အက်စတွန်ဗီလာ ကစားသမားဟောင်းကြီး အဘွန်လဟောကတော့ ချယ်ဆီး ကွင်းလယ်သမား ရော့စ် ဘာကလေ ကို အသင်းပြောင်းဖို့ တိုက်တွန်းလိုက်ပြီး အခုလ အပြောင်းအရွှေ့ထဲမှာ လှုပ်ရှားဖို့ပါ အကြံပြုလိုက်ပါတယ်။
နွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာလာမယ့် တောင်ပံတိုက်စစ်သမား ဒမ်ဘီလီ ကို ခေါ်ယူဖို့ ချယ်ဆီးက ပြောဆို ညှိနှိုင်းမှုတွေ စတင်ထားကြောင်း သတင်းထောက် အယ်ဖရက်ဒို မာတီနက်ဇ်က ဖော်ထုတ် ထားပါတယ်။

ဆူလေကို လက်လွှတ်ရဖွယ် ရှိတဲ့ ဘိုင်ယန်မြူးနစ်ဟာ ၎င်းနေရာ အစားထိုးဖို့ အတွက် ချယ်ဆီး ခံစစ်သမား ခရစ္စတန်ဆန် ကို ချိန်ရွယ်နေပါတယ်။ ခရစ္စတန်ဆန်က ချယ်ဆီးနဲ့ သက်တမ်းတိုးဖို့ ငြင်းဆန်ထားပြီး ရာသီကုန်ရင် အလွတ်နဲ့ ထွက်ခွာမှာပါ။
ချယ်ဆီး လူငယ်တိုက်စစ်မှုးလေး ဘရိုဂျာကို ဆောက်သမ်တန် အသင်းက သူတို့ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။
ဘာစီလိုနာရဲ့ စိတ်ဝင်စားမှု ခံနေရတဲ့ ချယ်ဆီး အသင်းခေါင်းေ်ဆာင် ကွီတာဟာ အနာဂတ်ကိစ္စ ဆုံးဖြတ်ဖို့ ချယ်ဆီးနဲ့ နောက်ဆုံး အကြိမ် ပြောဆိုဆွေးနွေးရန် စီစဉ်နေပါတယ်။
လိုင်ယွန်မှာ အငှား ထွက်ကစားနေတဲ့ အီမာဆန်ကတော့ ဒီဆောင်းဈေးကွက်မှာ ချယ်ဆီးအသင်းထံ ပြန်လာဖွယ် မရှိဘူးလို့ သိရပါတယ်။
စပါးနဲ့ ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းက ဇီယက်ရဲ့ အကောင်းဆုံးသော စွမ်းဆောင်ရည်ကို မြင်ခဲ့ရတာပဲ လို့ ဗန်ဒါဘတ်က ဘီဘီစီ အစီအစဉ်မှာ ဝမ်းမြောက်စွာ ချီးကျူးသွားခဲ့ပါတယ်။

Zawgyi
အက္စတြန္ဗီလာ ကစားသမားေဟာင္းၾကီး အဘြန္လေဟာကေတာ့ ခ်ယ္ဆီး ကြင္းလယ္သမား ေရာ့စ္ ဘာကေလ ကို အသင္းေျပာင္းဖို႔ တိုက္တြန္းလိုက္ျပီး အခုလ အေျပာင္းအေရႊ႕ထဲမွာ လႈပ္ရွားဖို႔ပါ အၾကံျပဳလုိက္ပါတယ္။
ေႏြမွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ဘာစီလိုနာအသင္းကေန ထြက္ခြာလာမယ့္ ေတာင္ပံတိုက္စစ္သမား ဒမ္ဘီလီ ကို ေခၚယူဖို႔ ခ်ယ္ဆီးက ေျပာဆို ညွိနိႈင္းမႈေတြ စတင္ထားေၾကာင္း သတင္းေထာက္ အယ္ဖရက္ဒို မာတီနက္ဇ္က ေဖာ္ထုတ္ ထားပါတယ္။
ဆူေလကို လက္လႊတ္ရဖြယ္ ရွိတဲ့ ဘိုင္ယန္ျမဴးနစ္ဟာ ၄င္းေနရာ အစားထိုးဖို႔ အတြက္ ခ်ယ္ဆီး ခံစစ္သမား ခရစၥတန္ဆန္ ကို ခ်ိန္ရြယ္ေနပါတယ္။ ခရစၥတန္ဆန္က ခ်ယ္ဆီးနဲ႕ သက္တမ္းတိုးဖို႔ ျငင္းဆန္ထားျပီး ရာသီကုန္ရင္ အလြတ္နဲ႕ ထြက္ခြာမွာပါ။
ခ်ယ္ဆီး လူငယ္တိုက္စစ္မႈးေလး ဘရိုဂ်ာကို ေဆာက္သမ္တန္ အသင္းက သူတို႔ရဲ႕ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႕ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနေၾကာင္း သတင္းေထာက္ ရိုမန္နိုက ဆိုပါတယ္။
ဘာစီလိုနာရဲ႕ စိတ္ဝင္စားမႈ ခံေနရတဲ့ ခ်ယ္ဆီး အသင္းေခါင္းေ္ဆာင္ ကြီတာဟာ အနာဂတ္ကိစၥ ဆံုးျဖတ္ဖို႔ ခ်ယ္ဆီးနဲ႕ ေနာက္ဆံုး အၾကိမ္ ေျပာဆိုေဆြးေႏြးရန္ စီစဥ္ေနပါတယ္။
လိုင္ယြန္မွာ အငွား ထြက္ကစားေနတဲ့ အီမာဆန္ကေတာ့ ဒီေဆာင္းေစ်းကြက္မွာ ခ်ယ္ဆီးအသင္းထံ ျပန္လာဖြယ္ မရွိဘူးလို႔ သိရပါတယ္။
စပါးနဲ႕ ပြဲမွာ ျပသခဲ့တဲ့ ေျခစြမ္းက ဇီယက္ရဲ႕ အေကာငး္ဆံုးေသာ စြမ္းေဆာင္ရည္ကို ျမင္ခဲ့ရတာပဲ လို႔ ဗန္ဒါဘတ္က ဘီဘီစီ အစီအစဥ္မွာ ဝမ္းေျမာက္စြာ ခ်ီးက်ဴးသြားခဲ့ပါတယ္။
