ညကပွဲမှာ ဆန်းဒါလန်းအသင်းဘက် ဟက်ထရစ်သွင်းပြီး ခြေစွမ်းပြခဲ့တဲ့ အာဆင်နယ် တိုက်စစ်သမား အန်ကတ်တီးယားကို အသင်းမှာ ဆက်ထိန်းလိုကြောင်း နည်းပြ အာတီတာက ပွဲအပြီးမှာ ဝန်ခံခဲ့ပြီး သက်တမ်းတိုး စာချုပ် အတွက် ကြိုးစားနေကြောင်း အသိပေးခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ပီအက်စ်ဂျီအသင်းမှ ဘရာဇီး ခံစစ်သမား မာကွင်ဟိုကို ခေါ်ယူလိုနေပေမယ့် ပြင်သစ်ကလပ်က သူတို့ရဲ့ ခံစစ်မှူးကို စာချုပ်သစ် သက်တမ်းတိုးဖို့ ကမ်းလှမ်းညှိနှိုင်း သွားတော့မှာပါ။

ဟာလန်းကို စိတ်ဝင်စားတဲ့ အသင်းတွေက အများကြီးရှိပေမယ့် တိုက်စစ်မှူးတစ်ဦး ရှာဖွေနေတဲ့ လီဗာပူးအသင်းက နော်ဝေသားတိုက်စစ်သမားကို ပမာဏများပြားတဲ့ ကမ်းလှမ်းမှု လုပ်သွားဖို့ အဆင်သင့် ဖြစ်နေပါတယ်။
ဘာစီလိုနာဟာ ဆောင်းရာသီ အပြောင်းအရွှေ့ ကာလအတွင်း လိုက်ဇစ်အသင်းမှ စပိန်တိုက်စစ်ကစားသမား ဒါနီ အော်လ်မိုအတွက် ယူရို သန်း ၃၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူး ဗဟိုခံစစ်သမား ဂျိုး ဂိုမက်ဇ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ထုတ်လိုက်ပါတယ်။ ဂိုမက်ဇ်ကို အက်စတွန်ဗီလာကလည်း ချိတ်ဆက်နေတာပါ။

အင်တာနေစီယွန်နယ် တိုက်စစ်မှူး ယူရီ အယ်ဘတ်တိုဟာ အာဆင်နယ်၊ ဘာစီလိုနာတို့ထံကနေ စိတ်ဝင်စားမှု ရရှိနေပါတယ်။ ၂၀၂၁ ရာသီ စီးရီးအေ ၃၃ ပွဲမှာ ၁၂ ဂိုး သွင်းယူထားတဲ့ တိုက်စစ်မှူးရဲ့ တန်ကြေးက ယူရိုသန်း ၂၀ ဝန်းကျင် ရှိပါတယ်။
ဘာစီလိုနာ ဟာ အငှားလူငယ်ကစားသမား ယူဆပ်ဖ် ဒီမီရယ်ကို ယူရို ၁၀ သန်းနဲ့ ခေါ်ယူဖို့ မတတ်နိုင်တာကြောင့် ၎င်းဟာ ဒီဆောင်းရာသီမှာ အသင်းကနေ ထွက်ခွာရနိုင်ဖွယ် ရှိပါတယ်။
