လူကာကူဟာ အောက်တိုဘာကတည်းက ခြေကျင်းဝတ်ဒဏ်ရာနဲ့ ကိုဗစ်ကြောင့် အနားယူနေရပြီးနောက် ချယ်ဆီးအတွက် ပြန်လည် ကစားပေးလာနိုင်ချိန်မှာ သူ့ရဲ့ သက်ရောက်မှုကို တူချယ်က ကျေနပ်နေခဲ့ပေမယ့် သူ့ကို ပွဲချိန်တစ်ဝက်ပဲ ကစားခွင့် ပေးနိုင်သေးတာက မမျှတခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။
“ လူကာကူက သိပ်ကို အရေးပါတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ လူကာကူက အဓိက ကစားသမားတစ်ယောက် ဖြစ်နေမှာပါ။ ကျွန်တော်တို့အတွက် သူ နောက်ဆုံး ပွဲထွက်ကစားပေးခဲ့တာက အောက်တိုဘာမှာပါ။ သူမရှိလည်း ကျနေ်ာတို့က အသင်းကောင်းဆိုတာကို သံသယဖြစ်စရာ မရှိပါဘူး။
သူက ကံမကောင်းစွာပဲ ဒဏ်ရာရခဲ့တာပါ။ သူ ပြန်လာဖို့ ရုန်းကန်ခဲ့ရတဲ့အချိန်မှာ ကိုဗစ်လည်း ကူးစက်ခံခဲ့ရတယ်။ အခု ၄၅ မိနစ်ကစားတာတောင် ကြံ့ခိုင်မှုနဲ့ ဆေးအဖွဲ့က အကြံပြုထားတဲ့ ကစားချိန်ထက် ပိုများနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အရဲစွန့်ပြီး တိုက်စစ်ကို ပိုအားထည့်လို့ရတယ်လို့ တွေးခဲ့ပါတယ် ” လို့ ပြောပြခဲ့တာဖြစ်တယ်။
ချယ်ဆီးဟာ ဒီရာသီအစောပိုင်းမှာ ပရီးမီးယားလိဂ်ကို ဦးဆောင်ခဲ့ပေမယ့် အခုတော့ မန်စီးတီးကို မီဖို့ နောက်ကလိုက်နေရတာပါ။ ဗီလာကို နိုင်ပွဲအပြီးမှာ ၎င်းက ကွင်းဘေးမှာ နေခဲ့ရတဲ့ စိတ်ပျက်စရာအချိန်တွေ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
“ ကျွန်တော် ဒီနေ့လို စွမ်းဆောင်မှုမျိုး လိုအပ်ခဲ့တယ်လို့ ထင်ပါတယ်။ ကစားသမားတိုင်းက ကစားချင်တာကြောင့် အခွင့်အရေးရဖို့က ခက်ခဲခဲ့တယ်။ နည်းပြမှာ သူ့ရဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် ဆက်ပြီး အလုပ်ကြိုးစားခဲ့တယ်။ ဒီနေ့က ကျွန်တော်တို့အတွက် အနိုင်ရတာ ကောင်းပါတယ် ” လို့ လူကာကူက ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဆက်ပြီးလည်း လူကာကူကတော့ သူတို့ဟာ ‘အမဲလိုက်မုဆိုးတွေ’ အဖြစ်နဲ့ နေရတာကို သဘောကျကြောင်းနဲ့ မန်စီးတီး၊ လီဗာပူးလို ပြိုင်ဘက်တွေကို ဖိအားပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။
“ကျွန်တော့်ရဲ့ ခြေစွမ်းကိုလည်း ကျေနပ်မိတယ်။ အခု ကျွန်တော်တို့က အမဲလိုက်မုဆိုးတွေပေါ့။ ပွဲတိုင်းမှာ ကျွန်တော်တို့ အမီလိုက်ဖို့လိုတယ်။ ပွဲတိုင်းကို ဖိုင်နယ်ပွဲလို သဘောထားပြီး ကစားရမှာပါ ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI – လူကာကူဟာ ေအာက္တိုဘာကတည္းက ေျခက်င္းဝတ္ဒဏ္ရာနဲ႔ ကိုဗစ္ေၾကာင့္ အနားယူေနရျပီးေနာက္ ခ်ယ္ဆီးအတြက္ ျပန္လည္ ကစားေပးလာႏုိင္ခ်ိန္မွာ သူ႔ရဲ႕ သက္ေရာက္မႈကို တူခ်ယ္က ေက်နပ္ေနခဲ့ေပမယ့္ သူ႔ကို ပြဲခ်ိန္တစ္ဝက္ပဲ ကစားခြင့္ ေပးႏုိင္ေသးတာက မမွ်တခဲ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
“ လူကာကူက သိပ္ကို အေရးပါတယ္ဆိုတာ သံသယျဖစ္စရာ မရွိပါဘူး။ လူကာကူက အဓိက ကစားသမားတစ္ေယာက္ ျဖစ္ေနမွာပါ။ ကြၽန္ေတာ္တို႔အတြက္ သူ ေနာက္ဆုံး ပြဲထြက္ကစားေပးခဲ့တာက ေအာက္တိုဘာမွာပါ။ သူမရွိလည္း က်ေန္ာတို႔က အသင္းေကာင္းဆိုတာကို သံသယျဖစ္စရာ မရွိပါဘူး။
သူက ကံမေကာင္းစြာပဲ ဒဏ္ရာရခဲ့တာပါ။ သူ ျပန္လာဖို႔ ႐ုန္းကန္ခဲ့ရတဲ့အခ်ိန္မွာ ကိုဗစ္လည္း ကူးစက္ခံခဲ့ရတယ္။ အခု ၄၅ မိနစ္ကစားတာေတာင္ ႀကံ့ခိုင္မႈနဲ႔ ေဆးအဖြဲ႕က အႀကံျပဳထားတဲ့ ကစားခ်ိန္ထက္ ပိုမ်ားေနပါၿပီ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အရဲစြန႔္ၿပီး တိုက္စစ္ကို ပိုအားထည့္လို႔ရတယ္လို႔ ေတြးခဲ့ပါတယ္ ” လို႔ ေျပာျပခဲ့တာျဖစ္တယ္။
ခ်ယ္ဆီးဟာ ဒီရာသီအေစာပိုင္းမွာ ပရီးမီးယားလိဂ္ကို ဦးေဆာင္ခဲ့ေပမယ့္ အခုေတာ့ မန္စီးတီးကို မီဖို႔ ေနာက္ကလိုက္ေနရတာပါ။ ဗီလာကို ႏိုင္ပြဲအၿပီးမွာ ၎က ကြင္းေဘးမွာ ေနခဲ့ရတဲ့ စိတ္ပ်က္စရာအခ်ိန္ေတြ အေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။
“ ကြၽန္ေတာ္ ဒီေန႔လို စြမ္းေဆာင္မႈမ်ိဳး လိုအပ္ခဲ့တယ္လို႔ ထင္ပါတယ္။ ကစားသမားတိုင္းက ကစားခ်င္တာေၾကာင့္ အခြင့္အေရးရဖို႔က ခက္ခဲခဲ့တယ္။ နည္းျပမွာ သူ႔ရဲ႕ အေၾကာင္းျပခ်က္ေတြ ရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ဆက္ၿပီး အလုပ္ႀကိဳးစားခဲ့တယ္။ ဒီေန႔က ကြၽန္ေတာ္တို႔အတြက္ အႏိုင္ရတာ ေကာင္းပါတယ္ ” လို႔ လူကာကူက ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဆက္ျပီးလည္း လူကာကူကေတာ့ သူတို႔ဟာ ‘အမဲလိုက္မုဆိုးေတြ’ အျဖစ္နဲ႔ ေနရတာကို သေဘာက်ေၾကာင္းနဲ႔ မန္စီးတီး၊ လီဗာပူးလို ျပိဳင္ဘက္ေတြကို ဖိအားေပးမယ္လို႔ ေျပာဆိုခဲ့ပါတယ္။
“ကြၽန္ေတာ့္ရဲ႕ ေျခစြမ္းကိုလည္း ေက်နပ္မိတယ္။ အခု ကြၽန္ေတာ္တို႔က အမဲလိုက္မုဆိုးေတြေပါ့။ ပြဲတိုင္းမွာ ကြၽန္ေတာ္တို႔ အမီလိုက္ဖို႔လိုတယ္။ ပြဲတိုင္းကို ဖိုင္နယ္ပြဲလို သေဘာထားၿပီး ကစားရမွာပါ ” လို႔ ဆိုသြားခဲ့ပါတယ္။
