မန်စီးတီးလူငယ် ကစားသမားလေး ဂျိမ်းစ် မက်အတီးကို ခေါ်ယူဖို့ ရိမ်းဂျားစ် အသင်းက မေးမြန်းနေကြောင်း ဒေးလီးမေးလ်က ဖော်ထုတ်ထားပါတယ်။ အသက် ၁၉ နှစ် အရွယ် ကွင်းလယ် လူငယ်လေးကို ဆွမ်ဆီးနဲ့ ကျူပီအာ တို့ကလည်း ချိတ်ဆက်နေတာပါ။
အက်စတွန်ဗီလာ အသင်းဟာ အာဆင်နယ် ခံစစ်သမား ကောလန် ချမ်ဘာစ်ကို ၃ နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဂျူဗင်တပ်နဲ့ ဒီရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ဒိုင်ဘားလားကို လီဗာပူးက ချဉ်းကပ်နေတယ်လို့ သတင်းထွက် နေသလို မန်စီးတီး ကလည်း ပါဝင်လာပြီ ဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာဟာ ပက်ဒရီ၊ အန်ဆူဖာတီတို့လို အကယ်ဒမီထွက် ကစားသမားတွေကို စာချုပ်သစ် ချုပ်ဆိုခဲ့သလို နောက်ထပ် ဆယ်ကျော်သက် ကစားသမားဖြစ်တဲ့ ဂါဗီကိုလည်း ဖေဖော်ဝါရီမှာ စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးချင်နေပါတယ်။
အာဆင်နယ်အသင်းဟာ အမေရိကန် လက်ရွေးစင် ဂိုးသမား မက် တမ်နာကို လာမယ့် နွေမှာ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် ဂိုးသမားဟာ လက်ရှိ ဂိုးသမား ရမ်ဒယ်စ်ကို ပြိုင်ဆိုင်မှာ ဖြစ်ပြီး လီနို ဆက်ရှိနေဖို့က ပိုပြီး မရေရာ ဖြစ်လာပါတယ်။
ရော်နယ် အာရာဟိုဟာ ဘာစီလိုနာမှာ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ယူနိုက်တက်၊ ချယ်ဆီးတို့ထံက စိတ်ဝင်စားမှုကို ရရှိနေပါတယ်။
ဝုဗ်အသင်းဟာ မန်ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ချိတ်ဆက်နေတဲ့ ၎င်းတို့ ကွင်းလယ်သမား ရူဘန် နီဗက်စ် အတွက် တနကြေး ပေါင် သန်း ၄ဝ လို့ ဈေးသတ်မှတ်ပေးလိုက်ပါတယ်။
ဘရန့်ဖို့ဒ်အသင်းဟာ အဲရစ်ဆန်ကို ခေါ်ယူတဲ့ အပြောင်းအရွှေ့ကို ဒီသီတင်းပတ်ကုန်မှာ အပြီးသတ်ဖို့ လုပ်ဆောင် တော့မှာ ဖြစ်ပါတယ်။

ဗလင်စီယာ ကစားသမား ဒန်နီရယ်ဝက်စ်ဟာ အက်သလက်တီကိုထံ ယူရို ၂.၅ သန်းနဲ့ ပြောင်းရွှေ့ဖို့တော့မှာဖြစ်ပြီး ၂၀၂၃ မတိုင်ခင်အထိ စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ ဥက္ကဌ လာပေါ်တာဟာ ဇွန် ၃၀ ကနေစပြီး ကလပ်ရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ အားလုံးအတွက် ဘယ်သူ့ကို တစ်ရာသီ ယူရို ၁၀ သန်းထက် ပိုမပေးပဲ လစာ ကန့်သတ်မှုတွေလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အသက် ၃၆ နှစ် အရွယ် ဗီလာ အစွန်ခံစစ်မှုး အက်ရှ်လေယန်း ကို နယူးကာဆယ်က ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမယ့် ကစားသမားက ငြင်းဆန် ပယ်ချလိုက်ပါတယ်။ ဒါပေမယ့် ယန်းရဲ့ ဗီလာနဲ့ လက်ရှိ စာချုပ်က နွေမှာ ကုန်ဆုံးတော့မှာပါ။
