ရန်းနစ်နဲ့ ဗာနာ၊ လာကာဇက်ကို အမြန် ခေါ်ချင်နေတဲ့ အေစီ၊ ဟာလန်း အလားအလာနဲ့ အပြောင်းအရွှေ့ သတင်းများ

တော့တင်ဟမ် စပါးအသင်းဟာ နာပိုလီ တိုက်စစ်မှုး လိုရန်ဇို အင်ဆာဂီ ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း အီတလီ သတင်းတွေမှာ ဖော်ပြလာပါတယ်။ အသက် ၃၀ အရွယ် တိုက်စစ်မှုးကို နေပယ်လ်မှာ ဆက်နေ်ဖို့ စာချုပ်သစ် ကမ်းလှမ်းထားသော်လည်း ကစားသမားက စဉ်းစားနေဆဲပါ။ ၎င်းကို အင်တာကလည်း စောင့်ကြည့်နေပါတယ်။

ရန်းနစ် မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်လာတဲ့နောက် ချယ်ဆီး တိုက်စစ်မှုး တီမိုဗာနာဟာ ယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်လာဖွယ် ရှိတယ်လို့ ဂျာမန်သတင်းတွေက ဆိုပါတယ်။ ရန်းနစ်ဟာ ဗာနာကို သူ လိုက်ပ်ဇစ်မှာ ရှိစဉ်ကလည်း ခေါ်ယူခဲ့ပြီး လုံးဝ ယုံကြည် အားထားခဲ့တာပါ။

အသက် ၃၂ နှစ် ရှိပြီ ဖြစ်တဲ့ အင်တာ တောင်ပံတိုက်စစ်သမား ပါရီဆစ်ဟာ စပါးအသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။ ၎င်းက နောက်နှစ်နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ အသင်းသစ် ရွေးချယ်နိုင်မှာပါ။

အေစီမီလန်အသင်းဟာ အာဆင်နယ် တိုက်စစ်မှုး လာကာဇက်ကို မြန်နိုင်သမျှ မြန်မြန် ခေါ်ယူချင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ်သားကို ရာသီကုန် နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ရနိုင်ပေမယ့် အေစီမီလန်က မစောင့်လိုဘဲ ဇန်နဝါရီမှာ ကမ်းလှမ်းဖွယ် ရှိပါတယ်။

ဘာစီလိုနာ အသင်းဟာ မန်စီးတီး ယူရို သန်း ၇ဝ ဈေးသတ်မှတ်ထားတဲ့ စပိန် တိုက်စစ်သမား ဖာရန် တောရက်စ် ကို ခေါ်ယူဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်ကနေ စောစောစီးစီး လက်ပြလိုက်ရတဲ့နောက် တိုက်စစ်မှုး ဟာလန်းဟာ ဇန်နဝါရီမှာ အသင်းပြောင်းသွားမလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ အာဆင်နယ်က လှုပ်ရှားမှုတွေ သိပ်လုပ်ဖြစ်မှာ မဟုတ်ဘဲ ငြိမ်သက်တဲ့ ဈေးကွက်ကာလကိုသာ ဖြတ်သန်းဖြစ်ဖို့ ရှိကြောင်း နည်းပြ အာတီတာက ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ တီမိုဗာနာနဲ့ ဇီယက်တို့ကို လာလီဂါ ကလပ် ဘာစီလိုနာ အသင်းထံ ရောင်းချဖို့ လမ်းဖွင့်ထားကြောင်း သတင်းထွက်လာပါတယ်။ ဘာစီလိုနာက ထို ကစားသမား ၂ဦးလုံးကို တခါတည်း ဝယ်ယူနိုင်မှာ မဟုတ်ပေမယ့် ကနဦး အငှားနဲ့ ကြိုးစားဖွယ် ရှိပါတယ်။