ဟာလန်းကို အပီကပ်နေတဲ့ ရီးရဲလ်၊ မန်စီးတီး ရတော့မယ့် ဘရာဇီးသား ၂ဦးနဲ့ အပြောင်းအရွှေ့ သတင်းများ

အဲဗာတန်မှာ အငှား သွား ကစားရင်း ခြေစွမ်းပြနေပြီ ဖြစ်တဲ့ ယူနိုက်တက် ကွင်းလယ်သမား ဗန်ဒီဘိခ်ဟာ မာဆေးဆိုဒ် အခြေစိုက် အသင်းထံ အပြီး ပြောင်းရွှေ့ချင်နေပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဘရာဇီးကလပ် အက်သလက်တီကို မင်နဲရိုး အသင်းနဲ့ အသက် ၁၇ နှစ် အရွယ် ကစားသမား ၂ဦး ဖြစ်တဲ့ ဆာဗင်ဟိုနဲ့ ရန် ဖိလစ်ပီ တို့ကို ခေါ်ယူရန် ပြောဆို ဆွေးနွေးနေပြီး သဘောတူညီမှု ရဖို့ နီးစပ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မွန်ကြယ်ပွင့် တိုက်စစ်မှုး ဟာလန်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး လာမယ့်နွေမှာ ခေါ်ယူနိုင်မယ် လို့ ယုံကြည်ချက် ရှိနေပါတယ်။ ရီးရဲလ်ဟာ ဟာလန်းရဲ့ ဖခင် အပါအဝင် ကိုယ်စားလှယ်၊ အေးဂျင့်တွေနဲ့ပါ ဆွေးနွေးနေတာပါ။

ဘာစီလိုနာအသင်းဟာ လိုက်ပ်ဇစ်မှာ ဘယ်တောင်ပံ ခံစစ်နဲ့ကွင်းလယ် ကစားနိုင်တဲ့ ကစားသမား အိန်ဂျလီနို ကို နွေမှာ ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားလာပါတယ်။

ချယ်ဆီး ခံစစ်မှုး ခရစ္စတန်ဆန် ဟာ ရာသီကုန်မှာ လန်ဒန်ကလပ်နဲ့ စာချုပ် ကုန်ဆုံးပြီ ဖြစ်ပြီး သက်တမ်းတိုး ဖို့ လက်မခံသေးပေမယ့် ၎င်း အနာဂတ် အတွက် ရေရာတဲ့ ဆုံးဖြတ်ချက် မချရသေးပါဘူး။ ၎င်းကို ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာက ချိတ်ဆက်နေပေမယ့် ဒိန်းမတ်သားက လက်မခံသေးဘဲ ရှိနေပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့နွေတုန်းက တော့တင်ဟမ် စပါး တိုက်စစ်မှုး ဟယ်ရီ ကိန်း အတွက် ကမ်းလှမ်းမှု ၄ ကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်း အကုန်ပယ်ချ ခံခဲ့ရသည့်တိုင်း ကိန်း ကို လက်လျှော့သွားခြင်း မရှိဘဲ လာမယ့် နွေမှာ ထပ်မံ ကြိုးစားဖွယ် ရှိနေပါတယ်။

နွေမှာ ချယ်ဆီးနဲ့ စာချုပ် ကုန်ဆုံးပြီ ဖြစ်တဲ့ အသင်းခေါင်းဆောင် ကွီတာကလည်း ဘာစီလိုနာရဲ့ ချိတ်ဆက်မှု ရရှိထားပြီး ဇာတိ စပိန်မြေသို့ ပြန်သွားရန် အလေးအနက် စဉ်းစားနေပါတယ်။

ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီက လာမယ့်နွေမှာ အာဆင်နယ် အစွန်ခံစစ်သမား တီယာနေး ကို ခေါ်ယူဖို့ ပစ်မှတ်ထား လာပါတယ်။