ယူနိုက်တက်ဟာ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းထုတ်မယ်လို့ အက်သလက်တီကို မက်ဒရစ်က ထုတ်ပြောထားတဲ့ ဂျွာအို ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ချယ်ဆီးဟာ ဖရီးအေးဂျင့်အနေနဲ့ အသင်းကနေ ထွက်ခွာတော့မယ့် ရူဒီဂါအတွက် အစားထိုးအဖြစ် လက်ရှိဒဏ်ရာရနေတဲ့ လက်စတာ နောက်ခံလူ ဝက်စလေ ဖိုဖာနာကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

၂၀၁၈ တုန်းက အာဆင်နယ်အသင်ဟာ အာဆင်ဝင်းဂါးနေရာ ရက်ဖ်ရန်းနစ်နဲ့ အစားထိုးဖို့ စကားပြောခဲ့သေးပေမယ့် အိုဇေးရဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ညိနှိုင်းမှုကို ရပ်တန့်ခဲ့ပါတယ်။
မန်စီးတီးဟာ ဘယ်အစွန်နေရာကို အင်အားဖြည့်တင်းဖို့ ကြိုးစားနေသလို အာဆင်နယ် နောက်ခံလူ နူနို တာဗာရက်စ်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
ဘောလုံးဒါရိုက်တာ မာဆယ်ဘရန်းစ် ထွက်ခွာသွားတဲ့နောက် အဲဗာတန်ဟာ ဗန်ဒီဘိခ်အပေါ် စိတ်ဝင်စားမှု မရှိတော့သလို ယူနိုက်တက်မှာ မပျော်မရွှင် ဖြစ်နေတဲ့ ဗန်ဒီဘိခ်ဟာ အသင်းသစ်ရဖို့ ရုန်းကန်ရဖွယ် ရှိနေပါတယ်။
လက်ရှိဝက်ဖို့ဒ်မှာ တောက်ပနေတဲ့ ဒန်းနစ်ဟာ လန်ဒန်ကလပ်ကို မရောက်ခင် အာဆင်နယ်နဲ့ ယူနိုက်တက်ထံက စိတ်ဝင်စားမှုကို ရရှိခဲ့သေးတယ်လို့ အေးဂျင့်ဖြစ်သူက ဆိုပါတယ်။
အေစီမီလန်ကို အနိုင်ရခဲ့တဲ့နောက် လီဗာပူး နောက်ခံလူ နတ်ဖီးလစ်ဟာ ကလော့ပ်ရဲ့ ချီးကျူးမှုကို ခံခဲ့ရတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပြီး ပွဲအတွင်း ပါးရိုးကျိုးခဲ့တာကြောင့် သီတင်းပတ် အနည်းငယ် အနားယူရဖွယ် ရှိနေပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီမှာ ဖိုလာရင် ဘာလိုဂန်ကို အငှားချထားမှာဖြစ်တယ်လို့ အကယ်ဒမီ မန်နေဂျာ မာတီဆက်ကာက ဆိုပါတယ်။
ဘရိုက်တန်ဟာ ဘလက်ဘန်းနဲ့ ချီလီတိုက်စစ်မှူး ဘန် ဘရီရက်တန် ဒီယက်ဇ်ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူနိုင်ဖို့ ပိုနီးစပ်လာပါတယ်။
ရာအူး ဂျီမီနက်ဇ်ဟာ မန်စီးတီးအတွက် တချိန်မှာ ကစားပေးရနိုင်တယ်လို့ ဝုဗ်နည်းပြ ဘရူနိုလက်ဂ်က ဝန်ခံခဲ့ပြီး မက္ကဆီကန်သားဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။
အသင်းက အရေးကြီးဆုံးပဲလို့ လူးကပ်စ် ဒစ်ဂ်နီကို ရာဖာ ဘင်နီတက်ဇ်က သတိပေးခဲ့ပြီး အဲဗာတန် ဘယ်အစွန်လူအနေနဲ့ ဘယ်အချိန်မှာ ပြန်ကစားနိုင်မှာလဲဆိုတာ ပြောပြဖို့ ငြင်းပယ်ခဲ့ပါတယ်။
ဘရိုက်တန်ဟာ ပိုလန်ကွင်းလယ်လူ ကိုဇလိုစကီးကို ခေါ်ယူဖို့ ဆွေးနွေးမှု လုပ်နေပြီး ဇန်နဝါရီ အစောပိုင်းမှာ အပြောင်းအရွှေ့ ပြီးမြောက်ဖို့ မျှော်လင့်နေပါတယ်။
