလန်တာပွဲ လူစားဝင်ချိန်မှာ မြင်ခဲ့ရတယ်။ ယူနိုက်တက် လိုအပ်နေတာက သူ့လို ကစားသမားမျိုးလို့ ဖာဒီနန်က ပြောပါတယ်။

ဖာဒီနန်က “သူက ဘောလုံး တချက်ထိ၊ နှစ်ချက်ထိ ကစားရတာ ကြိုက်တဲ့ ကစားသမား တစ်ယောက်လို့ ထင်ပါတယ်။ သူက ရိုးရိုးရှင်းရှင်း တခြားသူတွေ ခြေစွမ်းပြနိုင်အောင် သူ့ကိုယ်သူ စွန့်လွှတ် ကူညီပေးတတ်တဲ့ သူမျိုးပါ။

ဘယ်လို အသင်းကောင်းမှာမဆို ဒီလို ကစားသမားမျိုးတွေ လိုပါတယ်။ သူက တခြားကစားသမားတွေကို ပူးပေါင်းစေပြီး ပိုကောင်းကောင်း ကစားနိုင်စေမယ့် ကစားသမားတစ်ယောက်ပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI – ေအာက္တိုဘာလက လီဗာပူးကို ၅ ဂိုးျပတ္ ရႈံးခဲ့တဲ့ပြဲမွာ အနီကဒ္ရခဲ့တဲ့ေနာက္ ေပါ့ဘာက ယူႏုိက္တက္အတြက္ ထပ္ၿပီး မကစားေပးသင့္ေတာ့ဘူးလို႔ စခိုးက မွတ္ခ်က္ေပးခဲ့ပါတယ္။

ယူႏုိက္တက္မွာ နည္းျပအဆက္ဆက္ ျပႆနာေတြ ရွာေနတဲ့ ေပါ့ဘာကိစၥဟာ ဆိုးရွားလက္ထက္မွာ ရပ္တန္႔သင့္ျပီး ကလပ္ဂႏၱဝင္ေတြျဖစ္တဲ့ စခိုးနဲ႔ ဖာဒီနန္တို႔က ထုတ္ေျပာလာတာပါ။ ဖာဒီနန္ဆိုရင္ ေပါ့ဘာေနရာမွာ ဘန္ဒီဘိခ္ကို ထုတ္သံုးတာက နည္းစနစ္ပိုင္းအရ အက်ိဳးျဖစ္မယ္လို႔ပါ ျမင္ေနတာျဖစ္တယ္။

“ အိုလီက ဆက္ၿပီး နည္းျပျဖစ္ေနေသးတယ္ဆိုရင္ ေပါ့ဘာကို ယူႏိုက္တက္ဂ်ာစီနဲ႔ ထပ္ၿပီး ျမင္ေတြ႕ရဦးမလားဆိုတာ စဥ္းစားၾကည့္ပါ။ သူကလြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ဝ႐ုန္းသုန္းကား ျပႆနာေတြ ျဖစ္ေစခဲ့တယ္။

သူ႔ရဲ႕ အရည္အေသြးကို လူတိုင္းသိတယ္။ လူတိုင္းက သူ႔ကိုယုံတယ္။ နည္းျပတိုင္းက သူ႔ကိုယုံၾကည္ၿပီး အေကာင္းဆုံးေျခစြမ္းရေအာင္ လြတ္လြတ္လပ္လပ္ ေပးကစားဖို႔ ႀကိဳးစားခဲ့တယ္။ ဒါေပမယ့္ ဆူညံပြက္ေလာ႐ိုက္ေနတာေတြနဲ႔ သူ စာခ်ဳပ္ထပ္မခ်ဳပ္ဘူး။ ကလပ္ကို ပိုက္ဆံပိုေပးဖို႔ အက်ပ္ကိုင္တယ္။ ၿပီးရင္ ဒုံရင္းက ဒုံရင္း ျပန္ျဖစ္ေနဦးမွာပဲ။

သူ အသင္းအတြက္ ထပ္ၿပီး ကစားခြင့္ရဦးမွာလား။ ဒါေပမယ့္ သူ မကစားရင္လဲ အသင္းက ဘာမွ မနစ္နာသြားဘူးလို႔ ကြၽန္ေတာ္ထင္တယ္ ” လို႔ ေပါ့ဘာနဲ႔ ပတ္သက္ျပီး စခိုးက ေဝဖန္သုံးသပ္ခဲ့တာျဖစ္ပါတယ္။

ရီယို ဖာဒီနန္ကလည္း “ေပါ့ဘာက တခ်ိန္လုံး သူ႔ကို ေနာက္က လိုက္ေျပာေပးမယ့္သူ တစ္ေယာက္ေယာက္ကို လိုတယ္။ အခု သူ႔အသက္ ၂၈ ႏွစ္ မေျပာနဲ႔ အသက္ ၃၅ ႏွစ္ေလာက္ ေရာက္ရင္ေတာင္ ဒီလို ေပါက္တတ္ကရေတြ ဆက္လုပ္ေနဦးမယ့္ လူမ်ိဳးပဲ ”လို႔ ေဝဖန္ခဲ့ပါတယ္။

ဗန္ဒီဘိခ္ရဲ႕ တစ္ခ်က္ထိ ေဘာလံုးကစားမႈနဲ႔ အသင္းေဖာ္ေတြအတြက္ တိုက္ခိုက္ေပးလိုမႈက ျပီးခဲ့တ့ အတၱလန္တာပြဲ လူစားဝင္ခ်ိန္မွာ ျမင္ခဲ့ရတယ္။ ယူႏုိက္တက္ လိုအပ္ေနတာက သူ႔လို ကစားသမားမ်ိဳးလို႔ ဖာဒီနန္က ေျပာပါတယ္။

ဖာဒီနန္က “သူက ေဘာလုံး တခ်က္ထိ၊ ႏွစ္ခ်က္ထိ ကစားရတာ ႀကိဳက္တဲ့ ကစားသမား တစ္ေယာက္လို႔ ထင္ပါတယ္။ သူက ႐ိုး႐ိုးရွင္းရွင္း တျခားသူေတြ ေျခစြမ္းျပႏိုင္ေအာင္ သူ႔ကိုယ္သူ စြန႔္လႊတ္ ကူညီေပးတတ္တဲ့ သူမ်ိဳးပါ။

ဘယ္လို အသင္းေကာင္းမွာမဆို ဒီလို ကစားသမားမ်ိဳးေတြ လိုပါတယ္။ သူက တျခားကစားသမားေတြကို ပူးေပါင္းေစၿပီး ပိုေကာင္းေကာင္း ကစားႏိုင္ေစမယ့္ ကစားသမားတစ္ေယာက္ပါ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။