ပရီးမီးယားလိဂ် ထိပ်သီးတွေ စောင့်ကြည့်နေတဲ့ တိုင်လီမန်းစ်၊ ဗန်ဒီဘိခ် အငှားနဲ့ ယနေ့ အပြောင်းအရွှေ့ သတင်းများ

ဆောက်သမ်တန်အသင်းဟာ အငှားခေါ်ထားတဲ့ ချယ်ဆီး တိုက်စစ်မှုးလေး ဘရိုဂျာ ကို ကလပ် စံချိန်တင်ကြေး ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးကတော့ အသင်း လူငယ် ကစားသမားလေးကို ရောင်းချဖို့ အစီအစဉ် မရှိသေးပါဘူး။

လင်ဂတ်ကို အငှား ခေါ်ဖို့ ကြိုးစားနေတဲ့ နယူးကာဆယ် အသင်းရဲ့ ခြေလှမ်းတွေကလည်း ယူနိုက်တက်ရဲ့ တောင်းဆိုမှုတွေကြောင့် မကြာခင် နောက်ဆုတ်သွားရဖွယ် ရှိနေပါတယ်။ လင်ဂတ်ကို ဝက်စ်ဟမ်းနဲ့ စပါးတို့ကလည်း စိတ်ဝင်စားပေမယ့် လက်လျှော့ထားခဲ့ပြီ ဖြစ်ပါတယ်။

တိုက်စစ်မှုး မိုဆာလာနဲ့ လီဗာပူးအသင်းတို့ရဲ့ စာချုပ်သစ် ညှိနှိုင်းမှုကလည်း အခုထိ ထူးခြားမှု အဆင်ပြေမှု မရသေးဘဲ ရှိနေပါတယ်။ ဆာလာ တောင်းဆိုတဲ့ ပေါင် ၄သိန်း ဝန်းကျင် လုပ်ခကို လီဗာပူးဘက်က တိုးမပေးလိုဘဲ ရှိနေတာပါ။

ပေါ်တို တိုက်စစ်မှုး လူးဝစ် ဒိုင်ယာ့ဇ် ကို စပါးအသင်းက ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းထားတယ် သတင်းတွေ ထွက်ပေါ်နေပြီး ကစားသမားကတော့ လန်ဒန်ကလပ်ထံ ပြောင်းရွှေ့ဖို့ လုံးဝ စိတ်မဝင်စားဘူးလို့ သိရပါတယ်။ ၎င်းကို လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကလည်း ချိတ်ဆက်နေပါတယ်။

အာဆင်နယ်နဲ့ နယူးကာဆယ် အသင်းတို့ဟာ အက်စတွန်ဗီလာ ကွင်းလယ် ကစားသမား ဒေါက်ဂလပ် လူးဝစ်ကို စိတ်ဝင်စား စောင့်ကြည့်နေကြပါတယ်။

တော့တင်ဟမ် စပါးနဲ့ အလီ တို့ရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ ကလပ်အသင်း အနည်းဆုံး ၅ သင်းထိ ရှိနေတယ်လို့ သိရပါတယ်။ နယူးကာဆယ်က အလီကို အငှားနဲ့ ခေါ်နိုင်ဖို့ ရေပန်းစားနေပြီး ၎င်း အပြင် ဘရိုက်တန်၊ ဘန်လေ၊ အဲဗာတန်နဲ့ ဒေါ့မွန် တို့ကလည်း စောင့်ကြည့်နေတာပါ။

လက်စတာ ကွင်းလယ် ကစားသမား တိုင်လီမန်းစ်ကို ခေါ်ယူဖို့ လီဗာပူး၊ အာဆင်နယ်နဲ့ မန်စီးတီးတို့က စောင့်ကြည့်နေကြောင်း သတင်း ထွက်လာပါတယ်။

ခရစ္စတယ်ပဲလေ့စ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဗန်ဒီဘိခ် ကို အငှား ခေါ်ယူဖို့ ကြိုးစားလာပါတယ်။