ပါရီဆစ်၊ ဘာပေ ဟာလန်း၊ တိုက်စစ် ထပ်ရှာနေတဲ့ လီဗာပူးနဲ့ ဥရောပတခွင်မှ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ရူဒ်ဗန်နစ္စတယ်ရွိုင်းဟာ ဒီနွေမှာ ပီအက်စ်ဗီနည်းပြသစ် ဖြစ်လာဖို့ အလားအလားကို ငြင်းပယ်ခဲ့ပါတယ်။

ရီကွီ ပူရစ်ဟာ နျူးကမ့်မှာ ကစားချိန်ရဖို့ ရုန်းကန်ခဲ့ရပြီး ဒီနွေမှာ ကမ်းလှမ်းမှုတွေ ထပ်ရလာရင် သူ့ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက် ချရတော့မှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဒေါ့မွန်ထံ ထွက်ခွာတော့မယ့် နစ်ကလပ်ဆူးနေရာမှာ အစားထိုးဖို့အတွက် ချယ်ဆီးကြယ်ပွင့် ရူဒီဂါ၊ မီလန်ရဲ့ စတီဖန် ဒီဗရီနဲ့ မိုချင်ဂလက်ဘက်ရဲ့ မက်သီးယက် ဂင်တာတို့ကို ပစ်မှတ်ထားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဘာစီလိုနာ နောက်ခံလူ အာရာဟိုအတွက် တစ်နှစ်လုပ်ခု ယူရို ၁၀ သန်းတန်တဲ့ စာချုပ်နဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။

နယူးကာဆယ်ဟာ တန်းဆင်းရရ၊ မဆင်းရရ ဒီနွေမှာ ဘုန်းမောက်နောက်ခံလူ လွိုက်ကယ်လီကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပါတယ်။

လီဗာပူးဟာ လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူခဲ့ပြီးဖြစ်ပေမယ့် နောက်ထပ် တိုက်စစ်ဖန်တီးနိုင်စွမ်းတွေအတွက် ဈေးကွက်မှာ ရှာဖွေနေဆဲဖြစ်ပြီး လိဒ်စ်တောင်ပံကစားသမား ရာဖင်ညာကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေရဲ့ အပြောင်းအရွှေ့ကို ဦးစားပေးဆောင်ရွက်နေသလို မန်စီးတီးဟာ ဟာလန်းအတွက် အလားအလာအရှိဆုံး နေရာတစ်ခု ဖြစ်လာပါတယ်။

ဆီဗီးလားနဲ့ ရီးရဲဘက်တစ်တို့ဟာ ရာသီကုန်မှာ လာဇီယိုကနေ အလွတ်ထွက်ခွာနိုင်မယ့် နောက်ခံလူ လူးဝစ်ဖိလစ်ကို ခေါ်ယူဖို့ ပြိုင်ဆိုင်နေပြီး ဆီဗီးလားက သူ့ရဲ့ လစာတောင်းဆိုမှုတွေကိုပေးဖို့ ဆန္ဒရှိနေပါတယ်။

ဂျူဗင်တပ်နဲ့ ဒိုင်ဘားလားတို့ဟာ စာချုပ်သစ် သဘောတူညီမှုရဖို့ မျှော်လင့်နေပြီး ကလပ်ဟာ ကစားသမားရဲ့ လစာနဲ့ အပိုဆုကြေးကို လက်ခံပေမယ့် အေးဂျင့်ရဲ့ ကော်မရှင်ခကို အများကြီး မပေးချင်ဘဲ ဖြစ်နေပါတယ်။

ဆီဘက်ရှန် ဂျီအိုဗင်ကိုဟာ ဆေးစစ်မှုခံယူဖို့ ဆမ်ဒိုးရီးယားကို ရောက်ရှိခဲ့ပြီဖြစ်ပြီး စီးရီးအေကလပ်နဲ့အတူ ရာသီကုန် မတိုင်ခင်အထိ စာချုပ် ချုပ်သွားမှာ ဖြစ်ပါတယ်။

အိုင်ဗင် ပါရီဆစ်ဟာ ဒီနွေမှာ ဖရီးအေးဂျင့် ဖြစ်လာနိုင်ပြီး ပရီးမီးယားလိဂ်မှ စပါးနဲ့ အာဆင်နယ်တို့ရဲ့ အပြိုင်စိတ်ဝင်စားမှုကို ခံနေရကာ ၎င်းက ၂ နှစ် စာချုပ် လိုချင်နေပါတယ်။