ချယ်ဆီးအသင်းဟာ ဘယ်အစွန်လူနေရာအတွက် ကစားသမားသစ် ခေါ်ယူရေး လှုပ်ရှားနေပေမယ့် အဆင်မပြေသေးတာကြောင့် လိုင်ယွန်အသင်းမှ အီမာဆန်ကို ပြန်လည် ခေါ်ယူဖို့လည်း အားထုတ်နေပါတယ်။
ချယ်ဆီး ဘယ်အစွန်လူ ဘမ်ချီဝဲလ်ဟာ သူ့ရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်မှု ခံယူရမှာဖြစ်လို့ ၂၀၂၁-၂၀၂၂ လက်ကျန် ဘောလုံးရာသီ တစ်ခုလုံး ပွဲကစားနိုင်တော့မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လတုန်းက ဂျူဗင်တပ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒူးအရွန် ဒဏ်ရာရခဲ့တဲ့ ချီဝဲလ်ရဲ့ ဒဏ်ရာက ခွဲစိတ်မှု ခံယူရမယ်ဆိုတာ သေချာခဲ့တာကြောင့် ဘယ်အစွန်လူဟာ တစ်ရာသီလုံး အနားယူသွားရတော့မှာ ဖြစ်ပါတယ်။
ရာသီစမှာ အလွန်ဆိုရဲ့ နောက်မှာပဲ ပွဲထွက်နေရပေမယ့် နောက်ပိုင်းမှာ ချီဝဲလ်က အတော်လေး တောက်ပလာပြီး ရိစ်ဂျိမ်းနဲ့ တောင်ပံတစ်ဖက်တွေမှာ စွမ်းဆောင်ရည် ကောင်းခဲ့တာပါ။ ချီဝဲလ်ရဲ့ အခြေအနေကြောင့် တူချယ်ရဲ့ အသင်းဟာ ဇန်နဝါရီ ဈေးကွက်မှာ ဘယ်အစွန်လူသစ် ခေါ်ယူရေးကို အာရုံစိုက်လာဖို့ ရှိနေခဲ့ပါတယ်။
ချယ်ဆီးဟာ အဲဗာတန်မှာ နည်းပြဘင်နီတက်စ်ဖြင့် အဆင်မပြေဖြစ်နေတဲ့ ဘယ်အစွန်လူ ဒစ်နီကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗီလာအသင်းက ဒစ်နီကို ခေါ်ယူရေး အားသာလာနေခဲ့ပြီး ပုဂ္ဂိုလ်ရေး သဘောတူညီမှုရဖို့ နီးစပ်နေခဲ့ပြီဖြစ်တယ်။ ဒစ်နီကိုယ်တိုင်ကလည်း အနာဂတ်မှာ ပုံမှန်ပွဲကစားခွင့်ရနိုင်မယ့် ဗီလာကို ပြောင်းဖို့ကို ပိုအားသန်နေပါတယ်။
ဘယ်အစွန်က အင်အားဖြည့်ကိုဖြည့်ဖို့ လိုနေတာကြောင့် ချယ်ဆီးဘက်က ဈေးကွက်ထဲမှာ ကစားသမားသစ် ရှာဖွေနေသေးပေမယ့် နွေတုန်းက ပြင်သစ်ကလပ် လိုင်ယွန်ထံ အငှားချခဲ့တဲ့ အီမာဆန်ကို ပြန်လည် ခေါ်ယူရေးကို အာရုံစိုက်လာနေတယ်။ ပထမအကြိမ် ချဉ်းကပ်မှုကို လိုင်ယွန်ဘက်က ငြင်းဆန် ပယ်ချထားပါတယ်။
ချယ်ဆီးအသင်းဟာ ဇန်နဝါရီမှာ ဘယ်အစွန်လူတစ်ဦး ခေါ်ယူမှာဖြစ်ပြီး အီမာဆန်ဖြစ်မလား အခြား ဘယ်အစွန်လူသစ်လားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ZAWGYI
ခ်ယ္ဆီးအသင္းဟာ ဘယ္အစြန္လူေနရာအတြက္ ကစားသမားသစ္ ေခၚယူေရး လႈပ္ရွားေနေပမယ့္ အဆင္မေျပေသးတာေၾကာင့္ လိုင္ယြန္အသင္းမွ အီမာဆန္ကို ျပန္လည္ ေခၚယူဖို႔လည္း အားထုတ္ေနပါတယ္။
ခ်ယ္ဆီး ဘယ္အစြန္လူ ဘမ္ခ်ီဝဲလ္ဟာ သူ႔ရဲ႕ ဒူးဒဏ္ရာကို ခြဲစိတ္မႈ ခံယူရမွာျဖစ္လို႔ ၂၀၂၁-၂၀၂၂ လက္က်န္ ေဘာလုံးရာသီ တစ္ခုလုံး ပြဲကစားႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့လတုန္းက ဂ်ဴဗင္တပ္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ဒူးအ႐ြန္ ဒဏ္ရာရခဲ့တဲ့ ခ်ီဝဲလ္ရဲ႕ ဒဏ္ရာက ခြဲစိတ္မႈ ခံယူရမယ္ဆိုတာ ေသခ်ာခဲ့တာေၾကာင့္ ဘယ္အစြန္လူဟာ တစ္ရာသီလုံး အနားယူသြားရေတာ့မွာ ျဖစ္ပါတယ္။
ရာသီစမွာ အလြန္ဆိုရဲ႕ ေနာက္မွာပဲ ပြဲထြက္ေနရေပမယ့္ ေနာက္ပိုင္းမွာ ခ်ီဝဲလ္က အေတာ္ေလး ေတာက္ပလာၿပီး ရိစ္ဂ်ိမ္းနဲ႔ ေတာင္ပံတစ္ဖက္ေတြမွာ စြမ္းေဆာင္ရည္ ေကာင္းခဲ့တာပါ။ ခ်ီဝဲလ္ရဲ႕ အေျခအေနေၾကာင့္ တူခ်ယ္ရဲ႕ အသင္းဟာ ဇန္နဝါရီ ေဈးကြက္မွာ ဘယ္အစြန္လူသစ္ ေခၚယူေရးကို အာ႐ုံစိုက္လာဖို႔ ရွိေနခဲ့ပါတယ္။
ခ်ယ္ဆီးဟာ အဲဗာတန္မွာ နည္းျပဘင္နီတက္စ္ျဖင့္ အဆင္မေျပျဖစ္ေနတဲ့ ဘယ္အစြန္လူ ဒစ္နီကို ေခၚယူဖို႔ ၾကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း ဗီလာအသင္းက ဒစ္နီကို ေခၚယူေရး အားသာလာေနခဲ့ျပီး ပုဂၢိဳလ္ေရး သေဘာတူညီမႈရဖို႔ နီးစပ္ေနခဲ့ျပီျဖစ္တယ္။ ဒစ္နီကိုယ္တုိင္ကလည္း အနာဂတ္မွာ ပံုမွန္ပြဲကစားခြင့္ရႏိုင္မယ့္ ဗီလာကို ေျပာင္းဖို႔ကို ပိုအားသန္ေနပါတယ္။
ဘယ္အစြန္က အင္အားျဖည့္ကိုျဖည့္ဖို႔ လိုေနတာေၾကာင့္ ခ်ယ္ဆီးဘက္က ေစ်းကြက္ထဲမွာ ကစားသမားသစ္ ရွာေဖြေနေသးေပမယ့္ ေႏြတုန္းက ျပင္သစ္ကလပ္ လိုင္ယြန္ထံ အငွားခ်ခဲ့တဲ့ အီမာဆန္ကို ျပန္လည္ ေခၚယူေရးကို အာရံုစိုက္လာေနတယ္။ ပထမအၾကိမ္ ခ်ဥ္းကပ္မႈကို လိုင္ယြန္ဘက္က ျငင္းဆန္ ပယ္ခ်ထားပါတယ္။
ခ်ယ္ဆီးအသင္းဟာ ဇန္နဝါရီမွာ ဘယ္အစြန္လူတစ္ဦး ေခၚယူမွာျဖစ္ျပီး အီမာဆန္ျဖစ္မလား အျခား ဘယ္အစြန္လူသစ္လားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
