ဇန်နဝါရီ ဖြစ်နိုင်ဖွယ် အဝင်အထွက် စာရင်း၊ ဟာဗက်ဇ်၊ ကိုဗာဆစ်တို့ ဒဏ်ရာအခြေအနေနဲ့ ချယ်ဆီး သတင်းများ

အက်ဖ်အေဖလား တတိယအဆင့် မဲခွဲမှု ရလဒ်တွေ မနေ့ညက ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ ချယ်ဆီးအသင်းဟာ အင်္ဂလန် ပဉ္စမတန်း အဆင့်လိဂ်မှ အသင်းငယ် ချက်စတာဖီးအသင်းနဲ့ တွေ့ဆုံနေပါတယ်။ ပွဲစဉ်ကတော့ ဇန်နဝါရီ ၇နဲ့ ၁ဝ ရက်ကြား စတန်းဖို့ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင် ကစားကြရမှာပါ။

ဂျာမန်သား တိုက်စစ်သမား ကိုင်ဟာဗက်ဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ထိခိုက်မှု ရှိခဲ့ပေမယ့် ပြင်းထန်တဲ့ ဒဏ်ရာ ရပုံမပေါ်ဘဲ ဇင်းနစ်နဲ့ ပွဲမှာ ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

ကွင်းလယ်ကစားသမား ကိုဗာဆစ်ကတော့ ကြံ့ခိုင်မှု အပြည့် ရလုနီးပါ ရှိနေပြီလို့ သိရပြီး ဇင်းနစ်နဲ့ ချန်ပီယံလိဂ် ပွဲမှာ ပါဝင်ဖို့တော့ သူ့အတွက် စောလွန်းနေပုံပါ။ ဒီသီတင်းပတ်ကုန် လိဒ်နဲ့ ပွဲမှာတော့ ကိုဗစ်ဆစ် ပါဝင် ကစားနိုင်မယ် မျှော်လင့်ရပါတယ်။

ချယ်ဆီးအသင်းဟာ ဖီနာဘာချီ ဗဟိုခံစစ်သမား Attila Szalai ကို ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ၎င်းရဲ့ ဟန်ဂေရီ လက်ရွေးစင် အသင်း နည်းပြချုပ်ကတော့ အပြောင်းအရွှေ့ ကိစ္စက ပြီးမြောက်နေပြီလို့တောင် ဆိုထားပါတယ်။

ချယ်ဆီးအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာ သိပ်ကြီး လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ မရှိပါဘူး။ ဒါပေမယ့် ကစားသမား အဝင်အထွက် အနည်းငယ်တော့ ရှိဖွယ် ရှိပြီး ဖြစ်နိုင်ဖွယ် ကစားသမား အဝင်အထွက် စာရင်းမှာ ၇ ယောက်ထိ ရှိနေပါတယ်။

ကစားသမား ဖြစ်နိုင်ဖွယ် အဝင် စာရင်းမှာ ဒမ်ဘီလီ၊ ဟာဇက်၊ ကွန်ဒဲလ်၊ တဂ်လီယာဖီကိုတို့ ပါဝင်ပြီး ထွက်ခွာနိုင်ခြေ ရှိတဲ့ သူတွေကတော့ ဇီယက်၊ ရူဒီဂါနဲ့ ရော့စ်ဘာကလေတို့ ဖြစ်ပါတယ်။

ချယ်ဆီး ပရိသတ်တွေကတော့ ရီးရဲလ်မှာ ရုန်းကန်နေရတဲ့ အသင်း ကြယ်ပွင့်ဟောင်း အီဒင် ဟာဇက်ကို ပြန်လည် ခေါ်ယူဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်က ဟာဇက်ကို ပေါင် ၂၁ သန်းလောက် ရရင်ကို ရောင်းချလိုနေတာပါ။

Zawgyi

အက္ဖ္ေအဖလား တတိယအဆင့္ မဲခြဲမႈ ရလဒ္ေတြ မေန႔ညက ထြက္ေပၚလာခဲ့ျပီ ျဖစ္ရာ ခ်ယ္ဆီးအသင္းဟာ အဂၤလန္ ပဥၥမတန္း အဆင့္လိဂ္မွ အသင္းငယ္ ခ်က္စတာဖီးအသင္းနဲ႕ ေတြ႔ဆံုေနပါတယ္။ ပြဲစဥ္ကေတာ့ ဇန္နဝါရီ ၇နဲ႕ ၁ဝ ရက္ၾကား စတန္းဖို႔ဘရစ္ခ်္ကြင္းမွာ ယွဥ္ျပိဳင္ ကစားၾကရမွာပါ။

ဂ်ာမန္သား တိုက္စစ္သမား ကိုင္ဟာဗက္ဟာ ဝက္စ္ဟမ္းနဲ႕ ပြဲမွာ ထိခိုက္မႈ ရွိခဲ့ေပမယ့္ ျပင္းထန္တဲ့ ဒဏ္ရာ ရပံုမေပၚဘဲ ဇင္းနစ္နဲ႕ ပြဲမွာ ပါဝင္နုိင္ဖြယ္ ရွိေနပါတယ္။

ကြင္းလယ္ကစားသမား ကုိဗာဆစ္ကေတာ့ ၾကံ႕ခိုင္မႈ အျပည့္ ရလုနီးပါ ရွိေနျပီလို႔ သိရျပီး ဇင္းနစ္နဲ႕ ခ်န္ပီယံလိဂ္ ပြဲမွာ ပါဝင္ဖို႔ေတာ့ သူ႔အတြက္ ေစာလြန္းေနပံုပါ။ ဒီသီတင္းပတ္ကုန္ လိဒ္နဲ႕ ပြဲမွာေတာ့ ကိုဗစ္ဆစ္ ပါဝင္ ကစားနိုင္မယ္ ေမွ်ာ္လင့္ရပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဖီနာဘာခ်ီ ဗဟိုခံစစ္သမား Attila Szalai ကို ေခၚယူဖို႔ နီးစပ္ေနျပီ ျဖစ္ပါတယ္။ ၄င္းရဲ႕ ဟန္ေဂရီ လက္ေရြးစင္ အသင္း နည္းျပခ်ဳပ္ကေတာ့ အေျပာင္းအေရႊ႕ ကိစၥက ျပီးေျမာက္ေနျပီလို႔ေတာင္ ဆိုထားပါတယ္။

ခ်ယ္ဆီးအသင္းဟာ လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕ ေစ်းကြက္မွာ သိပ္ၾကီး လႈပ္ရွားမႈေတြ ျပဳလုပ္ဖို႔ မရွိပါဘူး။ ဒါေပမယ့္ ကစားသမား အဝင္အထြက္ အနည္းငယ္ေတာ့ ရွိဖြယ္ ရွိျပီး ျဖစ္နိုင္ဖြယ္ ကစားသမား အဝင္အထြက္ စာရင္းမွာ ၇ ေယာက္ထိ ရွိေနပါတယ္။

ကစားသမား ျဖစ္နိုင္ဖြယ္ အဝင္ စာရင္းမွာ ဒမ္ဘီလီ၊ ဟာဇက္၊ ကြန္ဒဲလ္၊ တဂ္လီယာဖီကိုတို႔ ပါဝင္ျပီး ထြက္ခြာနုိင္ေျခ ရွိတဲ့ သူေတြကေတာ့ ဇီယက္၊ ရူဒီဂါနဲ႕ ေရာ့စ္ဘာကေလတို႔ ျဖစ္ပါတယ္။

ခ်ယ္ဆီး ပရိသတ္ေတြကေတာ့ ရီးရဲလ္မွာ ရုန္းကန္ေနရတဲ့ အသင္း ၾကယ္ပြင့္ေဟာင္း အီဒင္ ဟာဇက္ကို ျပန္လည္ ေခၚယူဖို႔ တိုက္တြန္းမႈေတြ ရွိေနပါတယ္။ ရီးရဲလ္မက္ဒရစ္က ဟာဇက္ကို ေပါင္ ၂၁ သန္းေလာက္ ရရင္ကို ေရာင္းခ်လိုေနတာပါ။