ဟာလန်း ခေါ်ဖို့ အရေးသာနေတဲ့ စီးတီး၊ ယူနိုက်တက် ပစ်မှတ် ပေါင် သန်း ၄ဝနဲ့ အပြောင်းအရွှေ့ သတင်းများ

မန်ချက်စတာ ယူနိုက်တက် နည်းပြ ရန်းနစ်က နောက်ရာသီတွေမှာ မက်ဂွဲရားကို အသင်းခေါင်းဆောင် အဖြစ် ဆက်ထားဖို့ မရေရာကြောင်း ဝန်ခံမှုတော့ ပြုလုပ်ထားခဲ့ပါတယ်။

လိဒ်စ် ယူနိုက်တက်ဟာ အသင်းကြယ်ပွင့် ကစားသမား ရာဖင်ဟာ အတွက် ကမ်းလှမ်းမှုတွေကို ၂၀၂၃ ဇန်နဝါရီထိ တင်းခံ ငြင်းဆန်ထားဖို့ ရည်ရွယ်နေပါတယ်။ ရာဖင်ဟာကို လီဗာပူးက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

မန်စီးတီးအသင်းဟာ နွေမှာ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူဖို့ အားသာချက် ရထားကြောင်း Mirror သတင်းဌာနက ဖော်ပြထားပါတယ်။ ဟာလန်း ဖခင် ဖြစ်သူက မန်စီးတီး ကစားသမားဟောင်း ဖြစ်နေပြီး သူ့သားကို ပရီးမီးယားလိဂ် ချန်ပီယံအသင်းထံ သွားဖို့ တိုက်တွန်းနေတာပါ။

ကလပ် ကမ္ဘာ့ဖလား ပွဲ ကစားပြီး ပြန်လာတဲ့ ချယ်ဆီး အသင်းသားတွေထဲက ၆ ဦးဟာ ရာသီဥတု အပြောင်းအလဲ ကြောင့် ဖျားနာနေကြောင်း နည်းပြ တူချယ်က မနေ့ကပဲလေ့စ်နဲ့ ပွဲအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နာပိုလီမှ စပိန်သား ကွင်းလယ်ကစားသမား ဖာဘီယန် ရုစ်ကို နွေမှာ ခေါ်ယူနိုင်ခြေနဲ့ ပတ်သတ်ပြီး ဆက်သွယ် မေးမြန်းထားကြောင်း သိရပါတယ်။

ယူနိုက်တက် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မရရင် စီ ရော်နယ်ဒိုက အသင်းကနေ ထွက်ခွာခွင့် တောင်းဖွယ် ရှိနေပြီး မန်ချက်စတာ ကလပ်ကလည်း မတားဆီးဘဲ လက်ခံပေးဖို့ ရှိနေကြောင်း သိရပါတယ်။

အီမာဆန်က ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မိခင်ကလပ် ချယ်ဆီးက ပြန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် လိုင်ယွန်မှာပဲ ဆက်နေခဲ့ခြင်းဟာ သူ ဒီမှာ တစ်ရာသီ ကစားမယ် ပြောထားတဲ့ ကတိကို တည်လိုတာကြောင့် ဖြစ်ကြောင်းနဲ့ နောက်ရာသီတော့ မသေချာသေးကြောင်း ဆိုခဲ့ပါတယ်။

မိုနာကိုအသင်းဟာ မန်ချက်စတာ ယူနိုက်တက် လာရောက် ချိတ်ဆက်နေတဲ့ ကွင်းလယ် ကစားသမား Benoit Badiashile အတွက် တန်ကြေး ပေါင် သန်း ၄ဝ လို့ သတ်မှတ်လိုက်ပါတယ်။ အသက် ၂ဝ အရွယ် ကစားသမား ကို ယူနိုက်တက် နည်းပြ ရန်းနစ်က သဘောကျနေပြီး ဝက်စ်ဟမ်းနဲ့ နယူးကာဆယ် တို့ကလည်း စောင့်ကြည့်နေ ပါတယ်။