ရိုးမားဟာ စပါးကွင်းလယ်လူ အန်ဒွန်ဘီလီကို ခေါ်ယူဖို့ ဂျော်ဒန် ဗီရီတီကို အလိုက်ပေးဖို့ ပြင်ဆင်ထားပေမယ့် တရားဝင် ကမ်းလှမ်းမှုလုပ်ဖို့ အသုံးစရိတ်ရအောင် အရင်ဆုံး တစ်ယောက်၊နှစ်ယောက်လောက် ရောင်းချရဦးမှာပါ။
ဗလင်စီယာအသင်းဟာ ဟာ ရိုးမားကွင်းလယ်လူ ဒီယာာဝါရာကို ဒီလမကုန်ခင် ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။
ဂါရတ် ဘေးနဲ့ ဟာဇက်တို့ဟာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတာကြောင့် လက်ကျန်ရာသီဝက်မှာ သူတို့ကို ကစားခွင့်တွေ ပေးသွားမယ်လို့ နည်းပြ အန်ဆလော့တီက အာမခံခဲ့ပါတယ်။

တိုရီနိုဟာ စာချုပ်သက်တမ်း ၁၈လသာ ကျန်တော့တဲ့ နောက်ခံလူ ကိုဖီဒီဒီအတွက် ပြောင်းရွှေ့ကြေးရချင်တာကြောင့် သူ့ကို ခေါ်ယူဖို့ နယူးကာဆယ် ယူနိုက်တက်ထံ ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် နယူးကာဆယ်ကတော့ သူ့ရဲ့ခံစစ်တွဲဖက် ဘရီမာကို ပိုအလိုရှိနေတာပါ။
စပါးဟာ ဟားလ်စီးတီး တောင်ပံကစားသမား လီဝစ်ပေါ်တာကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲမှာ ပါဝင်လာခဲ့ပါတယ်။
အာရွန် ရမ်ဆေးဟာ နယူးကာဆယ်၊ ဝုဗ်၊ ဘန်လေတို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပြီးဖြစ်တာကြောင့် ခရစ္စတယ်ပဲလေ့စ်ဟာ ဂျူဗင်တပ် ကွင်းလယ်လူကို ခေါ်ယူဖို့ လက်လျှော့လိုက်ပြီ ဖြစ်ပါတယ်။
ဂျူဗင်တပ်ဟာ အာသာကို ထွက်ခွာခွင့်ပေးဖို့ ၁၈လ အငှားနဲ့ အပြီးသတ် ဝယ်ယူခွင့်ကို သတ်မှတ်ထားခဲ့ပေမယ့် အာဆင်နယ်က လက်ရှိရာသီကုန်အထိသာ အငှားခေါ်ယူချင်တာကြောင့် သဘောတူညီမှု မရသေးပါဘူး။

ရီးရဲလ်မက်ဒရစ်ဟာ မိုချင်ဂလာဘက်နဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် နောက်ခံလူ မက်သိုင်းယက်စ် ဂင်တာကို လျှော့ဈေးနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။
ဘာစီလိုနာနဲ့ ချယ်ဆီး အသင်းတို့ အနေနဲ့ ဘယ်အစွန်လူ တက်ဂလီယာဖီကို ကို ဒီလထဲမှာ ခေါ်ယူချင်ရင် ယူရို ၇ သန်း ပေးရမယ်လို့ အေဂျက် က သတိပေးလိုက်ပါတယ်။
ဂန်းနား တိုက်စစ်မှုးဟောင်း သီယာရီ အွန်နရီဟာ ပတ်ကိုဗစ် ထွက်ခွာသွားရင် ဘော်ဒိုးရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရှိနေပါတယ်။
