ရီးရဲလ်မက်ဒရစ်မှာ နောက်နွေရာသီမှာ ရူဒီဂါကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး အကောင်းမြင်စရာ အနေအထားရှိနေပေမယ့် နောက်ခံလူနဲ့ ချယ်ဆီးအသင်းကြား ဆွေးနွေးဦးမှာ ဖြစ်ပါတယ်။
စပါးနည်းပြသစ် အန်တိုနီယို ကွန်တီရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တဲ့ အင်္ဂလန်ကွင်းလယ်လူ ဒယ်လီ အလီရဲ့ စပါးကစားသမားဘဝဟာ မကြာခင်မှာ အဆုံးသတ်ရတော့မှာ ဖြစ်ကာ အသင်းသစ်ထံ ကူးပြောင်းရဖွယ် ရှိနေပါတယ်။

နယူးကာဆယ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လိုင်လီ ဗဟိုနောက်ခံလူ ဘို့မန်းကို ဦးစားပေးအဖြစ် ခေါ်ယူဖို့ သတ်မှတ်ထားပြီး ယူနိုက်တက် တောင်ပံကစားသမား ဂျက်ဆီလင်ဂတ်ကလည်း အက်ဒီဟောင်းရဲ့ အလိုရှိ စာရင်းထဲမှာ ပါဝင်နေပါတယ်။
ကာဗာနီဟာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ နီးစပ်နေပြီး ဘရာဇီးကို ပြောင်းရွှေ့ဖို့ အလားအလာရှိတယ်လို့ ၎င်းရဲ့ အကိုဖြစ်သူက ပြောပြခဲ့ပါတယ်။ ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ ဘရာဇီးကလပ် ကိုရင်သီယန်တို့ဟာ ယူနိုက်တက် တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်နဲ့ ပတ်သက်ပြီး ဥရောပ ထိပ်တန်းကလပ် ငါးခုက စုံစမ်းမှု လုပ်ခဲ့တယ်လို့ သူ့ရဲ့ ဖခင်ဖြစ်သူက ပြောပြခဲ့ပေမယ့် ဆိုးရွားတဲ့ ရာသီဥတုကြောင့် ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့တော့ မဖြစ်နိုင်လောက်ဘူးလို့ သိရပါတယ်။
ဘာစီလိုနာ ဥက္ကဌ လာပေါ်တာဟာ ဘောလုံးအေးဂျင့် ရိုင်အိုလာနဲ့ အီတလီမှာ အစည်းအဝေး လုပ်ခဲ့ပါတယ်။ ရိုင်အိုလာဟာ နွေရာသီမှာ စာချုပ်သက်တမ်းကုန်တော့မယ့် ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာ၊ နွေရာသီမှာ ဒေါ့မွန်ကနေ ထွက်ခွာဖို့ တစ်ပေးခံထားရတဲ့ ဟာလန်းတို့ရဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။
မာရှယ်ဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာချင်တယ်လို့ အေးဂျင့်ဖြစ်သူက ဖွင့်ဟခဲ့တဲ့နောက် ယူနိုက်တက် နည်းပြ ရန်းနစ်က မာရှယ်အနေနဲ့ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး မိမိကို ဒါမှမဟုတ် ကလပ်ကို ပြောပြသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပေါ်တိုတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ရရှိဖို့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူး၊ မန်စီးတီးတို့နဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပါတယ်။
ဘန်လေဟာ အင်္ဂလန် နောက်ခံလူ ဘန်မီးကို စာချုပ်သက်တမ်းတိုးဖို့နဲ့ ပတ်သက်ပြီး နောက်ထပ် ဆွေးနွေးမှုတွေ လုပ်သွားမှာဖြစ်ကာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသုံးစရိတ် ပမာဏများစွာ သုံးစွဲမှာ မဟုတ်ဘူးလို့ နည်းပြ ရှောင်ဒိုင်ချီက အသိပေးခဲ့ပါတယ်။
အမေ့ခံထားရတဲ့ အက်စ်တွန်ဗီလာ တိုက်စစ်မှူး ဒါဗစ်ဟာ ချန်ပီယံရှစ်ကလပ် နော်တင်ဟမ် ဖောရတ်စ်အသင်းရဲ့ ဇန်နဝါရီ ပစ်မှတ် ဖြစ်လာပါတယ်။
ဘရန့်ဖို့ဒ်ဟာ ဇန်နဝါရီမှာ ပေါ်တူဂီ ဘယ်အစွန်လူ ဖရန်ဆစ္စကို မော်ရာကို ခေါ်ယူဖို့ ဘရာဂါအသင်းထံ ဆက်သွယ်မှု လုပ်ခဲ့ပါတယ်။
