ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ကနေ အလွတ်နဲ့ ထွက်ခွာတော့မယ့် ကစားသမား ၆ ဦး

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးလို့ အလွတ်နဲ့ ထွက်ခွာတော့မယ့် ကစားသမား ၆ ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။ ထိုကစားသမားတွေနဲ့ အလားအလာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁) ပေါ့ဘာ

ဥရောပတလွှားက ကလပ်အသင်းကြီးတွေဟာ ပြင်သစ်သားကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားကတော့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ နည်းပြသစ် ဘယ်သူ ဖြစ်မလဲ ဆိုတာ စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ဖွယ် ရှိပါတယ်။

၂) ဟွမ် မာတာ

မာတာရဲ့ အခြေအနေကတော့ မပြောင်းလဲပါဘူး။ အတွေ့အကြုံရှိ ဝါရင့် ကွင်းလယ်သမားကြီး မာတာက ဒီနွေမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဒီရာသီမှာ မာတာက ပရီးမီးယားလိဂ် တစ်ပွဲမှလည်း မကစားထားရပါဘူး။

၃) ကာဗာနီ

အသက် ၃၄ နှစ် အရွယ် တိုက်စစ်မှုးဟာ ယူနိုက်တက်နဲ့ စာချုပ်သစ် သက်တမ်းတိုးတော့မှာ မဟုတ်ဘဲ ဘိုကာဂျူနီယာ သို့ ပြန်သွားဖို့ ချိတ်ဆက်နေပါတယ်။ ကာဗာနီကို ခေါ်ယူချင်တဲ့ လာလီဂါ ကလပ်တွေလည်း ရှိနေတယ်လို့ သတင်းထွက် နေပါတယ်။

၄) လီဂရန့်

လီဂရန့်ကို အသင်းက လူငယ်တွေ အတွက် ဥပမာကောင်း အဖြစ် ဦးဆောင်နိုင်ဖို့ စာချုပ်သစ် သက်တမ်းတိုးခဲ့ပေမယ့် နောက်တစ်ခါ ထပ် သက်တမ်းတိုးဖွယ် မရှိပါဘူး။ သူက ယူနိုက်တက် ထံ ရောက်လာတည်းက ၂ ကြိမ်သာ ကစားထားခဲ့ပါတယ်။

၅) တာဟစ်ချောင်

အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ဘာမင်ဂမ် စီးတီးမှာ အငှား ကစားနေပြီး ယူနိုက်တက်က နောက် တစ်နှစ် နှစ်နှစ်လောက် သက်တမ်းတိုးနိုင်ခြေတော့ ရှိနေပါတယ်။

၆) ဂျေဆီ လင်ဂတ်

ပေါ့ဘာကလွဲလို့ တခြား ကစားသမားတွေ နည်းတူ အိုးထရက်ဖို့ဒ်ကနေ ခွာဖို့ များနေသူပါ။ လင်ဂတ်ကို အီတလီမှာ အေဗရာမိုဗစ်ချ်နဲ့ ဓာတ်ပုံ တွဲရိုက်ထားတာ တွေ့ခဲ့ရပြီးနောက် အေစီမီလန်က ချိတ်ဆက်မှုတွေ ရှိနေပါတယ်။