နည်းပြသစ် အဲရစ်တန်ဟက်ဟာ မန်ချက်စတာ ယူနိုက်တက် ခံစစ်ကို အဆင့်မြှင့်တင်ချင်နေသလို အေဂျက်ရဲ့ လီဆန်ဒရို မာတီနက်ဇ်ကို အသင်းသစ်ထံ ခေါ်ယူသွားဖို့ စဉ်းစားထားပါတယ်။
ဖရန့်ရစ်ဘာရီဟာ အသက် ၃၉ နှစ်ရှိပြီဖြစ်ပေမယ့်လဲ အနားမယူချင်သေးပဲ နောက်ထပ်တစ်ရာသီ ဆက် ကစားချင် နေပါတယ်။ သူနဲ့ ဆာလာနီတာနာရဲ့ စာချုပ်က ဒီနွေမှာ သက်တမ်းကုန်မှာဖြစ်သလို နောက်နှစ်ကို သူ ဘယ်မှာ ကစားမလဲ ဆိုတာ မသိရသေးပါဘူး။
ချယ်ဆီး ပိုင်ရှင်သစ်ဟာ တော့ဒ်ဘိုးလီရဲ့ ကလပ်ဝယ်ယူမှု ပြီးမြောက်တာနဲ့ တပြိုင်နက် ဆီဗီးလားနောက်ခံလူ ကွန်ဒီကို ခေါ်ယူဖို့ အစီစဉ်တွေ ပြုလုပ်နေပါတယ်။
မန်စီးတီးဟာ ဘရိုက်တန်နောက်ခံလူ ကူကာရယ်လာကို ပေါင် သန်း ၃၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ၎င်းဟာ ပရီးမီးယားလိဂ် ကစားသမားတိုင်းထက် ပိုပြီး ဘောလုံးပိုင်ဆိုင်မှု အောင်မြင်ထားသလို စီးတီးရဲ့ ဘယ်နောက်တန်း ပြဿနာကို ဖြေရှင်းပေးနိုင်မယ့်သူလို့ ပက်ဂွာဒီယိုလာက မြင်နေပါတယ်။

ဒယ်လီ အလီဟာ ဇန်နဝါရီမှာ အဲဗာတန်နဲ့ ၂ နှစ်ခွဲစာချုပ်ချုပ်ခဲ့ပေမယ့် ဒီနွေမှာ မာဆေးဆိုဒ်ကနေ ထွက်ခွာချင်နေပြီး အကယ်၍ အပြောင်းအရွှေ့ ဖြစ်ခဲ့ရင် စပါးက ပြောင်းရွှေ့ကြေး ၂၅ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါတယ်။
အက်သလက်တီကို မက်ဒရစ်ဟာ ဖီနာဘာချီ ကွင်းလယ်လူ မီဂွယ် ခရက်စ်ပိုကို ယူရို ၁၅ သန်းဝန်ကျင်ပေးပြီး ခေါ်ယူဖို့ စီစဉ်နေပါတယ်။
နည်းပြ အန်တိုနီယို ကွန်တီဟာ နောက်ရာသီ စပါးအတွက် တိုက်စစ်စွမ်းရည်ကို မြှင့်တင်ဖို့ ရန်းနစ်က တိုက်စစ်မှူး မာတင်တာရီယာကို ခေါ်ယူချင်နေပါတယ်။ ၎င်းဟာ ၂၀၂၁-၂၂ ရာသိ လီဂူးဝမ်း ၃၆ ပွဲမှာ ၂၄ ဂိုး သွင်းယူခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေမှာ လိုင်လီနောက်ခံလူ ဘော့မန်းကို ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ မီလန်နဲ့ အပြိုင်ကြိုးစားနေပါတယ်။
ချယ်ဆီးဟာ ဒီနွေမှာ ဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပြင်သစ်သားနဲ့ အပြောင်းအရွှေ့ကိစ္စဆွေးနွေးမှုတွေ ပြန်လည်လုပ်ဆောင်ချင်နေပါတယ်။ ချယ်ဆီးဟာ သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ရေပန်းစားခဲ့ပေမယ့် လုပ်ပိုင်ခွင့် ကန့်သတ်ခံရမှုတွေကြောင့် ၎င်းအတွက် ကမ်းလှမ်းမှုမလုပ်နိုင်ခဲ့တာပါ။

ဒမ်ဘီလီဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေကြောင်း ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက ပြောကြား ခဲ့ပါတယ်။ ဒါပေမယ့် ကလပ်၊ အသင်းဖော်တွေနဲ့ အဆင်ပြေနေတာကြောင့် ဘာစီလိုနာက သူ့ကို စာချုပ် ပြန်ချုပ်ဖို့ မျှော်လင့် နေပါသေးတယ်။
လက်စတာအသင်းဟာ အဒီမိုလာ လွတ်ခ်မန်းကို ပေါင် ၁၄ သန်းနဲ့ အပြီးသတ် ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ တောင်ပံ ကစားသမားဟာ လိုက်ပ်ဇစ်ကနေ အငှား လာကစားခဲ့တာဖြစ်ပြီး ၁၄ ပွဲမှာ ၈ ဂိုး သွင်းယူခဲ့တာပါ။
လော့စ်အိန်ဂျလိစ်ကလပ်ဟာ ချီရယ်လီနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းမှုကို အတည်ပြုခဲ့ပြီး ဗဟိုနောက်ခံလူဘက်က မီးစိမ်းပြဖို့ စောင့်ဆိုင်းနေပါတယ်။
လာဇီယိုရဲ့ မီလင်ကိုဗစ်ဆာဗစ်ဟာ ချယ်ဆီးအတွက် နွေရာသီ အပြောင်းအရွှေ့ပစ်မှတ်ဖြစ်ပြီး ကလပ်ဟာ သူ့အတွက် ရူဘန်လော့ဖ်တပ်ချိခ်နဲ့ အလဲအလှယ်လုပ်ဖို့ ဆန္ဒရှိနေပါတယ်။
