လိဂ်အဆင့် 4 နေရာအတွက် ဘယ်အသင်း အားသာမလဲ ခန့်မှန်းခဲ့ကြတဲ့ ကြယ်ပွင့်ဟောင်းများ

ကိုးလ်နဲ့ ဂျီနက်စ်တို့ဟာ အာဆင်နယ်၊ ယူနိုက်တက်၊ ဝက်ဟမ်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်နေကြတဲ့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာအတွက် ခန့်မှန်းခဲ့ကြပြီး နှစ်ဦးလုံးက လက်ရှိ အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်ကို ဖယ်ထုတ်ခဲ့ကြပါတယ်။

စပါးနဲ့ ယူနိုက်တက်တို့ကိုလည်း ထိပ်ဆုံးလေးသင်းထဲ ဝင်ဖို့ စပါးကြယ်ပွင့်ဟောင်း ဂျီနက်စ်က မထင်မှတ်ထားပေမယ့် အင်္ဂလန်ကွင်းလယ်လူဟောင်း ကိုးလ်ကတော့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဂိုးတွေကြောင့် ယူနိုက်တက်အနေနဲ့ အဆင့် ၄ လောက်တော့ ရနိုင်ပါတယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်က ထိပ်ဆုံးလေးသင်းထဲ ဝင်မယ်ထင်လားလို့ မေးမြန်းခဲ့ရာ ဂျီနက်စ်က “နိုး။ မထင်ပါဘူး။ ဒါပေမယ့် သူတို့ကို ကျွန်တော် တကယ် အထင်ကြီးမိပါတယ်။ သူတို့နားက အသင်းတွေကိုကြည့်လိုက်တော့ ယူနိုက်တက်လည်း ထိပ်ဆုံးလေးသင်းထဲ မဝင်လောက်ပါဘူး” လို့ ဖြေခဲ့တာပါ။

သူ့အသင်းဟောင်း စပါးရော အဆင့် ၄ ရနိုင်လားဆိုတဲ့ အမေးကိုလဲ ဂျီးနက်စ်က “မရနိုင်ပါဘူး။ လုံးဝမရပါဘူး။ ထိပ်ဆုံးလေးနေရာ ပြိုင်ပွဲက ရာသီကုန်မှာ စိတ်ဝင်စားစရာ ကဏ္ဍဖြစ်လာလိမ့်မယ်။ ပြီးတော့ အဲ့လေးနေရာအတွက် စိန်ခေါ်မယ့်အသင်းတွေလည်း များလိမ့်မယ်။ ဝက်စ်ဟမ်းလည်း ပါဝင်လာမှာပါ။

အခုချိန်မှာ အာဆင်နယ်ကို ကျွန်တော်ကြိုက်တာက သူတို့ရဲ့ ခံစစ်ပဲ။ အသင်းတစ်သင်းမှာ တည်ငြိမ်မှု ရှိလာတာနဲ့ သူတို့မှာရှိတဲ့ အရည်အသွေးတွေနဲ့ဆိုရင် ဘယ်ပွဲကိုမဆို အနိုင်ရနိုင်ပါတယ်။ အာတီတာအနေနဲ့ အန်ဖီးလို နေရာမျိုးတွေကို သွားကစားရတဲ့အခါ အဖြေရှာတတ်ဖို့ လိုပါတယ်။

အခုချိန် အာဆင်နယ်အသင်းမှာက အဲ့ဒီ့လို ဟန်ချက်ညီမှုမျိုး မရှိနေတာပါ။ ဒါပေမယ့် သူတို့လဲ ပြိုင်ဆိုင်လာမှာပဲ။ ရာသီအစက ထင်ထားတာထက် ပိုပြီးတော့ အဆင့် ၄ နဲ့ နီးစပ်လာမှာပါ”လို့ ဆိုပါတယ်။

ကိုးလ်ကလည်း “ဂျီနက်စ်ပြောတာ ကျွန်တော်သဘောတူတယ်။ မနေ့ကည အာဆင်နယ်ကို ကြည့်ပြီး ‘သူတို့တွေမှာ အကောင်းမြင်စရာ အများကြီးရှိတာပဲ’လို့ တွေးမိပါတယ်။ ဂိုးသမား ရမ်စ်ဒေးက လက်စွမ်းပြနေတယ်။ ဂေဘရီရယ်နဲ့ ဘန်ဝှိုက်တို့ကလဲ ဗဟိုခံစစ်မှာ အတွဲအဖက်မိနေတာပါ။

သူတို့တွေ ထိပ်ဆုံးလေးသင်းနားလောက်ကို ရောက်နိုင်ပေမယ့် ကျွန်တော်ကတော့ ရော်နယ်ဒိုရှိနေတဲ့အတွက်ကြောင့် ယူနိုက်တက်ကိုပဲ ရွေးချယ်ပါမယ်။ ရော်နယ်ဒိုက ပါရမီရှင် တစ်ယောက်ဖြစ်ပြီး သွင်းဂိုးတွေ အာမခံပေးနိုင်တယ်။ ပွဲကြီးတွေမှာ သူအမြဲတမ်း အကူအညီပေးမှာပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိမှာ အဆင့် ၄ နေရာက အာဆင်နယ်ရဲ့နောက် တစ်ပွဲလျော့ ၂ မှတ်အကွာနဲ့ ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး သူတို့ရဲ့ အရှိန်အဟုန်ကို ဆက်လက်တည်ဆောက်ဖို့ အခွင့်သာစေတဲ့ ပွဲချိန်ဇယားတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI – ကိုးလ္နဲ႔ ဂ်ီနက္စ္တို႔ဟာ အာဆင္နယ္၊ ယူႏုိက္တက္၊ ဝက္ဟမ္းနဲ႔ စပါးအသင္းတို႔ ယွဥ္ျပိဳင္ေနၾကတဲ့ ပရီးမီးယားလိဂ္ အဆင့္ ၄ ေနရာအတြက္ ခန႔္မွန္းခဲ့ၾကၿပီး ႏွစ္ဦးလုံးက လက္ရွိ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနတဲ့ အာဆင္နယ္ကို ဖယ္ထုတ္ခဲ့ၾကပါတယ္။

စပါးနဲ႔ ယူႏိုက္တက္တို႔ကိုလည္း ထိပ္ဆုံးေလးသင္းထဲ ဝင္ဖို႔ စပါးၾကယ္ပြင့္ေဟာင္း ဂ်ီနက္စ္က မထင္မွတ္ထားေပမယ့္ အဂၤလန္ကြင္းလယ္လူေဟာင္း ကိုးလ္ကေတာ့ ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ ဂိုးေတြေၾကာင့္ ယူႏိုက္တက္အေနနဲ႔ အဆင့္ ၄ ေလာက္ေတာ့ ရႏိုင္ပါတယ္လို႔ ယုံၾကည္ေနပါတယ္။

အာဆင္နယ္က ထိပ္ဆုံးေလးသင္းထဲ ဝင္မယ္ထင္လားလို႔ ေမးျမန္းခဲ့ရာ ဂ်ီနက္စ္က “ႏိုး။ မထင္ပါဘူး။ ဒါေပမယ့္ သူတို႔ကို ကြၽန္ေတာ္ တကယ္ အထင္ႀကီးမိပါတယ္။ သူတို႔နားက အသင္းေတြကိုၾကည့္လိုက္ေတာ့ ယူႏိုက္တက္လည္း ထိပ္ဆုံးေလးသင္းထဲ မဝင္ေလာက္ပါဘူး” လို႔ ေျဖခဲ့တာပါ။

သူ႔အသင္းေဟာင္း စပါးေရာ အဆင့္ ၄ ရႏိုင္လားဆိုတဲ့ အေမးကိုလဲ ဂ်ီးနက္စ္က “မရႏိုင္ပါဘူး။ လုံးဝမရပါဘူး။ ထိပ္ဆုံးေလးေနရာ ၿပိဳင္ပြဲက ရာသီကုန္မွာ စိတ္ဝင္စားစရာ က႑ျဖစ္လာလိမ့္မယ္။ ၿပီးေတာ့ အဲ့ေလးေနရာအတြက္ စိန္ေခၚမယ့္အသင္းေတြလည္း မ်ားလိမ့္မယ္။ ဝက္စ္ဟမ္းလည္း ပါဝင္လာမွာပါ။

အခုခ်ိန္မွာ အာဆင္နယ္ကို ကြၽန္ေတာ္ႀကိဳက္တာက သူတို႔ရဲ႕ ခံစစ္ပဲ။ အသင္းတစ္သင္းမွာ တည္ၿငိမ္မႈ ရွိလာတာနဲ႔ သူတို႔မွာရွိတဲ့ အရည္အေသြးေတြနဲ႔ဆိုရင္ ဘယ္ပြဲကိုမဆို အႏိုင္ရႏိုင္ပါတယ္။ အာတီတာအေနနဲ႔ အန္ဖီးလို ေနရာမ်ိဳးေတြကို သြားကစားရတဲ့အခါ အေျဖရွာတတ္ဖို႔ လိုပါတယ္။

အခုခ်ိန္ အာဆင္နယ္အသင္းမွာက အဲ့ဒီ့လို ဟန္ခ်က္ညီမႈမ်ိဳး မရွိေနတာပါ။ ဒါေပမယ့္ သူတို႔လဲ ၿပိဳင္ဆိုင္လာမွာပဲ။ ရာသီအစက ထင္ထားတာထက္ ပိုၿပီးေတာ့ အဆင့္ ၄ နဲ႔ နီးစပ္လာမွာပါ”လို႔ ဆိုပါတယ္။

ကိုးလ္ကလည္း “ဂ်ီနက္စ္ေျပာတာ ကြၽန္ေတာ္သေဘာတူတယ္။ မေန႔ကည အာဆင္နယ္ကို ၾကည့္ၿပီး ‘သူတို႔ေတြမွာ အေကာင္းျမင္စရာ အမ်ားႀကီးရွိတာပဲ’လို႔ ေတြးမိပါတယ္။ ဂိုးသမား ရမ္စ္ေဒးက လက္စြမ္းျပေနတယ္။ ေဂဘရီရယ္နဲ႔ ဘန္ဝႈိက္တို႔ကလဲ ဗဟိုခံစစ္မွာ အတြဲအဖက္မိေနတာပါ။

သူတို႔ေတြ ထိပ္ဆုံးေလးသင္းနားေလာက္ကို ေရာက္ႏိုင္ေပမယ့္ ကြၽန္ေတာ္ကေတာ့ ေရာ္နယ္ဒိုရွိေနတဲ့အတြက္ေၾကာင့္ ယူႏိုက္တက္ကိုပဲ ေ႐ြးခ်ယ္ပါမယ္။ ေရာ္နယ္ဒိုက ပါရမီရွင္ တစ္ေယာက္ျဖစ္ၿပီး သြင္းဂိုးေတြ အာမခံေပးႏိုင္တယ္။ ပြဲႀကီးေတြမွာ သူအၿမဲတမ္း အကူအညီေပးမွာပါ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ လက္ရွိမွာ အဆင့္ ၄ ေနရာက အာဆင္နယ္ရဲ႕ေနာက္ တစ္ပြဲေလ်ာ့ ၂ မွတ္အကြာနဲ႔ ပရီးမီးယားလိဂ္ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး သူတို႔ရဲ႕ အရွိန္အဟုန္ကို ဆက္လက္တည္ေဆာက္ဖို႔ အခြင့္သာေစတဲ့ ပြဲခ်ိန္ဇယားေတြလည္း ရွိေနတာ ျဖစ္ပါတယ္။