ယူနိုက်တက်ဟာ ဇန်နဝါရီဈေးကွက်မှာ လူသစ်ခေါ်ယူဖို့ကို ဆုံးဖြတ်ခဲ့ပြီဖြစ်ကာ ၎င်းတို့ ကာလရှည် စောင့်ကြည့်နေတဲ့ အဓိက ပစ်မှတ်နှစ်ဦးထဲက တစ်ဦးကို ကမ်းလှမ်းလို့ရမယ်ဆိုရင် အပြောင်းအရွှေ့ ဖြစ်မြောက်မယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်ခံစစ်နေရာအတွက် ဇန်နဝါရီမှာ ခေါ်ယူမှု လုပ်လိုနေခြင်းလို့ သိရတယ်။ ဒီအတွက်လည်း မာဆေးမှ ကာမာရာနဲ့ ဝုဗ်မှ နီဗက်စ်တို့ကို ကာလရှည် စောင့်ကြည့်ထားပါတယ်။ ရာသီဝက်ကာလမှာတင် သူတို့နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူခွင့်ရမယ်ဆိုရင် ယူနိုက်တက်က ဈေးကွက်ထဲ ဝင်မှာပါ။
အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ ကာမာရာဟာ ဒီနွေမှာ စာချုပ်ကုန်မှာဖြစ်လို့ ဇန်နဝါရီမှာတင် ပြင်သစ်ပြင်ပ ကလပ်တွေဖြင့် စကားပြောလို့ရနေတာဖြစ်တယ်။ ယူနိုက်တက်က သူ့ကို ချိတ်ဆက် စကားပြောမှာဖြစ်ပေမယ့် နယူးကာဆယ်နဲ့ ရိုးမားကလည်း ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်တယ်။
ယူနိုက်တက်ဟာ ဝုဗ်အသင်းနဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိနေတဲ့ ကွင်းလယ်လူ နီဗက်စ်ကိုလည်း ဇန်နဝါရီမှာတင် ခေါ်ယူနိုင်မလားဆိုတာကို စောင့်ကြည့်နေပါသေးတယ်။ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်ကတော့ နွေမှာ ခေါ်ယူမှုကြီးတွေ လုပ်ဖို့ဖြစ်ကာ ကာလရှည် စောင့်ကြည့်ထားတဲ့ ကစားသမားတွေကို ၆ လ ပိုစောပြီး ခေါ်ယူလို့ရမယ်ဆိုရင် ခေါ်ယူထားလိုက်ဖို့ ဖြစ်ပါတယ်။
ယာယီနည်းပြ ရန်းနစ်ဟာ ယူနိုက်တက်မှာ ၄-၂-၂-၂ ကစားကွက်ကို အဓိက ကျင့်သုံးနေပြီး သူ့ရဲ့ နည်းစနစ်ဟာ မှန်ကန်တဲ့ ကစားသမားတွေ မရှိခြင်းနဲ့အတူ မလုပ်မဖြစ်တာမျိုး မြင်နေရတယ်လို့ စကိုင်းစပေါ့မှ ရက်နက်က ထုတ်ပြောထားတယ်။
အထူးသဖြင့် ကွင်းလယ်ခံစစ်နေရာဟာ ယူနိုက်တက်ရဲ့ အားနည်းနေတဲ့ နေရာဖြစ်ပြီး ဒါကြောင့် ဇန်နဝါရီမှာ ကာမာရာနဲ့ နီဗက်စ် နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူနိုင်မယ်ဆိုရင် ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI
ယူႏုိက္တက္ဟာ ဇန္နဝါရီေစ်းကြက္မွာ လူသစ္ေခၚယူဖို႔ကို ဆံုးျဖတ္ခဲ့ျပီျဖစ္ကာ ၄င္းတို႔ ကာလရွည္ ေစာင့္ၾကည့္ေနတဲ့ အဓိက ပစ္မွတ္ႏွစ္ဦးထဲက တစ္ဦးကို ကမ္းလွမ္းလို႔ရမယ္ဆိုရင္ အေျပာင္းအေရႊ႔ ျဖစ္ေျမာက္မယ္လို႔ စကိုင္းစေပါ့က ေဖာ္ျပပါတယ္။
ယူႏုိက္တက္ဟာ ကြင္းလယ္ခံစစ္ေနရာအတြက္ ဇန္နဝါရီမွာ ေခၚယူမႈ လုပ္လိုေနျခင္းလို႔ သိရတယ္။ ဒီအတြက္လည္း မာေဆးမွ ကာမာရာနဲ႔ ဝုဗ္မွ နီဗက္စ္တို႔ကို ကာလရွည္ ေစာင့္ၾကည့္ထားပါတယ္။ ရာသီဝက္ကာလမွာတင္ သူတို႔ႏွစ္ဦးထဲက တစ္ဦးကို ေခၚယူခြင့္ရမယ္ဆိုရင္ ယူႏုိက္တက္က ေစ်းကြက္ထဲ ဝင္မွာပါ။
အသက္ ၂၂ ႏွစ္အရြယ္ ကြင္းလယ္လူ ကာမာရာဟာ ဒီေႏြမွာ စာခ်ဳပ္ကုန္မွာျဖစ္လို႔ ဇန္နဝါရီမွာတင္ ျပင္သစ္ျပင္ပ ကလပ္ေတြျဖင့္ စကားေျပာလို႔ရေနတာျဖစ္တယ္။ ယူနုိက္တက္က သူ႔ကို ခ်ိတ္ဆက္ စကားေျပာမွာျဖစ္ေပမယ့္ နယူးကာဆယ္နဲ႔ ရိုးမားကလည္း ကြင္းလယ္လူကို ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္တယ္။
ယူႏုိက္တက္ဟာ ဝုဗ္အသင္းနဲ႔ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိေနတဲ့ ကြင္းလယ္လူ နီဗက္စ္ကိုလည္း ဇန္နဝါရီမွာတင္ ေခၚယူႏုိင္မလားဆိုတာကို ေစာင့္ၾကည့္ေနပါေသးတယ္။ ယူႏုိက္တက္ရဲ႕ အဓိက ပစ္မွတ္ကေတာ့ ေႏြမွာ ေခၚယူမႈၾကီးေတြ လုပ္ဖို႔ျဖစ္ကာ ကာလရွည္ ေစာင့္ၾကည့္ထားတဲ့ ကစားသမားေတြကို ၆ လ ပိုေစာျပီး ေခၚယူလို႔ရမယ္ဆိုရင္ ေခၚယူထားလိုက္ဖို႔ ျဖစ္ပါတယ္။
ယာယီနည္းျပ ရန္းနစ္ဟာ ယူႏုိက္တက္မွာ ၄-၂-၂-၂ ကစားကြက္ကို အဓိက က်င့္သံုးေနျပီး သူ႔ရဲ႕ နည္းစနစ္ဟာ မွန္ကန္တဲ့ ကစားသမားေတြ မရွိျခင္းနဲ႔အတူ မလုပ္မျဖစ္တာမ်ိဳး ျမင္ေနရတယ္လို႔ စကိုင္းစေပါ့မွ ရက္နက္က ထုတ္ေျပာထားတယ္။
အထူးသျဖင့္ ကြင္းလယ္ခံစစ္ေနရာဟာ ယူႏုိက္တက္ရဲ႕ အားနည္းေနတဲ့ ေနရာျဖစ္ျပီး ဒါေၾကာင့္ ဇန္နဝါရီမွာ ကာမာရာနဲ႔ နီဗက္စ္ ႏွစ္ဦးထဲက တစ္ဦးကို ေခၚယူႏုိင္မယ္ဆိုရင္ ေခၚယူသြားဖို႔ ရွိေနတာ ျဖစ္ပါတယ္။
