အငှားထွက်ဖို့ ငြင်းတဲ့ ဖီးဂျုံးစ်၊ လီဗာပူးရဲ့ နောက်ထပ် ခေါ်ယူမှု နဲ့ နေ့လည်ခင်း အပြောင်းအရွှေ့ သတင်းများ

အဲဗာတန် အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံး ပိတ်ရက်မှာ လမ်းပတ်ကို မန်နေဂျာသစ် အဖြစ် ကြေငြာတာနဲ့ ယူနိုက်တက် ကွင်းလယ် ဗန်ဒီဘိခ် ကို ခေါ်ယူတာကို အပြီးသတ်နိုင်ဖို့ လှုပ်ရှားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ ခံစစ်မှုး ဖီးဂျုံးစ် ကို ဘော်ဒိုး အသင်းထံ အငှား ထွက်ကစားစေဖို့ ကလပ်နှစ်သင်း ကြား သဘောတူညီမှု ရခဲ့ပေမယ့် ကစားသမားက ငြင်းဆန် ပယ်ချလိုက်ပါတယ်။

ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီ အသင်းဟာ ဘာစီလိုနာ တောင်ပံတိုက်စစ်သမား ဒမ်ဘီလီ ကို ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ကြားဝင်လာပြီး ကစားသမား ကို တိုက်ရိုက် စည်းရုံးနေကြောင်း သတင်းထွက်လာပါတယ်။

ဂျူဗင်တပ်ဟာ ရိုဒရီဂို ဘန်တန်ကာနေရာအတွက် အစားထိုးဖို့ ကက်ဂလီယာရီ ကွင်းလယ်လူ နာဟီတန် နန်ဒက်ဇ်ကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေပြီ ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာရဲ့ လက်ထောက် ဖြစ်သူ မိုလီနာက အက်သလက်တီကို မက်ဒရစ်မှာ အတူ အလုပ် လုပ်ဖူးတဲ့ တိုက်စစ်မှုး မိုရာတာကို အာဆင်နယ် ပြောင်းလာဖို့ ဖုန်းဆက် စည်းရုံးနေပါတယ်။ မိုရာတာက လက်ရှိ ဂျူဗင်တပ်မှာ အငှား ကစားနေတာပါ။

အဲရစ်ဆန်ဟာ ဘရန့်ဖို့ဒ် အသင်းထံ ရာသီကုန်ထိ ကာလတို စာချုပ်နဲ့ ကစားဖို့ သဘောတူညီမှု ရရှိပြီး ဖြစ်ပြီး မကြာခင် တရားဝင် ကြေငြာတော့မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီယက်စ်ကို ခေါ်ယူပြီးနောက် ဖူလ်ဟမ် အသင်းမှ ကွင်းလယ်တိုက်စစ် လူငယ်လေး ကာဗယ်ဟို ကို ပေါင် ၅ သန်းနဲ့ ကမ်းလှမ်းနေပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ နီးစပ်နေပါတယ်။