ဂျူလီယန် အဲဗာရက်စ်ကို မန်စီးတီး အသင်းထံ ရောင်းချခြင်းက ရေးဗား ပလိတ် အသင်း အတွက် နွေမှာ ကာဗာနီ ကို ခေါ်ဖို့ လမ်းရှင်းထားသလို ဖြစ်ကြောင်း သိရပါတယ်။ အာဂျင်တိုင်းသားတွေက အဲဗာရက်စ် ထွက်ခွာရင် ကာဗာနီရဲ့ လစာကို ပေးချေနိုင်တော့မှာပါ။
ပရီးမီးယားလိဂ် ဝါရင့် နည်းပြဟောင်း ဆမ်အလာဒိုက်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ဟာလန်း ကို ရအောင် မခေါ်ယူခဲ့တာ အတွက် ဝေဖန် ပြစ်တင်လိုက်ပါတယ်။ လက်ရှိမှာတော့ ဟာလန်းက ရီးရဲလ် မက်ဒရစ်ထံ ပြောင်းဖို့ စိတ်အားထက်သန်နေပါတယ်။

ယူနိုက်တက် ခံစစ်မှုး ဖီးဂျုံးစ် ဟာ ရာသီဝက် ဒီ ဆောင်းဈေးကွက်မှာတင် လီဂူးဝမ်းကလပ် ဘော်ဒိုး အသင်းထံ ပြောင်းရွှေ့ သွားဖွယ် ရှိနေပါတယ်။ ဗဟိုခံစစ်မှုး တစ်ဦး ရှာဖွေနေတဲ့ ဘော်ဒိုးက ဂျုံးစ်ကို သဘောကျနေပါတယ်။
ယူနိုက်တက် ခံစစ်မှုး အဲရစ်ဘိုင်လီ ကို ခေါ်ဖို့ အေစီမီလန် အသင်းက ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်နေပေမယ့် ကစားသမားက အိုးထရက်ဖို့ဒ်က ခွာဖို့ စိတ်မဝင်စားဘဲ ဖြစ်နေပါတယ်။
ခရစ္စတယ်ပဲလေ့စ် အသင်းဟာ ဗန်ဒီဘိခ် ကို ခေါ်ယူဖို့ ပြောဆို ဆွေးနွေးနေသလို အဲဗာတန် ကလည်း ဝင်ရောက် ကြိုးစားလာပါတယ်။

လန်ဒန်က ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ယူနိုက်တက်ဟာ ချယ်ဆီးအသင်းကို ကျော်ဖြတ်ပြီး ဘာစီလိုနာ တောင်ပံ ကစားသမား ဒမ်ဘီလီ ကို ခေါ်ယူဖို့ အလားအလာကောင်းနေကြောင်း သိရပါတယ်။
နည်းပြ ရပ်ဖ် ရန်းနစ် သာ ဆက်ရှိနေမယ် ဆိုရင် ယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာက အသင်းမှာ ဆက်နေဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်နေပါတယ်။
