အေးဂျင့်ရွိုင်းအိုလာနဲ့ ကြိတ်ကြံနေတဲ့ ဘာစီလိုနာ၊ ကန်တေကို ချိတ်မယ့် ပီအက်စ်ဂျီနဲ့ ယနေ့ညပိုင်း သတင်းများ

ဝက်စ်ဟမ်းအသင်းဟာ လူးဝစ်ဒီယက်စ်ကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှု အတော် ခရီးပေါက်ပြီးမှ လီဗာပူးအသင်းနဲ့ အရင် အဆင်ပြေကာ အသင်းပြောင်းသွားခဲ့တာ ဖြစ်ကြောင်း နည်းပြ ဒေးဗစ်မိုယက်စ်က ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ယူနိုက်တက် တိုက်စစ်သမား လင်ဂတ်နဲ့ လိုင်လီ ခံစစ်မှုး ဘော့မန်း တို့ဟာ နယူးကာဆယ် အသင်းထံ အသည်းအသန် ပြောင်းလာချင်ခဲ့ကြကြောင်း ကာဆယ် ဒါရိုက်တာ အာမန်ဒါ က ဖော်ထုတ် ခဲ့ပါတယ်။

တယ်လီဂရပ်ဖ် သတင်းဌာန အဆိုအရ ပီအက်စ်ဂျီ အသင်းဟာ လာမယ့် နွေမှာ ချယ်ဆီး ကွင်းလယ်သမား ကန်တေ ကို ခေါ်ယူဖို့ လှုပ်ရှားလာဖွယ် ရှိကြောင်း သိရပါတယ်။

အက်စတွန်ဗီလာမှာ အငှားကစားရင်း ခြေစွမ်းပြနေပြီ ဖြစ်တဲ့ ကော်တင်ညို က တချိန်က လီဗာပူးကနေ ထွက်ခွာပြီး ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် နောင်တ မရကြောင်း ပြောဆိုခဲ့ပါတယ်။ ကော်တင်ညို က ဘာစီလိုနာမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။

နည်းပြ တူချယ်က လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ဂိုးသမား နေရာက ကီပါနဲ့ မန်ဒီ တို့ နှစ်ယောက်ထဲက ဘယ်သူ့ကို ပွဲထုတ်လာမလဲ မသိသေးဘူးလို့ ဆိုထားပါတယ်။

ဘာစီလိုနာအသင်းဟာ ဒေါ့မွန်ကြယ်ပွင့် ဟာလန်းနဲ့ အေဂျက် အစွန်ခံစစ်သမား Noussair Mazraoui ကို ခေါ်ယူဖို့ အေးဂျင့် ရွိုင်းအိုလာနဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းထွက်လာပါတယ်။

ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်က သူ့ရဲ့ လက်ရှိ ခြေစွမ်းအပေါ် ကိုယ်တိုင်လည်း မကျေနပ် မပျော်ရွှင် ဖြစ်နေကြောင်း နည်းပြ ရန်းနစ်က ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်သားရဲ့ အကောင်းဆုံး ပုံစံတွေ ပြန်ရလာဦးမယ်လို့ ရန်းနစ်က ယုံကြည်နေပါတယ်။