ဒီလစ်အတွက် စမွှေနေတဲ့ ရွိုင်းအိုလာ၊ လူကာကူ၊ အမ်ဘာပေ၊ ဟာလန်းတို့နဲ့ ယနေ့ည အပြောင်းအရွှေ့ သတင်းများ

အက်သလက်တီကို မက်ဒရစ် နည်းပြ ဆီမြွန်နီဟာ ထရစ်ပီယာကို ဒီဇန်နဝါရီမှာတင် ရောင်းချဖို့ ရည်ရွယ်နေပြီး နယူးကာဆယ်က တီကို တောင်းဆိုထားတဲ့ ပေါင် ၁၅ သန်း ပေးကာ ခေါ်ဖို့ အသင့် ရှိနေပါတယ်။

ဖီဖာဟာ နိုင်ငံတကာ ဘောလုံးပြက္ခဒိန်ကို ထိန်းချုပ်ဖို့ တိုက်ပွဲဝင်နေရတာက အရှိန်မြင့်လာသလို တောင်အမေရိက အသင်းတွေ ထည့်ခေါ်ပြီး နေးရှင်းလိဂ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်မယ့် ယူအယ်ဖာရဲ့ အဆိုကို တားဆီး ပိတ်ပင်သွားဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ဒီတစ်ပတ် ကာရာဘောင်းဖလား ကွာတားဖိုင်နယ်မှာ ကိုဗစ်ကူးစက်မှု များပြားလာတဲ့ ပြဿနာတွေ ဖြစ်လာရင် ပြိုင်ပွဲကို ၂ ကျော့ အစား ၁ကျော့သာ ကစားသွားနိုင်ဖွယ်ရှိပါတယ်။

လီဗာပူးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့နောက် ပွဲအပြီး အင်တာဗျူး မပြုလုပ်ခင်မှာ နည်းပြ ယာဂင်ကလော့ပ်က စပါးအသင်းဟာ သတင်းစာ ရှင်းလင်းပွဲအခန်းထဲမှာ လက်သန့်စင်ဆေး ဘာကြောင့် မထားရှိခဲ့လဲဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

ချယ်ဆီး ပစ်မှတ်ထားနေတဲ့ ဗဟိုခံစစ်သမား မတ်သစ် ဒီလစ်ဟာ ဂျူဗင်တပ်ကို စွန့်ခွာဖို့ တံခါးဖွင့်ထားပြီ ဖြစ်တယ်လို့ အေးဂျင့် ရိုင်အိုလာက ပြောဆိုခဲ့ပါတယ်။

ဘန်လေအသင်းဟသာ သူတို့ရဲ့ ဒီဇင်ဘာ ၃၀ ရက် ပရီးမီးယားလိဂ်ပွဲအတွက် လက်မှတ်ခွဲတမ်းကို အပြည့်အဝ မယူနိုင်ခဲ့တဲ့နောက် ယူနိုက်တက် ပရိသတ်တွေဟာ အိုးလ်ထရက်ဖို့ဒ်မှာ အဝေးကွင်းပရိသတ် ပွဲကြည့်စင်ဘက်ကိုပါ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

တိုက်စစ်မှုး လူကာကူဟာ ချယ်ဆီးမှာ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာဘူးဆိုရင် မကြာခင်မှာ အီတလီကို ပြန်သွားဖို့ စဉ်းစားမယ်လို့ သိရပါတယ်။

လိဒ်စ် ယူနိုက်တက် ဟာ အာဆင်နယ် ကစားသမားတွေကို လူမျိုးရေး ခွဲခြား တိုက်ခိုက်ခဲ့တဲ့ ပရိသတ်တွေကို ယာယီ ပွဲပယ်တာတွေ လုပ်သွားမှာဖြစ်ပြီး ပြစ်မှုထင်ရှားရင် တသက်တာ ပိတ်ပင်တာမျိုးအထိပါ လုပ်သွားမှာပါ။

ပက် ဂွာဒီယိုလာဟာ အီတီဟတ် ကွင်းဘေးက ကာကွယ်ဆေးထိုး စင်တာဆီ ရောက်လာခဲ့ပြီး တတိယမြောက် ထပ်ဆောင်း ကာကွယ်ဆေး ထိုးပေးဖို့ တောင်းဆိုခဲ့ပြီးတော့ လူတွေကို အံ့ဩသင့် သွားစေခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ရီးရဲလ်မက်ဒရစ် ပစ်မှတ် အမ်ဘာပေကို ကလပ်မှာ ဆက်နေအောင် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ချက်တွေ မစွန့်လွှတ်သေးဘဲ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပစ်မှတ် ဟာလန်းဟာ အိမ်ကွင်းပွဲမှာ ပရိသတ်တွေကို နှုတ်ဆက်လက်ပြခဲ့ပြီးတော့ ဒေါ့မွန်ကနေ ထွက်ခွာဖို့ကိစ္စကို အရိပ်အမြွက်ပေးသလို ဖြစ်ခဲ့ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှုး ဆာဂျီယို အဂွယ်ရိုဟာ အနားယူဖို့ ကြေညာခဲ့ပြီးနောက် သူ့မိသားစုနဲ့အတူ ခရစ္စမတ်မှာ အချိန်ဖြုန်းဖို့ အာဂျင်တီးနားကို ဂျက်လေယာဉ်နဲ့ ပြန်သွားခဲ့ပါတယ်။

ကိုဗစ်ရောဂါတွေ ပြန် အရှိန်မြင့် ကူးစက်နေပေမယ့်လဲ ပရီးမီးယားလိဂ် အစည်းအဝေးအတွင်း ကလပ်အများစုက ဒီရာသီကို ဆက်ကစားချင်နေကြပါတယ်။

နယူးကာာဆယ်ဟာ တန်းဆင်းဇုန် စိုးရိမ်စရာတွေ ပြေလျော့စေဖို့ မျှော်လင့်နေသလို ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကို အငှားခေါ်ယူဖို့ စီစဉ်နေပါတယ်။

အာဆင်နယ်နောက်ခံလူ ရော့ဘ်ဟိုးဒင်းဟာ လိဒ်စ်ကို နိုင်ခဲ့တဲ့ပွဲအတွင်း အသင်းဖော်တွေ လူမျိုးရေးခွဲခြားခံခဲ့ရတာကို ပြောပြခဲ့အတွက် Kick It Out ရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။

အက်စ်တွန်ဗီလာအသင်းဟာ အင်္ဂလန်သား ဗဟိုနောက်ခံလူ ဂျိုးဂိုမက်ကို ခေါ်ယူဖို့ လီဗာပူးအသင်း ထံ ကမ်းလှမ်းမှုတစ်ခု လုပ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် တိုက်စစ်မှုး ကာဗာနီဟာ ဘာစီလိုနာထံ ယာယီစာချုပ်နဲ့ ပြောင်းရွှေ့ လိုနေပါတယ်။