ဒိုင်ဘားလား လီဗာပူး၊ ဂန်းနား တိုက်စစ် ပစ်မှတ်သစ်၊ လင်ဂတ်အတွက် ဘောနပ်စ်နဲ့ နေ့လည်ခင်း အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်နဲ့ နယူးကာဆယ်အသင်း တို့ဟာ နာပိုလီ တိုက်စစ်မှုး ဗစ်တာ အိုစီမန် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း အီတလီ သတင်းတွေက ဆိုပါတယ်။

အီတလီဘက်က သတင်းတွေအရတော့ လီဗာပူးအသင်းဟာ ရာသီကုန်ရင် ဂျူဗင်တပ်နဲ့ စာချုပ်ကုန် လမ်းခွဲတော့မယ့် ဒိုင်ဘားလားကို ချတ်ဆက် ဆွေးနွေးမှုတွေ ရှိနေကြောင်း သိရပါတယ်။

လေဗာကူဆင်ဟာ စိန့်ပီတာစဘက်က ဆာဒါအက်ဇ်မွန်ကို နွေရာသီမှာ ခေါ်ယူဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ဇင်းနစ်က ဒီလမကုန်ခင်မှာ ထွက်ခွာဖို့ တွန်းအားပေးနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လင်ဂတ်ကို အငှား ခေါ်ချင်နေတဲ့ နယူးကာဆယ် အသင်းထံက ရာသီကုန်လို့ တန်းဆင်းရမယ့် အရေးက လွတ်မြောက်သွားရင် တန်းမဆင်းရတဲ့ ဆုကြေး ဘောနပ်စ် ၁၂ သန်း ထိ တောင်းဆိုတယ် လို့ သိရပါတယ်။ ဒါကြောင့် နယူးကာဆယ်ကနေတော့ နောက်ဆုတ်သွားပြီ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ မိုချင်ဂလက်ဘက် နောက်ခံလူ ဂင်တာကို ဇွန်လမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်တဲ့အခါ လေးနှစ်စာချုပ်ချုပ်ပြီး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဆီဗီလာ အသင်းထံ အငှားနဲ့ ရာသီကုန်ထိ ကစားဖို့ ထွက်ခွာသွားပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မာရှယ်က ပထမဆုံး အင်တာဗျူးမှာတင် ဆီဗီလာမှာ ရေရှည် ကစားသွားချင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အသက် ၃ဝ အရွယ် ဂန်းနား ကွင်းလယ်ဟောင်း ဝီရှိုင်းယားကတော့ သူ့အတွက် ကလပ်အသင်းသစ် ရှာရာမှာ အဓိက အချက်ကတော့ သူ ပျော်ပျော်ရွှင်ရွှင် ဘောလုံး ကစားနိုင်မယ့် နေရာ ဖြစ်ဖို့ပဲ လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ထိုနေရာက အင်္ဂလန် ပြင်ပလည်း ဖြစ်သွားနိုင်တယ်လို့ ၎င်းက ဆိုပါတယ်။

ဘာစီလိုနာနဲ့ အေဂျက်ဟာ တက်ဂလီယာဖီကိုရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးနေဆဲဖြစ်ပြီး ဒီကိစ္စဟာ အင်တာအတွက် အစားထိုးစရာ ကစားသမားသစ် ရမရဆိုတဲ့အပေါ် မူတည်နေပါတယ်။

ဗလာဟိုဗစ် မရနိုင်တော့တာကြောင့် တိုက်စစ်မှုး ပစ်မှတ်သစ် အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ လူကာဂျိုဗစ် ကို အာဆင်နယ်တို့ ချဉ်းကပ်လာပေမယ့် ကစားသမားကတော့ အာဆင်နယ် ပြောင်းဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။

အင်တာမီလန်ဟာ ဘယ်အစွန်နေရာအတွက် လူသစ်ခေါ်ယူဖို့ အလိုရှိနေပြီး လိုက်ပ်ဇစ်ကြယ်ပွင့် အန်ဂျလီနိုကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။