လောဘကြီးတဲ့ ဘရူနိုကြောင့် ယူနိုက်တက် တိုက်စစ်မှူးတွေ ဒေါသထွက်ရမယ်လို့ ဟောကိန်းထုတ်မှု

ရက်ဖို့ဒ်တို့လို ယူနိုက်တက် တိုက်စစ်သမားတွေဟာ ကွင်းလယ်က ဘရူနို ဖာနန်ဒက်စ်ရဲ့ လောဘကြောင့် အမျက်ဒေါသထွက်ရမယ့် ကိစ္စတွေ ကြုံလာနိုင်တယ်လို့ ဂျင်မီရက်နက်က ထောက်ပြ သတိပေးလိုက်ပါတယ်။

လီဗာပူး ကွင်းလယ်ဟောင်း ရက်နက်က ယူနိုက်တက်ရဲ့ ပေါ်တူဂီသား ကွင်းလယ်ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ်ကို သဘောကျတဲ့သူ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ စပါးနဲ့ ပွဲမှာ ယူနိုက်တက် အတွက် ပင်နယ်တီမှ တဆင့် ဂိုးသွင်းပေးခဲ့ပါသေးတယ်။

ဖာနန်ဒက်စ်ဟာ နေရာမရွေးကနေ ဂိုးပေါက်ကို လှမ်းကန်ပြီး ခြိမ်းခြောက်နိုင်သူ ဖြစ်လို့ ရက်နက်က အထင်ကြီး သဘောကျပေမယ့် အဲဒီအချက်ကပဲ လောဘကြီးသူ အဖြစ် သတ်မှတ်ခံရပြီး အသင်းဖော်တွေနဲ့ အခက်တွေ့နိုင်တယ်လို့ သုံးသပ် ပြောဆိုလာခဲ့တာပါ။

” ကျနော့် အမြင်တော့ ငယ်ရွယ်ပြီး တက်လမ်း ရှိတဲ့ ကွင်းလယ် လူငယ်ကစားသမားတွေက မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘရူနို ဖာနန်ဒက်စ် ကို လေ့လာ သင့်ပါတယ်။ ဘောလုံးကို သူ အဝေးကနေ ဘယ်လို ကန်သွင်းတာ၊ အခွင့်အရေး ယူ တည်ဆောက်တာတွေက ရပ်တန့်ဖို့ တော်တော် ခက်ခဲပါတယ်။

ဘောလုံးရတာနဲ့ ဖာနန်ဒက်စ်က တွေဝေနှေးကွေး မနေဘူး ဘေးဘီလည်း ကြည့်မနေတော့ဘူး။ သွင်းဂိုး ဘယ်လို ဖန်တီးရမလဲ ဘယ်လို ကန်သွင်းရမလဲပဲ ကြည့်တော့တယ်။ ဒါကလည်း ထရိန်နင်မှာ ထပ်ခါထပ်ခါ လေ့ကျင့်မှုတွေကနေ ပို ကောင်းသည်ထက် ကောင်းလာတာ ဖြစ်မှာပါ။

ဒါကတစ်နေ့မှာတော့ အသင်းဖော် တိုက်စစ်သမားတွေကို ဒေါသထွက်စေနိုင်ပါတယ်။ တခါတလေ မားကပ်ရက်ဖို့ဒ်က သူ့မှာ ဂိုးသွင်းဖို့ ပို ကောင်းတဲ့ အနေအထား ရှိတယ် ပေးသင့်တယ် ပြောဆိုလာနိုင်တယ်။ ဖာနန်ဒက်စ်က လောဘကြီးတယ် စွပ်စွဲခံလာရနိုင်တယ်။ ဒါပေမယ့် ဂိုးတွေသာ သွင်းနေမယ် ဆိုရင် အပြောခံရလည်း တန်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီပြည့် စပို့တင်းမှာ သူ ကစားခဲ့တုန်းက ဆိုရင် ၅၃ ပွဲမှာ ၃၂ ဂိုး သွင်း၊ ၁၈ ဂိုး ထောက်ပံ့မှု ပြုလုပ်ခဲ့တာပါ။ ဒါကပဲ အိုလေ ဂန်းနား ဆိုးရှားက သူ့ဆီက လိုချင်တာလည်း ဖြစ်တယ်။ ယူနိုက်တက်ကလည်း ဒီလို ကိန်းဂဏန်းတွေ အလိုရှိတယ်။ ပေါ့ဘာနဲ့ တွဲဖက် ခြေစွမ်းပြတဲ့ အသီးအပွင့်တွေ လိုချင်နေပါတယ်။ ” လို့ ရက်နက်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

Zawgyi – ရက္ဖို႔ဒ္တို႔လို ယူနိုက္တက္ တိုက္စစ္သမားေတြဟာ ကြင္းလယ္က ဘရူနို ဖာနန္ဒက္စ္ရဲ႕ ေလာဘေၾကာင့္ အမ်က္ေဒါသထြက္ရမယ့္ ကိစၥေတြ ၾကံဳလာနုိင္တယ္လို႔ ဂ်င္မီရက္နက္က ေထာက္ျပ သတိေပးလိုက္ပါတယ္။

လီဗာပူး ကြင္းလယ္ေဟာင္း ရက္နက္က ယူနိုက္တက္ရဲ႕ ေပၚတူဂီသား ကြင္းလယ္ဖန္တီးရွင္ ဘရူနို ဖာနန္ဒက္စ္ကို သေဘာက်တဲ့သူ ျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ စပါးနဲ႕ ပြဲမွာ ယူနုိက္တက္ အတြက္ ပင္နယ္တီမွ တဆင့္ ဂိုးသြင္းေပးခဲ့ပါေသးတယ္။

ဖာနန္ဒက္စ္ဟာ ေနရာမေရြးကေန ဂိုးေပါက္ကို လွမ္းကန္ျပီး ျခိမ္းေျခာက္နုိင္သူ ျဖစ္လို႔ ရက္နက္က အထင္ၾကီး သေဘာက်ေပမယ့္ အဲဒီအခ်က္ကပဲ ေလာဘၾကီးသူ အျဖစ္ သတ္မွတ္ခံရျပီး အသင္းေဖာ္ေတြနဲ႕ အခက္ေတြ႕နုိင္တယ္လို႔ သံုးသပ္ ေျပာဆိုလာခဲ့တာပါ။

” က်ေနာ့္ အျမင္ေတာ့ ငယ္ရြယ္ျပီး တက္လမ္း ရိွတဲ့ ကြင္းလယ္ လူငယ္ကစားသမားေတြက မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ဘရူနို ဖာနန္ဒက္စ္ ကို ေလ့လာ သင့္ပါတယ္။ ေဘာလံုးကို သူ အေ၀းကေန ဘယ္လို ကန္သြင္းတာ၊ အခြင့္အေရး ယူ တည္ေဆာက္တာေတြက ရပ္တန္႔ဖို႔ ေတာ္ေတာ္ ခက္ခဲပါတယ္။

ေဘာလံုးရတာနဲ႕ ဖာနန္ဒက္စ္က ေတြေ၀ေႏွးေကြး မေနဘူး ေဘးဘီလည္း ၾကည့္မေနေတာ့ဘူး။ သြင္းဂိုး ဘယ္လို ဖန္တီးရမလဲ ဘယ္လို ကန္သြင္းရမလဲပဲ ၾကည့္ေတာ့တယ္။ ဒါကလည္း ထရိန္နင္မွာ ထပ္ခါထပ္ခါ ေလ့က်င့္မႈေတြကေန ပို ေကာင္းသည္ထက္ ေကာင္းလာတာ ျဖစ္မွာပါ။

ဒါကတစ္ေန႔မွာေတာ့ အသင္းေဖာ္ တိုက္စစ္သမားေတြကို ေဒါသထြက္ေစနုိင္ပါတယ္။ တခါတေလ မားကပ္ရက္ဖို႕ဒ္က သူ႔မွာ ဂိုးသြင္းဖို႔ ပို ေကာငး္တဲ့ အေနအထား ရွိတယ္ ေပးသင့္တယ္ ေျပာဆိုလာနိုင္တယ္။ ဖာနန္ဒက္စ္က ေလာဘၾကီးတယ္ စြပ္စြဲခံလာရနုိင္တယ္။ ဒါေပမယ့္ ဂိုးေတြသာ သြင္းေနမယ္ ဆိုရင္ အေျပာခံရလည္း တန္ပါတယ္။

ျပီးခဲ့တဲ့ ေဘာလံုးရာသီျပည့္ စပို႔တင္းမွာ သူ ကစားခဲ့တုန္းက ဆုိရင္ ၅၃ ပြဲမွာ ၃၂ ဂိုး သြင္း၊ ၁၈ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ခဲ့တာပါ။ ဒါကပဲ အိုေလ ဂန္းနား ဆိုးရွားက သူ႔ဆီက လိုခ်င္တာလည္း ျဖစ္တယ္။ ယူနုိက္တက္ကလည္း ဒီလို ကိန္းဂဏန္းေတြ အလိုရွိတယ္။ ေပါ့ဘာနဲ႕ တြဲဖက္ ေျခစြမ္းျပတဲ့ အသီးအပြင့္ေတြ လိုခ်င္ေနပါတယ္။ ” လို႔ ရက္နက္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။