မန်ချက်စတာ ယူနိုက်တက်သို့ ပြန်လာပေမယ့် မပျော်ရွှင် ဖြစ်နေတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ သူ့ကလပ်ဟောင်း ရီးရဲလ်ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ ခံစစ်သမား ပီကေးထံ ချဉ်းကပ် မေးမြန်းထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။
နယူးကာဆယ်အသင်းဟာ ထရစ်ပီယာ အတွက် တရားဝင် ကမ်းလှမ်းမှု တစ်ရပ် အက်သလက်တီကို မက်ဒရစ် အသင်းထံ ပြုလုပ်ရန် ပြင်ဆင်နေပါတယ်။ ထရစ်ပီယာရဲ့ လက်ရှိ စာချုပ်က ၂၀၂၃မှာ ကုန်ဆုံးမှာပါ။
နောဝစ်ချ်မှာ အငှား ထွက် ကစားနေတဲ့ ချယ်ဆီးကွင်းလယ်လေး ဘီလီ ဂေးလ်မားက ထင်သလို အဆင်မပြေဘဲ နောဝစ်ချ် ပရိသတ်တွေရဲ့ လှောင်ပြောင် နှင်ထုတ်မှုပါ ခံနေရပါတယ်။

ဖာကန်ဒို တောရက်စ်ဟာ မွန်တီဗီဒီအိုမှာ ပီနာရိုနဲ့အတူ အထင်ကြီးစရာကောင်းခဲ့တာကြောင့် မေဂျာလိဂ်ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ကစားသမားဘဝ နောက်တဆင့်လှမ်းဖို့ ဖလော်ရီဒါထံ ပြောင်းရွှေ့နိုင်ဖွယ်ရှိပါတယ်။
စတီဖန် ဒီဗရစ်ဟာ စာချုပ်သက်တမ်း နောက်ဆုံး ၁၈ လထဲ ရောက်ရှိလာပြီး စာချုပ်သစ် ဆွေးနွေးမှုတွေ ကြန့်ကြာနေတာနဲ့အတူ နောက်လမှာ သူ့အတွက် ယူရိုသန်း ၂၀ နဲ့အထက် ကမ်းလှမ်းမှုရရင် အင်တာက သူ့ကို ထွက်ခွာခွင့် ပေးသွားမှာ ဖြစ်ပါတယ်။
အင်တာမီလန်ဟာ ကယ်ဟာနိုဂလူနဲ့ အေးဂျင့်တူတဲ့ မတ်သီးယပ် ဂျင်တာကို ၂၀၂၂ နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
ဒင်း ဟန်ဒါဆန်ဟာ ကစားချိန်မရတဲ့အပေါ် စိတ်ပျက်နေခဲ့တဲ့နောက် ယူနိုက်တက်နဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး နည်းပြ ရက်ဖ်ရန်းနစ်နဲ့ စကားပြောချင်နေပါတယ်။

ချယ်ဆီးအသင်းဟာ ဒူးခွဲစိတ်မှုလုပ်ရမှာဖြစ်လို့ လက်ကျန်ရာသီတစ်ခုလုံးကို အနားယူသွားရမယ့် ချီဝဲနေရာမှာ အဲဗာတန် အသင်းမှ ဒစ်ဂ်နီကို ပေါင် ၂၅ သန်းပေးပြီး ခေါ်ယူဖို့ ရေပန်းစားနေပါတယ်။
ကလပ်ဘရူဂါမှာ ကစားနေတဲ့ အက်စ်တွန်ဗီလာ အငှားတိုက်စစ်မှူး ဝက်စလေဟာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တဲ့နောက် ကစားသမား ဘဝကို ပြန်လည် ရှင်သန်စေဖို့ မျှော်လင့်ချက်နဲ့ ဘရာဇီးကို ပြန်သွားမှာဖြစ်ကြောင်း အေးဂျင့်ဖြစ်သူက ပြောပြခဲ့ပါတယ်။
