မာရှယ်ကို အငှားခေါ်မယ့် ကာဆယ်၊ ကိုဗစ်ဆေး မထိုးတဲ့သူ မဝယ်ဘူးဆိုတဲ့ ကလော့ပ်နဲ့ နေ့လည်ခင်း သတင်းများ

ညက လိဒ်စ် ယူနိုက်တက် နဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အာဆင်နယ် အသင်းက အဝေးကွင်းမှာ ၁-၄ နဲ့ နိုင်ပွဲဆက်ခဲ့ ပြန်ပါတယ်။ အာဆင်နယ် အတွက် ဂိုးတွေကို မာတင်နယ်လီ က ၂ ဂိုးနဲ့အတူ ဆာကာ၊ စမစ်ရိုဝီ တို့က တစ်ဂိုးစီ သွင်းယူခဲ့တာပါ။

ယူနိုက်တက် တိုက်စစ်မှုး မာရှယ်ကို နယူးကာဆယ် အသင်းက ပေါင် ၆ သန်းနဲ့ ရာသီဝက် အငှား ခေါ်ယူဖို့ စီစဉ်နေကြောင်း အင်္ဂလန်သတင်းတွေက ဆိုပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ကစားသမားသစ် ခေါ်ယူမယ် ဆိုရင် ကိုဗစ်ကာကွယ်ဆေး မထိုးတဲ့၊ ထိုးဖို့ ငြင်းဆန်တဲ့ ကစားသမားတွေကို ခေါ်သွားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အဲဗာတန်ဟာ ယူကရိန်း ဘယ်အစွန်လူ မိုင်ကိုလန်ကိုအတွက် ပေါင် ၁၇ သန်း စာချပ်ကို တရားဝင် သဘောတူညီမှု ရခဲ့တာကြောင့် လက်စတာနဲ့ နယူးကာဆယ်ရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ လူးကပ်စ် ဒစ်ဂ်နီက ဇန်နဝါရီမှာ ထွက်ခွာဖို့ ပိုသေချာသွားပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ လက်ရှိ လစာထက် နှစ်ဆ ပေးမယ့် သက်တမ်းတိုး စာချုပ်သစ် တစ်ရပ် မန်စီးတီးထံမှ ကမ်းလှမ်းခံံရဖို့ ရှိနေကြောင်း သိရပါတယ်။ စာချုပ်သစ်မှာ ပေါ်တူဂီသားက တစ်ပတ် ပေါင် ၃ သိန်း ရဖွယ် ရှိနေပါတယ်။

ပေါ်တိုဟာ ပေါ်တူဂီဖလား အောင်မြင်အောင် ကူညီပေးဖို့ စုန်းအတတ်ပညာရှင် တစ်ယောက်ကို ခန့်အပ်ဖို့အတွက် ပေါင် ၁သိန်းခွဲ သုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် ပရိသတ်တွေက ဒေါသတကြီး တုံ့ပြန် နေကြပါတယ်။

ဂျူဗင်တပ်ဟာ ဇန်နဝါရီမှာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကို အငှားခေါ်ယူဖို့ စဉ်းစားနေပါတယ်။ အက်သလက်တီကို မက်ဒရစ်ကလည်း ပြင်သစ်သား တိုက်စစ်သမားကို ခေါ်ယူလိုနေပြီး ကမ်းလှမ်းမှုတွေအပေါ် မူတည်ကာ ယူနိုက်တက် ဘက်က လက်ခံ စဉ်းစားသွားဖို့ ရှိနေပါတယ်။

နောက်နှစ် ကာတာကမ္ဘာ့ဖလား သွားကြည့်မယ့် အင်္ဂလန်ပရိသတ်တွေဟာ ရက်ရှည်ကြာ ကွာရန်တင်း မဝင်ရဖို့ ကာကွယ်ဆေး အပြည့်အဝ ထိုးထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာဟာ ရက်ပစ် ဗီယင်နာကနေ ယူဆပ် ဒီမီရယ်ကို အငှားခေါ်ယူထားတာ ဖျက်သိမ်းတော့မှာဖြစ်ပြီး ပေါင် ၈.၅ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့်ကို ရွေးချယ်သွားမှာ မဟုတ်ပါဘူး။

ကာဒစ်နဲ့ အယ်ချီတို့ဟာ ဘရာဇီးကလပ် အက်သလက်တီကို မင်နဲရိုးကို ပြည်တွင်းလိဂ်နဲ့ ဖလားနှစ်လုံး အောင်မြင်စေဖို့ ကူညီပေးခဲ့တဲ့ ဒီယိုဂို ကော်စတာအနေနဲ့ စပိန်ကို ပြန်လာဖို့ မျှော်လင့်နေပါတယ်။