သောမတ်စ်တူချယ်ဟာ ချယ်ဆီးအသင်းနဲ့ အတူ ကာလတိုသာ ရှိသေးပေမယ့် ချန်ပီယံလိဂ်၊ စူပါကပ်နဲ့ ကလပ် ကမ္ဘာ့ဖလား ဆုဖလားတွေကို ယူဆောင်လာခဲ့ပြီး ဖြစ်ပါတယ်။ ချယ်ဆီးအသင်းကို ဆုဖလားတွေနဲ့ ပြန်နီးစပ်လာအောင် တူချယ်က စွမ်းဆောင်ပေးနေပေမယ့် ဂျာမန်သားကြီးရဲ့ နည်းစနစ်မှာ အံမဝင်ဘဲ ရုန်းကန် ကျရှုံးနေကြသူတွေလည်း ရှိနေကြပါတယ်။
တူချယ်ရဲ့ နည်းစနစ်မှာ တစ်ဦးချင်း ရုန်းကန် နေကြသူတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ရိုမီလူ လူကာကူ
လူကာကူ က ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ အပြင် သူ့ရဲ့ ဒုတိယအကြိမ် ချယ်ဆီး ကစးာသမားဘဝဟာ ဝေဖန်မှုတွေ များစွာ ရှိနေပါတယ်။ တူချယ်ရဲ့ လူစာရင်းမှာလည်း ဒုတိယ ဦးစားပေး တိုက်စစ်မှုး အဖြစ်သာ ရှိနေပြီး အသင်း ကစားကွက်မှာ အံမဝင်ဘဲ ရုန်းကန်နေရပါတယ်။

တမ်မီ အေဗရာဟမ်
တူချယ် ခေတ် အစမှာ အရင် ဖြုတ်ချခံရတဲ့ ချယ်ဆီး တိုက်စစ်မှုး ဖြစ်ပြီး အင်္ဂလန်သားဟာ အသင်းမှာ ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်ခဲ့တာတောင် လျစ်လျူရှုခံခဲ့ရတာ ဖြစ်ပါတယ်။ တူချယ်က အေဗရာဟမ် ထက် သူ့ကစားကွက်မှာ ကိုင်ဟာဗက်ဇ် ကို ပိုပြီး လိုလားခဲ့တာဖြစ်ပြီး ဒါကြောင့်လည်း တမ်မီ တစ်ယောက် ချယ်ဆီးကနေ စွန့်ခွာခဲ့တာ ဖြစ်ပါတယ်။
တီမိုဗာနာ

တူချယ် ရောက်မလာခင်ကလည်း တီမိုဗာနာဟာ ချယ်ဆီးမှာ သိပ် နေရာရခဲ့သူ မဟုတ်ဘူးလို့ ငြင်းချင်ကြသူတွေ ရှိမှာပါ။ ဒါပေမယ့် ကိုင်ဟာဗက်ဇ် နေရာ ရလာချိန်မှာတောင် ဗာနာက ပွဲထွက်ထဲ ပါဝင်ရဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ဂျာမန်သားဟာ တဖြည်းဖြည်း ဘောလုံးပေးတဲ့ ကစားဟန်ကို အသားကျလာပေမယ့် ခုလို ပွဲကစားချိန် နည်းပါးနေရင် ချယ်ဆီးကနေ ပြောင်းရွှေ့ဖို့ စဉ်းစားလာဖွယ် ရှိပါတယ်။
ဇီယက်ချ်
ဇီယက်ချ်က တူချယ်ရဲ့ နည်းစနစ်မှာ အသားကျဖို့ ရုန်းကန်နေရသည့်တိုင် အဓိကက ခံစစ် ၅ ယောက်တန်း ကစားဟန်ကို သူ့မှာ အတွေ့အကြုံ မရှိသေးတာကြောင့်လည်း ဖြစ်မယ် လို့ ဖွင့်ဟထားပါတယ်။ ဇီယက်ချ်က ဒဏ်ရာတွေသာ ကင်းနေရင်တော့ ခြေစွမ်းကောင်း ရှိနေပြီး ချယ်ဆီးမှာ အားထားရသူ ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

ဆောလ် နီဂွက်ဇ်
တူချယ်ရဲ့ နည်းစနစ်မှာ အံဝင်ဖို့ ရုန်းနေရသူ နောက်တစ်ယောက်ကတော့ ဆောလ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ချယ်ဆီးနဲ့ ပထမရာသီကတော့ မတည်ငြိမ်နိုင်သေးဘဲ ရှိနေပါတယ်။ ချယ်ဆီးကွင်းလယ်မှာ ၎င်းထက် ကိုဗာဆစ်နဲ့ ကန်တေ တို့က ပိုမို နေရာပေးခံထားရတာပါ။ ဒါပေမယ့် ဆောလ်က ပရီးမီးယားလိဂ် အတွေ့အကြုံတွေ ပိုရလာရင်တော့ အပြီး ခေါ်ယူဖြစ်ရင် ခေါ်ယူမှုကောင်း ဖြစ်ဖွယ် ရှိနေပါတယ်။
