ယူရို သန်း ၂ဝ ကျော်တန် ယူနိုက်တက် ပစ်မှတ်၊ နူနက်ဇ်ကို ဦးထားတဲ့ ကာဆယ်နဲ့ အပြောင်းအရွှေ့ သတင်းများ

ပီအကစ်ဂျီအသင်းဟာ နည်းပြ ပိုချက်တီနို နေရာ အစားထိုး ခန့်အပ်ဖို့ ဇီဒန်းကို ချိန်ရွယ်နေပြီ ဖြစ်ပါတယ်။ ပြင်သစ် သတင်းဌာန Le Parisien အဆိုအရ ပီအက်စ်ဂျီက ပိုချက်တီနိုနဲ့ လမ်းခွဲဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ အင်တာမီလန် ကြယ်ပွင့် မာတီနက်ဇ် ကို ခေါ်ယူပြီး တိုက်စစ်ကို အင်အားဖြည့်ဖို့ ကြံရွယ်လာပါတယ်။ အင်တာကလည်း ဒီပေးကိုသာ အလိုက်ပေးမယ် ဆိုရင် မာတီနက်ဇ် တန်ကြေးကို လျှော့ချ ပေးလိုနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရေးဗားပလိတ် ကွင်းလယ် ကစားသမား အန်ဇို ဖာနန်ဒက်စ် ကို ပစ်မှတ်ထား နေကြောင်း ဒေးလီးမေးလ် သတင်းက ဆိုပါတယ်။

အသက် ၂၁ နှစ် အရွယ် ကစားသမားကို စောင့်ကြည့်ဖို့ ယူနိုက်တက် က ကင်းထောက်များ စေလွှတ်ထားပြီး ဖာနန်ဒက်စ်ရဲ့ စာချုပ် ဖျက်သိမ်းကြေးက ပေါင် ၂ဝ.၆ သန်း ရှိပါတယ်။

ဂျူဗင်တပ်အသင်းဟာ ကွင်းလယ်ကို အားဖြည့်ဖို့ အတွက် ထိပ်တန်း ပစ်မှတ်နှစ်ခု သတ်မှတ်ထားပြီး ချယ်ဆီးမှ ဂျော်ဂျင်ဟိုနဲ့ မိုနာကိုမှ ချူဝါမန်နီ တို့ ဖြစ်တယ်လို့ အီတလီ သတင်းဌာနက ဖော်ပြလာပါတယ်။

ဘင်ဖီကာ တိုက်စစ်မှုး ဒါဝင် နူနက်ဇ် ကို နယူးကာဆယ်အသင်းကလည်း ခေါ်ယူလိုနေပြီး ယူရို သန်း ၆ဝ နဲ့ ကမ်းလှမ်းမှုတောင် ပြုလုပ်ထားကြောင်း သတင်းထွက်ပေါ်နေပါတယ်။ နူနက်ဇ် ကို ယူနိုက်တက်နဲ့ အာဆင်နယ် တို့ကလည်း အပြိုင် ချိတ်ဆက်နေတာပါ။

ရီးရဲလ်ဘက်တစ်အသင်းနဲ့ အတူ အစွမ်းပြနေတဲ့ ဖယ်ကီရာကို အက်သလက်တီကို မက်ဒရစ်က လာမယ့် နွေမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

နည်းပြ ရှောင်ဒိုက် ကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ ဘန်လေအသင်းဟာ ပရီးမီးယားလိဂ် ဝါရင့်နည်းပြဟောင်းကြီး ဖြစ်တဲ့ ဆမ်အလာဒိုက် ကို ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။