ပရီးမီးယားလိဂ်ရဲ့ ပင်နယ်တီ မှတ်တမ်းကို ချိုးဖျက်သွားတဲ့ ဂျော်ဂျင်ဟို

ချယ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ အက်စတွန်ဗီလာပွဲမှာ ပင်နယ်တီ နှစ်ကြိမ် အဆုံးသတ်မှုနဲ့အတူ လိဂ်သမိုင်းမှာ ပြက္ခဒိန်နှစ်တစ်ခုအတွင်း ပင်နယ်တီ အများဆုံး အဆုံးသတ်သူဆိုတဲ့ မှတ်တမ်းကို ချိုးဖျက်သွားပြီ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ ဒီနှစ်ထဲ ပရီးမီးယားလိဂ်မှာ သူရရှိတဲ့ ပင်နယ်တီတွေကို တစ်ကြိမ်မှ လွဲချော်ထားခြင်း မရှိတာဖြစ်တယ်။ သူဟာ အက်စတွန်ဗီလာကို ၃-၁ ဖြင့် အနိုင်ရတဲ့ မနက်ကပွဲမှာလည်း ၂၀၂၁ ခုနှစ်အတွင်း သူ့ရဲ့ ၉ ကြိမ်မြောက်နဲ့ ၁၀ ကြိမ်မြောက် ပင်နယ်တီ ၂ ကြိမ်လုံးကို အောင်မြင်အောင် အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ဂျော်ဂျင်ဟိုဟာ ၂၀၂၁ ခုနှစ်မှာ သူကန်သွင်းခွင့်ရတဲ့ ပင်နယ်တီ ၁၀ ကြိမ်လုံးကို အောင်မြင်ဟွာ အဆုံးသတ်ထားနိုင်လို့ နှစ်တစ်နှစ်အတွင်း ပင်နယ်တီသွင်းဂိုး ရယူမှု အများဆုံး ကစားသမားလည်း ဖြစ်လာခဲ့တာဖြစ်တယ်။

ဗီလာနိုင်ပွဲကြောင့် မန်စီးတီးနဲ့ ရမှတ်ကွာဟမှုမှာ ၆ မှတ်ကို ပြန်ရောက်လာခဲ့လို့ အောင်မြင်မှုကြီးအဖြစ်လည်း တူချယ်က မှတ်ချက်ပေးခဲ့ပါတယ်။

ချယ်ဆီးနည်းပြက ” နိုင်ပွဲကြီးပဲ ဖြစ်ပါတယ်။ ဗီလာကို လာကစားရတာက ခက်ခဲခဲ့ပြီး တစ်ဂိုးပေးရတာကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ အခုလို နောက်ကနေ လိုက်ကစားပြီး အနိုင်ရဖို့ဆိုတာက ခက်ခဲခဲ့ပါတယ်။

ကစားသမားတွေရဲ့ တုန်ပြန်မှုကလည်း သိပ်ကောင်းခဲ့တယ်၊ စိတ်ဓါတ်ပိုင်းက အံ့မခန်းပါပဲ။ ဘောလုံးပိုင်ဆိုင်မှုနဲ့ ကောင်တာတိုက်စစ်တွေကနေ အခွင့်အရေးတွေလည်း သိပ်မပေးရတာကြောင့် ထိုက်တန်တဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုဟာ အက္စတြန္ဗီလာပြဲမွာ ပင္နယ္တီ ႏွစ္ၾကိမ္ အဆံုးသတ္မႈနဲ႔အတူ လိဂ္သမိုင္းမွာ ျပကၡဒိန္ႏွစ္တစ္ခုအတြင္း ပင္နယ္တီ အမ်ားဆံုး အဆံုးသတ္သူဆိုတဲ့ မွတ္တမ္းကို ခ်ိဳးဖ်က္သြားျပီ ျဖစ္ပါတယ္။

အသက္ ၃၀ အရြယ္ ကြင္းလယ္လူဟာ ဒီႏွစ္ထဲ ပရီးမီးယားလိဂ္မွာ သူရရွိတဲ့ ပင္နယ္တီေတြကို တစ္ၾကိမ္မွ လြဲေခ်ာ္ထားျခင္း မရွိတာျဖစ္တယ္။ သူဟာ အက္စတြန္ဗီလာကို ၃-၁ ျဖင့္ အႏုိင္ရတဲ့ မနက္ကပြဲမွာလည္း ၂၀၂၁ ခုႏွစ္အတြင္း သူ႔ရဲ႕ ၉ ၾကိမ္ေျမာက္နဲ႔ ၁၀ ၾကိမ္ေျမာက္ ပင္နယ္တီ ၂ ၾကိမ္လံုးကို ေအာင္ျမင္ေအာင္ အဆံုးသတ္ႏုိင္ခဲ့ပါတယ္။

ဒါေၾကာင့္ ေဂ်ာ္ဂ်င္ဟိုဟာ ၂၀၂၁ ခုႏွစ္မွာ သူကန္သြင္းခြင့္ရတဲ့ ပင္နယ္တီ ၁၀ ၾကိမ္လံုးကို ေအာင္ျမင္ဟြာ အဆံုးသတ္ထားႏုိင္လို႔ ႏွစ္တစ္ႏွစ္အတြင္း ပင္နယ္တီသြင္းဂိုး ရယူမႈ အမ်ားဆံုး ကစားသမားလည္း ျဖစ္လာခဲ့တာျဖစ္တယ္။

ဗီလာႏုိင္ပြဲေၾကာင့္ မန္စီးတီးနဲ႔ ရမွတ္ကြာဟမႈမွာ ၆ မွတ္ကို ျပန္ေရာက္လာခဲ့လို႔ ေအာင္ျမင္မႈၾကီးအျဖစ္လည္း တူခ်ယ္က မွတ္ခ်က္ေပးခဲ့ပါတယ္။

ခ်ယ္ဆီးနည္းျပက ” ႏုိင္ပြဲၾကီးပဲ ျဖစ္ပါတယ္။ ဗီလာကို လာကစားရတာက ခက္ခဲခဲ့ျပီး တစ္ဂိုးေပးရတာေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရတာပါ။ အခုလို ေနာက္ကေန လိုက္ကစားျပီး အႏုိင္ရဖို႔ဆိုတာက ခက္ခဲခဲ့ပါတယ္။

ကစားသမားေတြရဲ႕ တုန္ျပန္မႈကလည္း သိပ္ေကာင္းခဲ့တယ္၊ စိတ္ဓါတ္ပိုင္းက အံ့မခန္းပါပဲ။ ေဘာလံုးပိုင္ဆိုင္မႈနဲ႔ ေကာင္တာတိုက္စစ္ေတြကေန အခြင့္အေရးေတြလည္း သိပ္မေပးရတာေၾကာင့္ ထိုက္တန္တဲ့ ႏုိင္ပြဲျဖစ္ခဲ့ပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။